စစ်ကိုင်းတိုင်းကို ငွေကျပ်သိန်းပေါင်း ၁၅,၀၀၀ ပံ့ပိုးမည့် ‘မမများနဲ့ ပွဲကမယ်’ အစီအစဉ်အ တွက် ပြည်သူများ ဝိုင်းဝန်းအားဖြည့်ပေးကြရန် နှိုးဆော်

ရက် ၃၀ အတွင်း ငွေကျပ် သိန်းပေါင်း ၁၅,၀၀၀ ရှာဖွေပြီး စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအဖွဲ့များထံ ကူညီပံ့ပိုးသွားမည့် ‘မမများနဲ့ ပွဲကမယ်’ အစီအစဉ်အတွက် ပြည်သူများ ဝိုင်းဝန်းအားဖြည့်ပေးကြရန် ရန်ပုံငွေရှာဖွေရေးအဖွဲ့က နှိုးဆော်လိုက်သည်။

မမများနဲ့ ပွဲကမယ် အစီအစဉ် ပထမအဖြစ် ကရင်နီပြည်နယ်အတွက် ငွေကျပ် သိန်း ၅,၀၀၀ ရန်ပုံငွေရှာဖွေခဲ့ပြီး ၂၁ ရက်အတွင်း ငွေကျပ် သိန်း ၅,၈၆၀ ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ထံ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ယခု စစ်ကိုင်းတိုင်းအတွက် ရန်ပုံငွေစုစုပေါင်း သိန်း ၃၀,၀၀၀ ရှာဖွေမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ရက်ပေါင်း ၃၀ အတွင်း သိန်း ၁၅,၀၀၀ ရရှိရန် မျှော်လင့်ထားကြသည်။

“ဘာလို့ သိန်း (၁၅၀၀၀) လို့ခေါင်းစဉ်တပ်လဲလို့မေးရင် ပြည်သူကိုလဲ မမတို့ ငဲ့ပါတယ်။ ဒါကြောင့် Project ကို Phase (1) and Phase (2) ခွဲပြီး တဖြတ်စီကောက်ခံပေးမှာဖြစ်ပါတယ်။ ဒီတော်လှန်ရေးကို နိုင်အောင်ကိုတိုက်မှာလို့ ဆုံးဖြတ်ထားပြီးဖြစ်လို့ ဒီပွဲနိုင်ဖို့ဆို အခရာဖြစ်တဲ့ ပြည်သူ၊ ပီဒီအက်ဖ်၊ ထောက်ပို့အားလုံး စုစည်းပြီးပြိုင်တူ အားကုန်ရုန်းကြရမှာဖြစ်ပါတယ်။ မမတို့က မြေပြင်၊ အစိုးရနဲ့ပူးပေါင်းပြီး အကောင်းဆုံးပလန်တွေချတယ်၊ ပြည်သူတွေလိုက်ပါနိုင်မယ့် ခရီးစရိတ်ပလန်ချပေးမယ်၊ အလေလွင့်မရှိအောင် စနစ်တကျကောက်ခံပေးမယ်၊ နိုင်ငံအလိုက်တာဝန်ခံတွေ စုစည်းပြီးကောက်ခံပေးမယ်၊ ပြည်သူတွေက စိတ်ချယုံကြည်စွာနဲ့ မဖြစ်မနေပါဝင်ပေးကြဖို့၊ လှူဒါန်းပေးကြဖို့တစ်ခုလေးပါပဲ။” ဟု ‘မမများနဲ့ ပွဲကမယ်’ ရန်ပုံငွေရှာဖွေရေးအဖွဲ့က ဆိုသည်။

‘မမများနဲ့ ပွဲကမယ်’ စစ်ကိုင်းကမ်ပိန်းကရရှိလာတဲ့ အလှူငွေတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာန MOD မှတဆင့် ကူညီပံ့ပိုးပေးသွားမည်လည်း ဖြစ်သည်။

ပါဝင်အားဖြည့်လိုသူများအနေဖြင့် အောက်ပါလင့်ခ်မှတဆင့် ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s