ရန်ကုန်- မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတစ်နေရာတွင် စစ်ကားခြောက်စီး ပါ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( NPDF) ထံမှ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၂၀ ၌ ယမန်နေ့ ဇွန်လ ၂၆ ရက် နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ယာဉ်တန်းမှ နောက်ဆုံးစစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၂၀ မှာမိုင်းဆွဲတာပါ။ နောက်ဆုံးအစီးပေါ်မှာပါတဲ့ စခတွေ ထိခိုက် မှုရှိခဲ့ပြီး အသေအဆုံးကိုတော့ အ တည်မပြုနိုင်သေးပါဘူး” ဟု NPDF တာဝန်ခံကပြောသည်။

ဇွန်လ ၆ ရက်နေ့ကလည်း မြင်းခြံမြို့ရှိ ရထားဘူတာတွင် ကင်းစောင့်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ဝင် ရောက်ပစ်ခတ်ခဲ့ရာ ရဲတပ်ကြပ်တစ်ဦးနှင့်ဒုတပ်ကြပ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံထံမှ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s