ဧရာဝတီတိုင်း၊ ကြံခင်းတွင် PDF စခန်း သိမ်း ဆည်းခံရ ၊ ဂန့်ဂေါတွင်လည်း PDF နှင့် စစ် တပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲများ ပြင်းထန်လာနိုင်

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် မျှင်ဝါးတောင်အုပ်စု ရခိုင်ရိုးမအစပ်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ ယနေ့ ဇူ လိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး PDF စခန်း အသိမ်းခံရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် ရခိုင်ရိုးမ အစပ်ရှိ ရိုးမဧရာအဖွဲ့ အခြေစိုက်ရာ စခန်း တစ်ခုကို အင်အား ၆၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုး စီးနင်းလာ ခြင်းကြောင့်ဟရိုးမဧရာအဖွဲ့မှ ပြန်လည် ခုခံ တိုက်ခိုက်သောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်အင်အား မမျှသောကြောင့် စခန်းအား စွန့်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါ စီးနင်းမှု ဖြစ်စဥ်အတွင်း တော်လှန်ရေး ရဲဘော်များ အားလုံး ထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး စခန်းရှိ ကျန်ရှိခဲ့သော ပစ္စည်းများ ဆုံးရှုံးခဲ့သောကြောင့် အကူအညီ များစွာလိုအပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင်မကွေးတိုင်း ဂန့်ဂေါမြို့ပေါ် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို အောင်မြင်ရွာနှင့် အနောက်ဘက်ဂန့်ဂေါ အကြားတွင် PD F တပ်ဖွဲ့များ ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း PDF-GANGAW-တောင်ပိုင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဂန့်ဂေါမြို့ပေါ်မှအင်အား ၆၀ ခန့်ဖြင့် WE LOVE တံတားအတိုင်း ဂန့်ဂေါ အနောက်ဘက် သို့ စစ် ကြောင်း ထိုးလာစဥ် PDF-GANGAW (တောင်ပိုင်း) အဖွဲ့နှင့် KKG တပ်ရင်း ၆ အဖွဲ့တို့မှ ပူးပေါင်း စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိတွေ့ တိုက်ပွဲ အတွင်း စစ်သား ၂ ဦး လဲကျသွားသော်လည်း သေဆုံးခြင်းရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောင်မြင်ရွာ ဘုန်းကြီးကျောင်းနှင့် ဂန့်ဂေါ-အိုက္ကားလမ်းပေါ်သို့ရောက်ရှိနေပြီး ၎င်းနေရာ တစ်ဝိုက်တွင် ထိတွေ့တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် ဂန့်ဂေါ-မင်းရွာ လမ်းပိုင်းနှင့် ဂန့်ဂေါ-အိုက္ကားလမ်းပိုင်းတို့အား ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် မေတ္တာရပ်ခံကြောင်း PDF-GANGAW တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ khit thit