ဘီးလင်းတွင် KNLA ပူးပေါင်းတပ်နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေ ဆုံးမှုများပြား၊ တန့်ဆည်၊ အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ် တပ်နှင့် ပျူစောထီးများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဇွန်လ ၂၂ ရက်နေ့ ညပိုင်း KNLA ပူးပေါင်း တပ်များနှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံး မှုများပြားနိုင်ကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။
“ဖြစ်တာက ဘီလင်းအပိုင်ထဲမှာဖြစ်တာ။ စစ်ကြောင်း က အင်အား ၂၀၀ လောက် ပါတယ်။ အဲဒါ ပြန်ထွက်လာတာက အကောင်းအတိုင်းက ၁၅၀ လောက် ပဲရှိတယ်။ ၅၀ လောက်က ထိခိုက်ဒဏ်ရာရတာ သေတာတွေ ရှိနိုင်တယ်” ဟု PDF သတင်းရင်းမြစ်က ဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အင်္ကုက္ကားကျေးရွာတွင် တပ်စွဲ ထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများကို ယနေ့ ဇွန်လ ၂၃ ရက် နေ့တွင် မွန်းလွဲ ၃ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်း ရင်းမြစ်များထံမှ သိရသည်။
အဆိုပါ အင်္ကုက္ကားကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ရွှေဘို ခရိုင် ဒေသခံကာကွယ်ရေး တပ်ရင်း (၁၆) ၊ တပ်ရင်း (၁၀)၊ ပြည်သူ့ လုံခြုံ ရေးအဖွဲ့(ပလဖ) ၊ ပကဖ၊ KPK၊ TSR၊ Taze Tiger၊ PRLFနှင့် PLA ပူးပေါင်း အဖွဲ့တို့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သားနှင့် ပျူစောထီး ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိနိုင်ကြောင်းသိရသည်။ khit thit