တမူး၊ ရန်လင်းဖိုင်ကျေးရွာကို စစ်တပ်က ဝင်စီးမီးရှို့ဖျက်ဆီးပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်

စစ်ကိုင်းတိုင်း တမူးမြို့နယ် ရန်လင်းဖိုင်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန် ၂၃ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်လိုက်ပြီး ယနေ့ နံနက်ပိုင်းတွင် အလောင်းပြန်လည်ရရှိကြောင်း ဒေသခံများက ပြောဆိုသည်။

“စစ်တပ်မှ မ​နေ့က အိမ်​တွေမီးရှို့ရုံ အားမရဘဲ ဖမ်းထားတဲ့ ရန်လင်းဖိုင် ရွာသား ၂ ​ယောက် နဲ့ ခွန်မွန်းနွန် ရွာသား ၁ ယောက်ကို သတ်ဖြတ်လိုက်ပါတယ်။ ခုပဲ အ​လောင်းသွား​​ကောက်ဖို့ မိသားစု​တွေက စီစဥ်​နေကြတယ်” ဟု ဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာအနီးတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာရာမှ ယမန်နေ့ ရန်လင်းဖိုင်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်း သတ်ဖြတ်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တမူးမြို့ ရန်လင်းဖိုင်​ကျေးရွာနှင့် အနီးတဝိုက်တွင် ဒီရက်ပိုင်းတွင်း စစ်တပ်နဲ့ PDF တိုက်ပွဲတွေ ခပ်စိမ့်စိမ့်ဖြစ်လာခဲ့တယ်။ အရင်တစ်​ခေါက်ကလည်း စစ် တပ်က ဘုရား​ကျောင်းကို အကာကွယ်ယူ တိုက်ခိုက်လို့ အပျက်အစီးများစွာ ဖြစ်ပေါ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေက ​ကြောက်လို့ ထွက်​​ပြေးကြတဲ့ဟာကို အိမ်ကို မီးရှို့ဖြစ်​အောင်ရှို့လိုက်ကြတယ်။ မီးမရှို့လည်း တစ်ချိန်လုံးထွက်​ပြေး ရတာနဲ့တင် အကျပ်အတည်းများစွာ ဖြစ်​ နေကြပြီကို လူစိတ်မရှိ​တော့ စစ်တပ် က နားမလည်ကြဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s