ပွင့်ဖြူအနီး ကျေးရွာများ ခြိမ်းခြောက် စစ် ဆေးခံနေရ

မကွေးတိုင်း၊ ပွင့်ဖြူ PDF ၁၂ ဦးကျဆုံးခဲ့ရသည့် မဲဇလီတံတား တိုက်ပွဲဖြစ်စဉ်နှင့် ဆက်စပ်ပြီး ကံမမြို့နယ်ထဲက ကျေးရွာအချို့ကို စစ်ကောင်စီက ခြိမ်းခြောက်စစ်ဆေးမှုများ လုပ်နေသည့်အတွက် ဒေသခံများက စိုးရိမ်နေကြ သည်။
စစ်ကောင်စီက ကျေးရွာအချို့မှာ ဇွန်လ ၂၃ ရက်နေ့ နံနက်က စတင်ပြီး ခြိမ်းခြောက် စစ်ဆေးမှုများ လုပ်ဆောင် နေခြင်း ဖြစ်သည်။
”ဖမ်းမိတဲ့သူကို နှိပ်စက်ပြီး စစ်မေးလို့လား ဒါမှမဟုတ် သတင်းတွေက ဖော်ပြတဲ့အတိုင်း သရက်ကံမ ဆိုလို့ မသင်္ကာတဲ့ ရွာတွေကို လာစစ် ဆေးတာလားတော့ မသိဘူး” ဟု အသက် ၃၀ နှစ် အရွယ် ရွာသားတစ်ဦး က ပြောသည်။
ပွင့်ဖြူ ဖြစ်စဉ်တွင် ကျဆုံးသူများသည် သရက်-ကံမ ပူးပေါင်း PDF အဖွဲ့ဝင်များဖြစ်သည်ဟု သတင်း ဌာနများ တွင် သတင်းများ ပါလာပြီးနောက် ယခုကဲ့သို့ ကံမမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်အင်အား၊ လက်နက် အင်အား အပြည့်ဖြင့် လာရောက်ပြီး ဆက်စပ်ပတ်သက်သူများ ကိုရှာဖွေခြင်းဖြစ်သည်ဟု သိရသည်။
ဇွန်လ ၂၃ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် ကံမ-မကျင်း ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားနှင့် ရောက်ရှိလာပြီး ကားကို တောမကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ ညီမအိမ်မှာထားခဲ့ကြောင်း၊ အရပ်ဝတ် လက် နက်ကိုင် စစ်သားသုံးလေးယောက်ခန့်ကို အစောင့်ချန်ထားပြီး အင်းကြီးကုန်းကျေးရွာ ဘက်ကို စစ်သား ၈ ဦး က လှေနှင့်ကူးသွားသည်ဟု သိရသည်။
”အခု တောမကျင်းကို မိုးမွှန်အောင်ဆဲနေ စစ်နေတယ်။ အစည်းအဝေးခေါ်ပြီး ဘယ်သူမှ အပြင်မထွက်ရဘူး။ တစ်ယောက်ချင်း စစ်မယ်။ ဒီရွာကလူပဲဆိုပြီး ပြောနေတယ်တဲ့။ ပြေးရင်ပိုဆိုးမယ်လို့လည်း ပြောတယ်ကြား တယ်” ဟု ကံမ ဒေသခံတစ်ဦး က ပြောသည်။
ယခုအချိန်သည် နှမ်းပေါင်းထိုးချိန်နှင့် စပါးစိုက်ချိန်တောင်သူများ အလုပ်များနေချိန် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က လာရောက်စစ်ဆေးနေမှုကြောင့် အလုပ်အကိုင်ပျက်ကြရသည်ဟု တောင်သူများ က ငြီးတွား ပြောဆိုသည်။
“ဘာအပြစ်မှမရှိဘဲ ဘာမှမလုပ်တဲ့ သူတွေအပေါ် အသားလွတ် မောက်မာရိုင်းစိုင်းနေကြတဲ့ အတွက် စိတ်မချမ်း သာကြရဘူး ဖြစ်နေတယ်” ဟု တောင်သူ တစ်ဦး က ပြောသည်။
ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်က လက်နက်အပြည်အစုံနှင့် အင်အား ၂၀ ခန့်ပါ သရက် PDF တပ်ဖွဲ့ ဝင် များ စီလားသည့် ကားကို မဲ ဇ လီတံတားထိပ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံခြင့် ဆီးကြို တိုက်ခိုက်ခဲ့ဖြစ်သည်ဟု ဒေသခံအချို့က ပြော သည်။
ပုသိမ်-မုံရွာလမ်းမကြီးပေါ်ရှိ မဲဇလီတံတားထိပ်တွင် သရက်ကံမ PDF တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ တိုက်ပွဲတွင် PDF ၁၂ ဦး ကျဆုံးပြီး သုံးဦး ဒဏ် ရာများနှင့် အဖမ်းခံလိုက်ရသည်ဟု သိရသည်။ အဆိုပါ တိုက်ပွဲတွင် PDF အဖွဲ့က ကာကွယ်ရေးတပ်သား ခြောက်ဦးက လက်နက်များနှင့်အတူ လွတ်မြောက်လာခဲ့ပြီးနောက် ကားမှာ မီးလောင်ပျက်စီးခဲ့ ရသည်ဟု သိရသည်။ mizzima