ရဲနှစ်ဦး ဖမ်းဆီးခံရသည့်ပုံမှာ ပုံအဟောင်းသာဖြစ်

ရဲနှစ်ဦးအား လက်ကိုကြိုးတုတ်ကာ တိုင်တွင်ချည်နှောင်ဖမ်းဆီးထားသည့်ဓာတ်ပုံတစ်ခု ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့က ဖေ့ဘုတ်၌ ပျံ့နှံ့ခဲ့သည်။ အဆိုပါပုံမှာ ၂၀၂၀ ခုနှစ်ကတည်းက ပုံဟောင်းဖြစ်သည်။

အဆိုပါပုံအား အမေ့သားဆိုသည့် အကောင့်ပိုင်ရှင်မှ ထားဝယ်ဒေသဟစ်တိုင်ဆိုသည့် ဖေ့စ်ဘုတ်ဂရုတွင် ဇွန် ၂၃ ရက်နေ့ နံနက် ၉နာရီ ၅၄ မိနစ်ခန့်တွင် စတင်ဖြန့်ဝေခဲ့သည်။ ၎င်း၏ဖြန့်ဝေချက်တွင် “ အာဝု နှစ်ကောင်ကိုတော့ တိုင်မှာ ကြိုးချည်ထားလိုက်ပြီ။ ဘယ်ကလဲမမေးနဲ့။ ဘာလုပ်ရမလဲသာပြောကြပါ”ဟု (မူရင်းသတ်ပုံအတိုင်း) ရေးသားထားသည်။

အဆိုပါပို့စ်အား ကြိုက်နှစ်သက်သူ ၅၀၀ ကျော်ရှိခဲ့သည်။ ယင်းပို့စ်နှင့်ဓာတ်ပုံကိုပင် အခြားဖေ့ဘုတ် ဂရုများဖြစ်သည့် သင့်အတွက်ဂိုက်ဆရာများ ( Guide 4U)၊ မြန်မာ့ဒီမိုကရေစီတိုက်ပွဲ၊ 2021 တပ်မတော် အစိုးရထောက်ခံသူများဆုံစည်းရာ၊ စစ်အာဏာရှင်အလိုမရှိ၊ POLICE MEDIA GROUP၊ ထားဝယ်လူမျိုး များဆုံစည်းရာ၊ ထားဝယ်သူထားဝယ်သားများစည်းလုံးရေး၊ နွေဦးသတင်းစုံ အစရှိသည့် ဖေ့စ်ဘုတ်ဂရု ရှစ်ခုတွင် လိုက်လံဖြန့်ဝေခဲ့သည့်အပြင် ၎င်း၏ဖေ့စ်ဘုတ်အကောင့်တွင်လည်း ထပ်မံဖြန့်ဝေခဲ့သေးသည်။

Burmese Diary ဖေ့ဘုတ်စာမျက်နှာမှ အဆိုပါပို့စ့်ကိုကူးယူဖော်ပြသည့်ပိုစ့်မှာ ကြိုက်နှစ်သက်သူ ၄၀၀ ကျော်နှင့် ပြန်လည်မျှဝေသူ ၁၅၀ နီးပါးရှိနေပြီ ဖြစ်သည်။

ထိုသို့ ထပ်မံဖြန့်ဝေခဲ့သည့် အမေ့သားအမည်ရှိဖေ့စ်ဘုတ်အကောင့်သည် စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်နေသည့်အကောင့်တစ်ခုဖြစ်ပြီး စစ်ကောင်စီနှင့်ပတ်သက်သည်များကို ဝေဖန်ရေးသားထား သည်များကိုလည်း တွေ့ရသည်။ ထိုအကောင့်တွင် မည်သူမည်ဝါ တိတိကျကျဖော်ပြထားသည့် အချက် အလက်များ ဓါတ်ပုံများမရှိပေ။

သတင်းတု၏ ရေးသားထားချက်တွင် မည်သည့်အချိန်၊ မည်သည့်နေရာကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ Google Image Search ဖြင့် အဆိုပါပုံ၏ရာဇဝင်ကို စစ်ဆေး ခဲ့ရာ ၂၀၂၀ ခုနှစ် ဇွန် ၁၅ ရက်နေ့တွင် တရုတ်ဝက်ဘ်ဆိုဒ်တစ်ခု၌ ဖြန့်ဝေထားခဲ့သည့် ပုံသတင်းဖြစ်နေ သည်ကို တွေ့ရသည်။

တရုတ်ဘာသာဖြင့်ရေးသားထားသည့်စာများအား Google Translate တွင် ဘာသာပြန်ကြည့်ရာ ၂၀၂၀ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က မိုးကုတ်မြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လက်နက်ကိုင်အဖွဲ့က ရဲနှစ်ဦးအားဖမ်းဆီးခဲ့သည့်သတင်းဖြစ်သည်။

ယခုလင့်တွင် https://3g.163.com/dy/article/FF64AE7T0515M9K0.html ဝင်ရောက်ကြည့်ရှုနိုင် သည်။

DVB သတင်းဌာနနှင့် Eleven သတင်းဌာနများမှ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သည့် သတင်းအား ၂၀၂၀ ခုနှစ် ဇွန် ၁၄ ရက်နေ့က ဖော်ပြထား သည်ကိုတွေ့ရသည်။

ဖော်ပြပါ https://www.youtube.com/watch?v=5Rv1QuOr9L8 နှင့် https://news-eleven.com/article/178435 လင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။

ထို့အပြင် အဆိုပါဓာတ်ပုံသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနှင့်မေလတို့ကလည်း သတင်းအမှား အနေဖြင့်ပျံ့နှံ့ခဲ့ဖူးပြီး Fact Crescendo Myanmar ဆိုသည့် အချက်အလက်စစ်ဆေးသည့်အဖွဲ့က သတင်းအမှားနှင့်ပုံအဟောင်းသာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သေးသည်။

ယခုလင့်တွင် https://myanmar.factcrescendo.com/misleading-claim-on…/… တွင်ကြည့်ရှုနိုင်သည်။

ထို့ကြောင့် အဆိုပါ ရဲနှစ်ဦးဖမ်းဆီးခံရသည့် ပုံမှာ ၂၀၂၀ ခုနှစ်မှ ပုံအဟောင်းကို ပြန်လည်ဖြန့်ဝေနေသည့် မှားယွင်းသည့်အကြောင်းအရာတစ်ခုသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s