ရေဖြူတွင် မူးယစ်ဆေးရောင်းဝယ်သည့်နေရာအား မြို့နယ်ပကဖနှင့် ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာအုပ်စု၊ မင်းဒပ်ရွာအနီး မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူးနေတဲ့နေရာကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နဲ့ ပူးပေါင်းတပ်ဖွဲ့ ဇင်ယော်တပ်စုတို့က ဇွန် ၂၃ ရက် ညနေ ၃ နာရီလောက်မှာ သွားရောက်ရှင်း လင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သွားရောက်ရှင်းလင်းရာမှာ WY စိတ်ကြွရူးသွပ်ဆေး ၁,၂၀၀ ပြား၊ အိုက်စ် ၁၆ တောင့် အထုပ် ၃ ထုပ်၊ ဟန်းဖုန်း ၇ လုံး၊ ပုဆိန် ၂ လက်နဲ့ ငွေ သား ၉ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြခဲ့ပြီး မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူးနေသူတွေကို ဖမ်းဆီးရမိမှု ရှိမရှိကိုတော့ မဖော်ပြထားပါဘူး။

သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ငွေသားတွေကိုတော့ သူတို့အဖွဲ့တွေရဲ့ လက်နက်ဝယ်ယူရေးမှာ အသုံးချသွားမယ်လို့ သိရပါတယ်။

ရေဖြူမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးတဲ့ ကိစ္စတွေဟာ သိသိသာသာ များပြားလာကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၉ ရက်ကလည်း လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာမှာ မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူးနေတဲ့ လင်မယား ၂ ယောက်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့ကြပါသေးတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s