တနင်္သာရီ၊ ပုလောမြို့ နန်းတောင်ရွာတွင် တပ်စွဲထားသော စစ်တပ် ဝင်ရောက် တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေဆုံး၊ ပြင်ဦးလွင် ကားလမ်းတွင် စစ်ကားတန်း မိုင်းဆွဲခံရမှု စစ်သား ၃ ဦးသေဆုံးဟုဆို

တနင်္သာရီတိုင်း ပုလောမြို့နယ် နန်းတောင်ကျေးရွာတွင်တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်ကို ဇွန်လ ၂၇ ရက်နေ့တွင် ပုလော PDF မဟာ မိတ် အင်အားစုများက နံနက် ၆ နာရီခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပုလော PDF အဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို ပုလော PDF တပ်ဖွဲ့ က နံနက် ၆ နာရီတွင် စတင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ကာ လက် နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နံနက် ၈ နာရီအထိ အကြမ်း ဖက် စစ်တပ်မှ လက်နက်ကြီးများဖြင့် ပြန် လည် ရမ်းသမ်း ပစ် ခတ်ခဲ့သော်လည်း ပုလော PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း ပုလော ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၁၀ နာရီအချိန် ပြင်ဦးလွင်- မန္တလေး အဝေးပြေးလမ်းမကြီး သမ္မတောကျေးရွာအနီးတွင် မန္တလေးသို့ ဦးတည်မောင်းနှင်လာသော စစ်ကား ၈ စီးပါ စစ်ကောင်စီယာဉ်တန်းကို MRA စစ်ကိုင်းခရိုင် တပ်ရင်း ၅ နှင့် DRM တို့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးနိုင်ကြောင်း မြောင်မြို့နယ် တော်လှန် ရေး တပ် MRA က သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s