အောင်မင်္ဂလာ စစ်ဆင်ရေးအဖြစ် သာကေတရေတပ်ဝန်းနှင့် ဒေါပုံမြို့နယ်တို့တွင် ဖောက်ခွဲမှုပြုလုပ်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းပေါ်ရှိ ရေတပ်ဝန်းဂိတ်နှင့် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်ရှိ အသစ်ဆောက်လုပ်ထားသော စစ်ကောင်စီ နှစ်ထပ်ဘန်ကာတို့အား ဇွန်လ၂၄ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် God Hand Force အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ထိခိုက်မှု မရှိဘူးကြားပါတယ်၊မြေပြင်ကို အတည်ပြုနေတုန်းပါ၊ ထိခိုက်မှုတို့ ပျက်စီးမှုကို”ဟု God Hand Force အဖွဲ့တာဝန်ရှိသူက ပြော သည်။
ယခုစစ်ဆင်ရေးကို အောင်မင်္ဂလာစစ်ဆင်ရေးဟု နာမည်ပေးထားပြီး အဖမ်းဆီးခံရဲဘော်များအား သတိရဂုဏ်ပြုသောအားဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အောင်မင်္ဂလာ စစ်ဆင်ရေးက အဖမ်းဆီးခံရဲဘော်တွေကို သတိရဂုဏ်ပြုတာပါ၊ အောင်မင်္ဂလာဆိုတဲ့ အမည်မှာ အမှတ်တရတွေ ရှိလို့ပါ တ ခြားတော့ ရည်ရွယ်ချက်မရှိပါဘူး”ဟု ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။ mizzima