တန်ဆည်နှင့်ရေစကြိုတွင် စစ်ကြောင်း မိုင်းဆွဲခံရခြင်းနှင့် တိုက်ခိုက်ခံရခြင်း တို့ကြောင့် စစ် သား ၁၀ ဦးသေဆုံး ၊ ရေးတွင်လည်း စစ်သားများ လိုက်ပါသော အိမ်စီးကားနှင့် လဝကရုံး ဖောက်ခွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အင်္ကုက္ကားမှ ဒေါင့်ကြီးရွာဘက်ကို ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ကင်းလှည့် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Guerrilla Warfare – K.P.K တပ်ဖွဲ့မှ သိရသည်။

အကြမ်းဖက် စစ်တပ် ကင်းလှည့် စစ်ကြောင်းကို Guerrilla Warfare – K.P.K၊ TSR၊ PRLF၊ Taze Tiger၊ တန့်ဆည်မီးငှက်၊ ရွှေဘိုခရိုင်တပ် ရင်း၁၀၊ ရွှေဘိုခရိုင်တပ်ရင်း၁၆၊ ပလဖ နှင့် ပကဖ အဖွဲ့များမှ ကျွန်းတော အရောက်တွင် မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အလားတူ မကွေးတိုင်း ရေစကြိုမြို့နယ် ဗြိဘ(အရှေ့)ရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးပြီးနောက် ဗြိဘ(အနောက်)ရွာ အရောက်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များကနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရေစကြို PDF တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့-ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-မြိုင်မြို့နယ်၊ ပြည်သူ့ ကာ ကွယ်ရေး တပ်ဖွဲ့-ဆားလင်းကြီးမြို့နယ် (Salingyi Special Task Force)၊ ညီနောင် မဟာမိတ် ( ၃ )မြို့နယ် ပူးပေါင်းတပ်ဖွဲ့နှင့် ငဘပြောက် ကျားတပ်ဖွဲ့တို့က ပူး ပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ် ရေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသော အိမ်စီးကားနှင့် လဝကရုံးတို့ကို YGF-ရေးပြောက် ကျားတပ်ဖွဲ့က ဇွန်လ ၂၆ ရက်နှင့် ၂၈ ရက်နေ့တို့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း YGF ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၂၆ ရက်နေ့ ည ၉ နာရီ ၂၂ မိနစ်ခန့်တွင် ရေးမြို့ မြို့ပတ်လမ်း ခေမာ ဘောလုံးကွင်း အနီးတွင် ကင်းလှည့်နေသော စစ်သားများ လိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို YGF ပြောက်ကျား တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် YGF-ရေးပြောက်ကျားတပ်ဖွဲ့မှ Non-Cdm များအား သတိပေးသည့်အနေဖြင့် ရေးမြို့ လဝကရုံးအနီးတွင် မိုင်းခွဲ သတိပေးခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၈ ရက်နေ့ ည ၁၁ နာရီ ၂၈ မိနစ်ခန့်တွင်လည်း မြို့ပတ်နေသော စစ်သားများ လိုက်ပါ လာသည့် civic အပြာရောင် ကား ၁ စီးကို ရေးမြို့၊ ပြည်သူ့ ရင်ပြင် အကွေ့တွင် YGF တပ်ဖွဲ့က ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” တိုက်ခိုက်မှုနဲ့ပက်သက်လို့ကတော့ ပြည်သူတွေကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက အချိန်ကြာလာတာနဲ့အမျှ လက်နက်အင် အား လူအင်အားတွေလည်း ကြီးထွားလာသလို ကျနော်တို့ရဲ့ တိုက်ခိုက်မှု အရှိန် အဟုန် အနေနဲ့လည်း မြင့်သထက်မြင့်ပြီး သွားလည်း သွားနေတယ်။ သွားလဲသွားပါမယ်ဗ။ ပြည်သူတွေအနေနဲ့ ခွေးတွေလှုပ်ရှားမှုသတင်းတွေ ပေးရင်းနဲ့ ဝိုင်းဝန်တွန်းလှန်ကြပါ” ဟု YGF -တပ်ခွဲ ၃ မှ တပ် ခွဲမှူး ဗိုလ်ရန်ပိုင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s