မြိုင်မြို့နယ်၊ သရက်ကန်နယ်မြေရဲစခန်းကို PDF ဝင်တိုက်၊ စစ်တပ်အထိနာ၍ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ နယ်မြေရဲစခန်းကို PDF တပ် ပေါင်းစုက ယနေ့ နံနက်အစောပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ပြီး စစ်ကောင်စီ ဘက်မှ အထိနာသဖြင့် စစ်တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ် ကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့နံနက် ၃ နာရီအချိန် က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ နယ် နှင့် မြိုင်မြို့နယ်အကြားရှိ သရက်ကန်ရဲစခန်းကို PDF ပူး ပေါင်း တပ် များက ဝင်ရောက်တိုက်ခဲ့ကြောင်း၊ သရက်ကန်ရဲစခန်းတွင် စစ်ကောင်စီ အင်အား ၂၀၀ ခန့်တပ်စွဲထားပြီး ဒေသခံ PDF များနှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ဖူး ကြောင်း၊ ယခု ဒုတိယအကြိမ်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ပခုက္ကူ သတင်း ရင်းမြစ်က သတင်းဖော်ပြထားသည်။

“ဒီနေ့ မနက် ၃နာရီခွဲအချိန်လောက်ကစပြီး သရက်ကန် စခန်းကို ပစ်ခတ်တာပါ။ အခုအချိန်အထိ ပစ်ခတ်နေဆဲပါပဲ။ အပြန်အလှန်ပစ်ချိန်က ၁ နာရီ လောက် ရှိမယ်လို့ ခန့်မှန်းရတယ်။ စစ်တပ်ဘက်က စက်လက်တွေရော လက်နက် ကြီးရော ပြန်ပစ်တာ။ မနက် ၁၀ နာရီလောက်မှာ ရဟတ်ယာဉ်နဲ့ လာပစ်တယ်။ မိနစ် ၃၀ ကျော်လောက် ကြာတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိအချိန်အထိ နှစ်ဖက် အထိအခိုက်အခြေအနေကို မသိရှိရသေးဘဲ PDF ဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s