ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၏ ယာဉ်လမ်း ကြောင်းကို ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း SYM UG အဖွဲ့မှ ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အာဏာသိမ်း ဒုတိယ စစ်ခေါင်းဆောင်၏ ယာဉ်လမ်းကြောင်းကို ယနေ့ ဇွန်လ၂၄ရက်နေ့၊ နေ့ လယ် ၁ နာရီ ၂၅ မိနစ်အချိန်က မိုင်းဖောက်ခွဲခဲ့ကြောင်း SYM UG အဖွဲ့က သတင်းထုတ်ပြန်သည်။

SYM UG အဖွဲ့က ဖောက်ခွဲခဲ့သောမိုင်းမှာ တောင်ကြီးမြို့မီးပွိုင့်တွင် ပေါက်ကွဲပြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း၏ ယာဉ်လမ်းကြောင်းကို ဖောက်ခွဲရန် ရည်ရွယ်ခဲ့သော်လည်း စက္ကန့်အနည်းငယ်စော၍ ဖောက်ခွဲခဲ့ခြင်းဖြစ်‌ကြောင်း ဆိုထားသည်။

”အခြေအနေအကြောင်းကြောင်းကြောင့် ဒုတိယစစ်ခေါင်းဆောင်ရဲ့လမ်းကြောင်းထက် စောပြီးဖောက်ခွဲလိုက်ရတာပါ။ အဲ့လိုဖောက်ခွဲလိုက်ရတဲ့အတွက် မိဘပြည်သူတွေကို အားနာပါတယ်။ ဒီလိုစောပြီး ဖောက်ခွဲလိုက်ရတာဟာ အကြောင်းအရာများစွာရှိနေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ သိရှိနားလည်ခွင့်လွှတ်ပေးစေလိုပါတယ် ” ဟု SYM UG အဖွဲ့မှ ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုစာရင်းကို စုံစမ်းလျက်ရှိကြောင်း၊ ထိခိုက်မှုစာရင်းကို စုံစမ်းရရှိလျှင် ပြန်လည်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း SYM UG အဖွဲ့က ဆိုထားသည်။

တောင်ကြီးမြို့အဝေရာမီးပုံးပျံကွင်းတွင် ဇွန်လ ၂၆ ရက်နေ့၌ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲရှိရာ အဆိုပါပွဲသို့ အာဏာသိမ်းစစ်တပ်ဘက်မှ အ ကြီးအကဲတစ်ဦး လာရောက်မည့်သတင်း ကြားသိရကာ ဗိုလ်ချုပ်အောင်ဆန်းလမ်း (မိန်းလမ်း) ပေါ်တွင် ရောင်းချနေသည့် ပျံကျဈေးသည်များအား စည်ပင်သာယာရေးဌာနမှ ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့က စတင်ပြီး ဇွန်လ ၂၈ ရက်အထိ စုစုပေါင်း ခြောက်ရက် ဖယ်ရှား ပိတ်သိမ်းခိုင်းထားကြောင်းလည်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s