မန္တလေးနှင့် ရန်ကုန်တွင် ဗုံးခွဲ ပစ်ခတ်တိုက် ခိုက်မှုများဖြစ်ပွား၊ သေနတ် တကားကားဖြင့် ပြည်သူကို ခြိမ်းခြောက်နေ၍ အောင်မြေသာစံ ရဲကင်းကို ပစ်ခတ်

မန္တလေးနှင့် ရန်ကုန်တို့တွင် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားကြောင်း ဒေသခံများ နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
ယနေ့ဇွန်လ ၂၃ ရက်နေ့ ည၇နာရီအချိန်တွင် Mother Son Mandalay Force နှင့် M.R.R.F K.C.GF မဟာမိတ်အဖွဲ့များပူးပေါင်း၍အောင်မြေသာစံမြို့နယ် ၁၄ လမ်း ၈၇၊ ၈၈ လမ်းကြားရှိ ကင်းပုန်းရဲကင်းကို သေနတ် ဖြင့်၂ချက်တိတိ ပစ် ခဲ့ကြောင်း၊ ပျောက်ကြား ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်ကို မသိရှိရသေးကြောင်း Mother Son Mandalay Force မှ ဦးစီမှူးဗိုလ်နိုင်က ပြောကြာသည်။
“ဒီကောင်တွေက သေနတ်ကြီးတကားကားနဲ့မို့လို့ ပြည်သူတွေကို ခြိမ်း ခြောက် နေလို့ ကျနော်တို့ သွားပစ်တာပါ။ အထိအခိုက်တော့ မသိရသေးဘူး” ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
အလားတူ မန္တလေးမြို့လယ် ဗောဓိကုန်းဘုရားအနီး အမှတ် ၁၂ မူလတန်း လွန် ကျောင်းရှေ့မှာ မွန်းလွဲ ၂ နာရီခွဲအချိန် ဗုံးပေါက်ကွဲဖြစ်ပွားခဲ့ကြောင်း ၊ လူထိ ခိုက် မှုမရှိဘဲ စျေးရောင်းလှမ်းတစ်ခု ပျက်စီးသွားကြောင်း၊ အဓိက ကင်း လှည့်နေသည့် စစ်ကားကို ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရှိရသည်။
ထို့ပြင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းမြောက်ရပ်ကွက် ရှမ်းကုန်း လမ်းရှိ စစ်ကောင်စီခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး အောင်မြင့်၏နေအိမ်ကို ယနေ့ ဇွန်လ ၂၃ နေ့လည်ပိုင်း၌ ဗုံးဖြင့်ပစ်ခံရကြောင်း၊ သို့သော် ပေါက်ကွဲမှု မရှိဘဲ စစ်တပ်က လာရောက် ရှင်းလင်း ဖောက်ခွဲသွားကြောင်း သိရှိရသည်။
ယနေ့ နေ့လည် ၂နာရီခွဲဝန်းကျင်တွင် ရှမ်းကုန်းလမ်းရှိ အုပ်ချုပ်ရေးမှူး အောင် မြင့် နေအိမ်ကို Brave Eagles (UG) အဖွဲ့မှ လက်လုပ်ဗုံးဖြင့် ပစ် ခတ် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ပစ္စည်းချို့ယွင်းမှုကြောင့် အဆင်မ ပြေဖြစ်ခဲ့ပြီး ဗုံးပေါက်ကွဲခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ khit thit