စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် သေနတ်ပစ် ခတ်သံထွက်ပေါ်

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ယနေ့ ဇွန် ၂၃ ရက် ည ၉ နာရီကေော်အချိန်ခန့်တွင် သေနတ်ပစ်ခတ်သံဆက်တိုက်ကြားရကြောင်း ရပ်ကွက်နေပြည်သူသားများက ပြောဆိုသည်။
မင်းဂံရပ်ကွက်ရှိ လမ်းဆုံ၊ လမ်းခွများတွင် စစ်ဆေးမှုများ တင်းကြပ်လျက်ရှိပြီး ည ၉ နာရီ ၁၀ မိနစ်ခန့်က သေနတ်ဖောက်သံ ၄ ချက်လောက် ဆက်တိုက်ကြားလိုက်ရသည်ဟု ရပ်ကွက်နေသူများက ပြောဆိုသည်။
“ခုနကပဲ သေနတ်ပစ်သံ ၃ ချက် ၄ ချက်ကြားလိုက်တယ်။ ဘာလို့ ပစ်တာလဲဆိုတာ ကျနော်တို့လည်း အိမ်ပြင် မထွက်ရဲလို့ မသိဘူး”ဟု လုံခြုံ ရေးအရ အမည်မဖော်လိုသည့် ရပ်ကွက်သားတစ်ဦးကပြောသည်။
စစ်တွေမြို့ထဲရှိ မင်းဂံရပ်ကွက်အပါအဝင် ရပ်ကွက်တစ်ချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကားများဖြင့် ဝင်ရောက်နေရာယူထားကြပြီး လမ်းသွား လမ်းလာများကိုလည်း တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
ယနေ့ ဇွန်လ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး တစ်ဦးနှင့် တပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
တချို့နှင့် လမ်းမများတွင် စစ်ဆေးမှုများ တင်းကြပ်လျက်ရှိသည်။ khit thit