မိုးကုတ်မြို့တွင် PDF အယောင်ဆောင်ကာ ပြည်သူများထံ စာပို့ခြိမ်းခြောက်ငွေတောင်းနေသူများကို အရေးယူမည်ဟု သတိပေး

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် PDF အယောင်ဆောင်ကာ ဒေသခံပြည်သူများထံစာပို့၍ ခြိမ်းခြောက် ငွေတောင်းနေသူများကို အရေးယူမည်ဟု မိုးကုတ်အခြေစိုက် Red Wolves Of Mogok အဖွဲ့က ဇွန်လ ၂၃ ရက်နေ့တွင် သတိပေးကြေညာထားသည်။
မိုးကုတ်မြို့ခံ PDF အဖွဲ့ မည်မျှရှိသည်ကို ပြည်သူများသိပြီးဖြစ်ကြောင်း၊ မိမိတို့အဖွဲ့သည် ယခုလို စာပစ် ငွေတောင်းမှုများမလုပ်ခဲ့ဖူးဘဲ နောင်တွင်လည်း လုပ်မည်မဟုတ်ကြာင်း ရှင်းတမ်းထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း၊ စာပစ်ခြိမ်းခြောက်ငွေတောင်းသည့်ကိစ္စကို အရေးယူမည်ဖြစ် ကြောင်း Red Wolves Of Mogok အဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ စာထဲတွင် “ မိုးကုတ်မြို့ခံ PDF အဖွဲ့အစည်းက စုပေါင်းပြီးငွေကြေးအလှူခံလိုက်ပါသည်။ မြို့ခံ၊ နယ်ခံ၊ ရှမ်း၊ ပလောင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းပို့သည်” ဟု ထည့်သွင်းရေးသားထား သည်။ ခြိမ်းခြောက်စာအား ဗလာစာရွက်ပေါ်တွင် လက်ရေးဖြင့်ရေးသားထားပြီး စာလုံးပေါင်းသတ်ပုံ အမှားများဖြင့် ရေးသားထားခြင်းဖြစ်သည်။
ထို့အပြင် Wave Money မှ ကျပ်ငါးသိန်းလွှဲပေးရန်၊ စစ်ကောင်စီအပါအဝင် မည်သူ့ကိုမျှ မပြောရန်၊ ငွေမလွှဲခြင်း၊ စစ်တပ်နှင့်ရဲကိုအ ကြောင်းကြားခြင်းများပြုလုပ်ပါက လက်နက်များဖြင့်ပစ်ခတ်ပြီး အသက် အန္တရာယ်ကိုပါ ထိခိုက်စေမည်ဟု ခြိမ်းခြောက်ထားသည်။
“ယခုစာပို့တဲ့သူက PDF တစ်ယောက် တကယ်ဖြစ်နေခဲ့ရင်တောင် ကျနော်တို့မှ အပြစ်ပေးပါတော့မယ်။ ဘာလို့လဲဆို အလှူခံတာမဟုတ်ဘဲ ခြိမ်းခြောက်ငွေတောင်းတာ ဓားပြတိုက်နေတာနဲ့ အတူတူပါပဲ။ ဒါကြောင့် PDF ဖြစ်နေရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းမှ မိမိတို့ထံဆက် သွယ်ပေးပါ။ ပြီးလျှင် ထိုက် သင့်သည့်အပြစ်ဒဏ်ပေးရန်နှင့် PDF မဟုတ်ပါက မိမိတို့မှ ထိရောက်စွာအရေးယူသွားပါ့မယ်။ ပြည်သူ များအနေဖြင့်လည်း ယခုလိုစာများ မိမိတို့အိမ်ရှေ့ရောက်လာခဲ့သည်ရှိသော် အရေးမလုပ်ကြပါနဲ့၊ စာလုံး ပေါင်းအမှားတွေနဲ့ PDF ယောင်ဆောင်ကာ ငွေလိုက်တောင်းတာကို မိဘပြည်သူများအနေဖြင့် ငွေလွှဲ ပေးစရာမလိုပါ” ဟု Red Wolves Of Mogok အဖွဲ့က ပြည်သူသို့အသိပေးသည်။
စာပါဖုန်းနံပါတ်အား ဆက်သွယ်ရာတွင်လည်း ခြိမ်းခြောက်စာအပို့ခံရသည့် အိမ်မှဆက်သွယ်သည် အထင်ဖြင့် ခြိမ်းခြောက်စာများ ဖုန်းမက်ဆေ့ချ်မှ ထပ်မံပေးပို့ပြန်သည်ဟု Red Wolves Of Mogok အဖွဲ့က အသိပေးထားသည်။
ပြီးခဲ့သည့် မေလကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း လုပ်ငန်းရှင်များ၊ ဆိုင်ရှင် များထံသို့ Viber မှတဆင့် PDF အ ယောင်ဆောင်ကာ ခြိမ်းခြောက်ငွေညှစ်မှုများရှိခဲ့ပြီး၊ အဆိုပါ ခြိမ်း ခြောက်ငွေညှစ်သူများသည် ၎င်းတို့တောင်းသည့် ငွေပမာဏမရပါကဗုံးခွဲမည်ဟုလည်း ခြိမ်းခြောက်ခဲ့ သည်။
ထို့ကြောင့် ရှမ်းပြည်နယ်တောင်းပိုင်းရှိ တော်လှန်ရေးအင်အားစုများက ယင်း PDF အမည်ခံ မသမာသူများ ကို စုံစမ်းအရေးယူ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ mizzima