NUG ကဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) နှင့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကို ထုတ်ဝေဟု အမိန့်​ကြေ ညာချက်ထုတ်ပြန်

အမျိုးသားညီညွတ်​ရေးအစိုးရ NUG က ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) နှင့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကို ထုတ်ဝေဟု အမိန့်​ကြေညာချက်ထုတ်ပြန်သည်။

NUG အစိုးရ၏ ​ကြေညာချက်အပြည့်အစုံမှာ ​​အောက်ပါ အတိုင်းဖြစ်သည်။

၁။ အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ငွေကြေးစီးဆင်းမှုစနစ်များအပေါ် မှီခိုနေရမှုကို အဆုံးသတ်ရန်၊ စစ်အာဏာ ရှင်စနစ်အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် သီးခြား လွတ်လပ်၍ လုံခြုံစိတ်ချရသော ငွေကြေးလည်ပတ်မှုယန္တရားတစ်ခုကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် မြန်မာကျပ်ငွေနှင့်တူညီစွာ တန်ဖိုးရှိသော ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထုတ်ဝေလိုက်သည်။

၂။ ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat)နှင့် တွဲဖက်အသုံးပြုရမည့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တစ်ပါ တည်း ထုတ်ဝေလိုက်သည်။

၃။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၊ အစိတ်အပိုင်း(၂)၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ အခန်း(၄)၊ ပုဒ်မ (၂၅)၊ ပုဒ်မခွဲ(ခ) အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s