ပေါက်မြို့နယ် သရက်ကန်ရဲစခန်းအား ကာကွယ် ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

မကွေးတိုင်း ပေါက်မြို့နယ်ရှိ သရက်ကန်ရဲစခန်းအား ဇွန်လ ၂၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဝင်ရောက်တိုက်ခိုက်ချိန်၌ ရဲစခန်းအတွင်း ပျူစောထီးနှင့်ရဲအင်အား ၃၀ ခန့်ရှိပြီး နံနက် ၄ နာရီ အချိန်တွင် တိုက်ပွဲစတင်ခဲ့ကာ နံနက် ၁၀ နာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ရဟတ်ယာဥ် တစ်စီးက လာရောက်ပစ်ကူပေးခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ မဟာမိတ်ခုနစ်ဖွဲ့လောက်က စခန်းကို မနက် ၂ နာရီလောက်မှာ ချဥ်းကပ်ခဲ့တယ်။ မနက် ၄ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲစဖြစ်တယ်။ စစ်ကောင်စီတပ်ဘက်က ငိုသံတွေရော အော်သံ တွေပါကြားရတယ်။ ကျွန်တော်တို့ဘက်ကတစ်ယောက် ပေါင်ကိုကျည်ထိတယ်။ မနက် ၁၀ နာရီလောက် မှာ စစ်ကောင်စီတပ်ဘက်က နမခကနေ လေကြောင်းပစ်ကူလာလို့ ကျွန်တော်တို့ပြန်ဆုတ်လိုက်တယ်။ နေ့လည် ၂ နာရီ လောက်မှာ စခန်းကို လက်နက်ကြီးတွေနဲ့ဝိုင်းပစ်တယ်။ စစ်ကောင်စီနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ် ” ဟု 3 In 1 PDF အဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်မှ ညနေ ၅ နာရီအချိန်ခန့်တွင် ရဟက်ယာဥ်တစ်စီးဖြင့် လူအင်အား၊ လက်နက်အင်အား များ လာရောက်ချပေးခဲ့ကြောင်းသိရပြီး ၎င်းတို့ဖက်မှ ထိခိုက်မှုအား မသိရသေးပေ။

စစ်ကောင်စီတပ်က ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် သရက်ကန်ကျေးရွာရှိ နေအိမ်လေးလုံးခန့်အား မီးရှို့ဖျက်စီးခဲ့ပြီး အဆိုပါကျေးရွာသည် အိမ်ခြေတစ်ထောင်ခန့်ရှိပြီး လူဦးရေထောင်ကျော်နေထိုင်ကာ ပေါက်မြို့နှင့် မိုင် ၃၀ ခန့်ဝေးကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s