ဗန်းမောက်တွင် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်တပ် တိုက်ပွဲ ဖြစ်ပြီး စစ်သား ၆၁ ဦးသေ ဆုံးကာ သဂြိုလ်မည့်သူမရှိ၍ PDF က သဂြိုလ်ပေးရ၊ ခင်ဦးနှင့် တန့်ဆည်တို့တွင် စစ်ကားနှင့် ပျူစောထီး များ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မင်းကုန်းနှင့် ရွာသာယာအ ကြားတွင် အကြမ်းဖက် စစ်တပ်နှင့် KIA၊ ကသာတပ်ရင်း ၂ (ဗန်းမောက် PDF၊ အင်းတော်PDF) တို့ ဇွန်လ ၂၃ ရက်နေ့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၆၁ ဦး သေဆုံးခဲ့ကြောင်း Banmauk Revolution – BRမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“သေဆုံးမှုတွေနဲ့အတူ လက်နက်တွေ သိမ်းဆည်းမိသလားဆိုတာကိုတော့ လောလောဆယ် ပြောလို့မရသေးပါဘူး။ မနေ့ညက တိုက်ပွဲနှစ်ကြိမ်ဖြစ်တယ် ။ လက်ရှိအချိန်မှာလည်း အချိန်မရွေးထပ်ဖြစ်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ ဆိုင်ထားပါတယ်။ ကျနော်တို့ဘက်ကတော့ အကြီးစားဒဏ်ရာရရှိမှု မရှိပါဘူး” ဟု Banmauk Revolution – BRမှ တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲအသေးစိတ်အခြေအနေများကို ဆက်လက် အသိပေးမည်ဖြစ်ကြောင်း၊ ယမန်နေ့တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထိခိုက်သေဆုံးမှု များပြား ခဲ့သောကြောင့် သေဆုံးစစ်သား ရုပ်အလောင်းများကို ပြန်ကောက် နိုင်ခြင်း မရှိဘဲ တပ်ပျက်ပြီး ထွက်ပြေး သွားသောကြောင့် ကာကွယ်ရေး တပ်ဖွဲ့ များမှ သင်္ဂြိုလ်ပေးလိုက်ရကြောင်း Banmauk Revolution – BRမှ တာဝန် ရှိသူက ပြောသည်။
အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း Barbaric Dragon Guerrilla Forceမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံ ပြောဆိုသည်။
“ခွေးကား၂စီးထိသွားတယ်။ ၁စီးကလမ်းဘေးထိုးဆင်းသွားပြီး၊ပြန်တက်လာ တယ်။ ၁စီးက လဲသွားတယ်။ ဘယ်နှစ် ယောက်သေ၊ ဒဏ်ရာရ တယ်ဆိုတာ စာရင်းအတိအကျ မသိသေးပါ။ ရွှေဘိုဈေးဝယ်သွား တဲ့ဈေးကား တွေရဲ့ သတင်း ပေးပို့ချက်အရ ထိထားတဲ့ ခွေးတွေကို ကတုံးရိတ်၊သက်န်းပတ်ပြီး ကားပေါ် တင်နေတာမြင်ခဲ့တယ် သတင်းပို့ပါတယ်” ဟု Barbaric Dragon Guerrilla Forceမှ တာဝန်ရှိသူကဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ် မူးဂွရွာအတွင်းရှိ ကင်းပုန်းဝပ်နေ သော ပျူစောထီးများကို Guerrilla Warfare K.P.K တပ်ဖွဲ နှင့် ပလဖအဖွဲတို ပူးပေါင်းပြီး ဇွန်လ၂၃ရက် ည၈နာရီခွဲခန့်တွင် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ ပျူစောထီး ၂ဦး သေဆုံးကြောင်း သိရသည်။
ဇွန်လ၂၃ရက်နေ့တွင် တန့်ဆည်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲများနှင့် စစ်ကောင်စီတပ်တို ထိတွေ့တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ရဲဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရှိရသည်။ khit thit