ရန်ကုန် သာကေတ ရေတပ်စခန်းဂိတ်နှင့် ဒေါပုံရှိ ၂ ထပ်တိုက် လုံခြုံရေး ဘန်ကာ တို့ကို ဖောက်ခွဲတိုက်ခိုက်၊ လှိုင်၊ တောင်ကြီး၊ ဖားကန့်တို့တွင်လည်း ဗုံးများပေါက်ကွဲ၊ ပုသိမ်မြို့ရှိ ကြံ့ဖွတ်ရုံး ဗုံးပစ်ခံရ

ရန်ကုန်မြို့ သာကေတ ရေတပ်စခန်းဂိတ်နှင့် ဒေါပုံရှိ စစ်တပ် ၂ ထပ် လုံခြုံရေး ဘန် ကာတို့ ကို God’s Hand Forces (GHF) တပ်ဖွဲ့မှ ယနေ့ ဇွန်လ ၂၄ ရက် နေ့တွင် အောင်မင်္ဂလာ စစ်ဆင်ရေး အဖြစ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း GHF တပ်ဖွဲ့ ထံမှ သိရသည်။

သာကေတမြို့နယ် ရေတပ်ဝန်းဂိတ်ကို GHF တပ်ဖွဲ့က ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင်လည်းကောင်း၊ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက် လမ်းပေါ်တွင် တည် ဆောက်ထားသော ၂ ထပ် ဘန်ကာကို ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ် တွင် လည်းကောင်း ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ် ကြောင်း၊ CDM ဆရာဝန် များကို ဖိနှိပ် နေသော စစ်​​ကောင်စီ၏ လက်ဝေခံ ဌာနများ လူပုဂ္ဂိုလ်များကို လည်း ပြင်း ပြင်းထန်ထန် သတိပေးခြင်းလည်းဖြစ်ကြောင်း GHF တပ်ဖွဲ့က ထုတ်ပြန် ထားသည်။

ရန်ကုန်တိုင်း၊ လှိုင်မြိုနယ် တစ်နေရာတွင် ယနေ့ မွန်းလွဲ ၁ ၂ နာရီု ၀၃ မိနစ် အချိန် ဗုံးပေါက်ကွဲခဲ့ကြောင်း ၊ ဗုံးပေါက်သံ သေချာစွာကြားရပြီးနောက် ရဲကား နှင့် စစ်ကားတချို့ တွေ့မြင်ရကြောင်း ဒေသခံတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို၊ မြိုမဈေးမီးပွိင့်အနီးရှိ ယာဉ်ထိန်းရဲ ကင်းတဲ အရှေ့၌ ယနေ့၊ ညနေ ၃နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ၊ယာဉ်ထိန်းကင်းတဲရှေ့တွင် ယနေ့ ညနေ ၃နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲ ခြင်းဖြစ်ပြီး လူထိခိုက်မှုရှိကြောင်း သိရှိရသည်။

အလားတူ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အခြေခံပညာ အထက် တန်း ကျောင်းတွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ထိခိုက်သူမရှိကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံ ပြောဆိုကြသည်။

အလားတူ ပုသိမ်မြို့ မိန်းလမ်းမကြီးဘေး KBZဘဏ်ခွဲနှင့် မျက်နှာချင်း ဆိုင်တွင် တည် ရှိသော ကြံ့ဖွတ်ရုံးဝင်းအတွင်းကို ဇွန်လ ၂၁ ရက်နေ့ ည နေ ညနေ၇နာရီ ၁၀မိနစ် အချိန်ခန့်တွင် BRA-LDFနှင့် အမည်မဖော်လိုသော မြေအောက် အဖွဲ့ အစည်းတစ်ခုပူပေါင်း၍ လက်လုပ်ဗုံး တစ် လုံးပစ်သွင်း သတိပေး တိုက် ခိုက် ခဲ့ သော်လည်း လက်လက်ဗုံး ချို့ယွင်းပြီး ပေါက်ကွဲမှု မရှိခဲ့ကြောင်း BRA-LDF မှ ဗိုလ်ထက်ဝေ က ရန်ကုန်ခေတ် သစ်သတင်းဌာနထံ ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s