ချင်းပြည်နယ် ထန်တလန်တွင် ဘုရားကျောင်းကို စစ်ကောင်စီတပ် ထပ်မံမီးရှို့

ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ညနေ ၅နာရီ ၄၀ မိနစ်ခန့်က ယုံကြည်သူများ အသင်းတော်၏ ကျက်သရေ ဆောင်ခန်းမကို စစ်ကောင်စီတပ်မှ မီးရှို့ခဲ့ကြောင်း အသင်းတော်ထံမှ သိရသည်။
”မနေ့က ညနေပိုင်းက မီးလောင်သွားတယ်လို့ သိရတယ်။ ဒါကတော့ တမင်သက်သက် ဘုရားကျောင်းတွေကို လိုက်ပြီးမီးရှို့သလိုဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ အဲ့ဒီဘုရားကျောင်းဘေးမှာ ဘယ်လူနေအိမ်မှမရှိဘူး။ တမင်တကာကို မီးရှို့လိုက်တာ ”ဟု အဆိုပါအသင်းတော်မှ အ သင်းသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့်ရက်ပိုင်း ဇွန်လ ၉ရက် နေ့ကလည်း ထန်တလန်မြို့၏ ကျက်သရေဆောင် ”ထန်တလန်နှစ်ခြင်းဘုရားကျောင်း” ကို မီးရှို့ဖျက်ဆီးခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ထန်တလန်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၁၂ လုံးနှင့် ဘာသာရေးအဆောက်အဦ ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ mizzima