Monthly Archives: Jul 2022

တာမွေ ကျားကွက်သစ်ရပ်ကွက်ရုံးကို လက် ပစ်ဗုံးဖြင့် ပစ်ပေါက်မှု စစ်ကောင်စီခန့် အုပ် ချုပ် ရေးမှူး တပည့် ချစ်ဖူးအောင် သေဆုံး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ရန်ကုန်မြို့ တာမွေမြို့နယ် ဓမ္မစိန္တာလမ်းရှိ ကျားကွက်သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၏တပည့်ဖြစ်သူ ချစ်ဖူးအောင်(ခ) မင်းသားကြီး သေဆုံးကာ အမျိုးသမီး ၁ ဦး ခြေကျိုးသွားကြောင်း သိရှိရသည်။

“ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းသူက စစ်တပ်နဲ့ ပေါင်းနေတာ။ အုပ်ကြီးက ဝင်းသူ YRO Rescue ဒုဥက္ကဌပါ။ ဥက္ကဌက သက် သက်ခိုင်ရဲ့ အစ်ကို ထွန်းထွန်းဦးပါ။ ဗုံးထိပြီး သေသွားတာက စစ်တပ်နဲ့ပေါင်းနေတဲ့ ကျားကွက်သစ်အုပ်ကြီး တပည့် ချစ်ဖူးအောင်(ခ) မင်း သားကြီး။ ဒဏ်ရာရတဲ့မိန်းကလေးက ဌေးဌေးပါ။ သူက ခြေကျိုးလက်ကျိုးဖြစ်တယ်။ အဲဒီ အုပ်ချုပ်ရေးမှူးရုံးက ဧည့်စာရင်းတိုင်သူတွေကို တစ်ယောက် ၂၀၀၀ တောင်းလို့ နာ မည်ကြီးနေတဲ့ ရုံးပေါ့” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက်မှုကို ဝိမုတ္တိ-လွတ်မြောက်ခြင်းအဖွဲ့က လုပ်ဆောင်ခြင်းဖြစ် ကြောင်း ထုတ်ပြန်သည်။

ယမန်နှစ် ဇွန်လ ၈ ရက်နေ့ တွင်လည်း တာမွေမြို့နယ် ကျားကွက် သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်သည် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးခဲ့သည်။ khit thit

မတ္တရာမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီး သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်း မတ္တရာမြို့နယ် ကြာပင်ကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီး ဖြစ်သူတို့ ယနေ့ ဇူလိုင်လ ၃ ရက် နံနက်ပိုင်းက စျေး၀ယ်ပြီးအိမ်အပြန်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

“ကြာပင်က အုပ်ကြီးနဲ့သူ့မိန်းမအသတ်ခံရတာပါ။ မတ္တရာကနေ အိမ်ပြန်လာတာကို ဆိုင်ကယ်နဲ့လူနှစ်ယောက်က နောက်ကနေ လိုက်ပစ်တာပါ။ နှစ်ယောက် စလုံးသေပါတယ်” ဟု မတ္တရာမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြော သည်။

ကြာပင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့်ဇနီးဖြစ်သူ ဒေါ်အေးသင်းခိုင်တို့သည် ယနေ့ နံနက် ၁၁ နာရီခန့်က မတ္တရာမြို့မှ စျေး ၀ယ်ပြီးအိမ်ပြန်လာစဉ် ကင်းကျေးရွာနှင့် ကျောက်ဆည်လေးကျေးရွာအကြား၌ နောက် မှလိုက်လာသည့် ဆိုင်ကယ်စီးသေနတ်သမားနှစ်ဦးက အနီးကပ် ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

မတ္တရာမြို့နယ်တွင် ယနေ့နံနက် ၆ နာရီခွဲခန့်ကလည်း မြောင်းသစ်ကျေးရွာနေ ဦးထွန်းထွန်းနှင့် ဇနီးဖြစ်သူ ဒေါ်ဖြူဖြူတို့ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

၎င်းတို့အား မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့်သတ်ဖြတ်သွားခြင်းကိုမူ မဇ္ဈိမအနေဖြင့် ယခုညပိုင်းအထိ မသိရသေးပေ။ mizzima

ဘီးလင်းတွင် စစ်ကား မိုင်းဆွဲခံရပြီး ဒုဗိုလ် မှူးကြီး အပါအဝင် စစ်သား ၉ ဦး ပွဲချင်းပြီး သေ ဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၃ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ၏ ကား ၁၀ စီးပါ စစ်ယာဉ်တန်းကို KNLA၊ PDF ပူး ပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ ဒုတိယဗိုလ်မှူးကြီး တစ်ဦး အပါအဝင် စစ်သား ကိုးဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ စည်ပင်သာယာဂိတ်အထွက် နောင်ရိုးတွင် ယနေ့ ဇူလိုင်လ ၃ရက် နေ့လယ် ၁၂ နာရီဝန်းကျင်၌ အဆိုပါ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား တစ်စီးမှာ မိုင်းတည့်တည့်ထိမှန်ပြီး လုံး၀ ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒုတိယဗိုလ်မှူးကြီး တစ်ဦး အပါအဝင် စစ်သား ကိုးဦး ပွဲချင်းပြီး သေဆုံးသွားပြီး၊ ငါးဦးဒဏ်ရာ အပြင်းအ ထန်ရပြီး သေဆုံးဖွယ်ရှိသည်ဟု ဆိုထားသည်။

“ဘီးလင်းမှာ ဒီမနက် ၁၁ နာရီ ၅၇ မိနစ်အချိန် ဘီးလင်းစည်ပင်သာယာဂိတ်အထွက် နောင်ရိုးမှာ စစ်ခွေးကားတစ်စီး မိုင်းဆွဲခံရတာ တစ်စီးလုံးထိတယ်။ ကားက လုံးဝပျက်စီးသွားတယ်။ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ကိုးဦး ပွဲချင်းပြီးသေတယ်။ ငါးဦး က ဒဏ်ရာအပြင်းအထန်နဲ့ အသည်းအသန်ပဲ။ သေမယ့်သဘောရှိတယ်။ စစ်သား ကိုးဦးကတော့ ပွဲချင်းပြီး။ စစ်ကားက တစ်စစီ ဖြစ်ပြီး ကြေမွသွားတာ။ စစ်ကား ၁၀ စီးမှာ တစ်စီးက လုံးဝပျက်စီးသွားတာ ရှေ့ဆက်မသွားတော့ဘူး။ ကျိုက်ထိုတပ်ထဲကိုပဲ ပြန်ဝင်သွားတယ်” ဟု KNLA၊ PDF ပူးပေါင်းတပ်၏ သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ စစ်ကားတန်းသည် ပဲခူးတိုင်းကျောက်ကြီးဘက်သို့ ဦးတည်ထားခြင်းဖြစ်ပြီး မိုင်းဆွဲခံရမှုကြောင့် အသေအပျောက်များလွန်းသဖြင့် ကျိုက်ထို တပ်ထဲသို့ ဝင်သွားကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရသူများကို သယ်ဆောင်၍ စစ်ကြောင်း ရှေ့ဆက်သွားမည့်အစီအစဉ်ကို ဖျက် သိမ်းလိုက်ကြောင်း သိရှိရသည်။ mizzima

ယင်းမာပင်တွင် နေအိမ်မီးရှို့၍ ပစ္စည်းများယူဆောင်သွားသော စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများသည် ဇူလိုင် ၂ ရက်နေ့က ကွေးချောင်းရွာရှိနေအိမ် နှစ်လုံးအား မီးရှို့ဖျက်ဆီး၍ နေအိမ်အတွင်းရှိ ပစ္စည်းများအား ထော်လာဂျီဖြင့်တင်ကာ ယူဆောင် သွားကြောင်းသိရသည်။

ယင်းစစ်ကြောင်းသည် ရွှေတောင်ဦးကုန်းမှ ဘန့်ဘွေးရွာသို့ ပို့ဆောင်မည့် ထောက်ပို့ ယာဉ်အားလုံခြုံရေး ယူပေးခြင်းဖြစ်ပြီး အပြန်တွင် ကွေးချောင်းရွာသို့ မီးဝင်ရှို့ကာ ပစ္စည်းများအား ယူဆောင်သွား၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချိုမိုင်မိုင် ယင်းမာပင် ကနီ မဟာမိတ် တပ်ပေါင်းစုအဖွဲ့ထံက သိရသည်။

“ရွှေတောင်ဦးကုန်းပေါ်က ထောက်ပို့ယာဉ် ဆင်းဖို့လုပ်တယ်ဗျာ။ ဘာလို့မဆင်းလာ ဖြစ်တာလဲတော့မသိဘူး။ အပြန်မှာ ရွာကိုမီးရှို့ပြီး မီးရှို့ခံရတဲ့ အိမ်ကထော်လာဂျီ နဲ့ ပစ္စည်းတွေကိုတင်သွားတာ။ သူတို့က ထော်လာဂျီနဲ့ပြန်တော့ မိုးရွာထားတာနဲ့ လမ်းဖြတ်မရအောင် မိုင်းဆွဲပြီး လက် နက်ငယ်တွေနဲ့ ပစ်တာ ထော်လာဂျီတော့ ထားခဲ့တယ်” ဟု ချိုမိုင်မိုင် ယင်းမာပင်ကနီ မဟာမိတ်တပ်ပေါင်းစုအဖွဲ့ တာဝန်ရှိသူ ကပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ ထိခိုက်မှုအခြေအနေကို မသိရှိရ သေးသော်လည်း မီးရှို့ခံရသည့် နေအိမ်မှ ထော်လာဂျီနှင့် ပစ္စည်းများကို ယနေ့ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ရရှိခဲ့ပြီး ပိုင်ရှင်များထံ ပြန်လည်အပ်နှံခဲ့ ကြောင်း သိရသည်။ mizzima

မုန်းမြို့နယ်အတွင်းရှိ စစ်တပ် စခန်း ၅ ခုကို တစ်ပြိုက်တည်း သိမ်းယူဟု KNU က ကြေ ညာ၊ စစ်တပ် တပ်ရင်းမှူး အပါအဝင် ၄ ဦးသေ ဆုံးပြီး အများအပြား ထွက်ပြေး၊ လေယာဉ်ဖြင့် ဗုံးကျဲ၍ ပြည်သူ ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်း ၅ ခုကို တစ်ပြိုက်နက်တည်းတိုက် ခိုက် သိမ်းယူဟု KNU က ကြေ ညာလိုက်ပြီး စစ်တပ် တပ်ရင်းမှူး အပါအဝင် ၄ ဦးသေဆုံးပြီး အများအပြား ထွက်ပြေးကြောင်း KNU က သတင်းထုတ်ပြန်သည်။

ကြောင်ပြာစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီ၏ ၈၁ မမ လက်နက်ကြီးအပါအဝင်၊ သေနတ်များနှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

ဇူလိုင်လ၂ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် ကေအဲန်ယူ-မုန်းမြို့နယ်အတွင်း ရှိ အကြမ်းစစ်ကောင်စီ၏ စခန်းများ ဖြစ် သော ကြောင်ပြာစခန်း၊ အောင်း လောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နှင့် ကျောင်းစုစခန်းတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ၊တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုစစ်တပ် စခန်းများသည် အများပြည်သူကို ဟန့်တားနှောင့်ယှက်စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ နယ်မြေစိုးမိုးနိုင်ရန် လုပ်ဆောင်နေသည့်နေရာများဖြစ်ကြောင်း၊ အောင်းလောင်းစိန်စခန်း၊ကျွန်းပင်ဆိပ်စခန်း၊ကော့ပြင်းစခန်းနှင့်ကျောင်းစုစခန်းသိမ်းတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီ၏အမြဲတမ်းပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်ပူးပေါင်းစခန်းချသည့်စခန်းများမှ ပြည်သူ့စစ် (၄)ဉီးသေဆုံးကြောင်း၊ ကျန်သူများမှာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြကြောင်း သိရှိရသည်။

စစ်တပ်စခန်းများကို အပြီးတိုင်ရှင်းလင်းနိုင်ခဲ့ကာ သေနတ် ၈ လက် (လက်နက်အမျိုးအစားစိစစ်ဆဲ) နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကြောင်ပြာစခန်းသိမ်းတိုက်ပွဲမှာမူ နှစ်ဖက်အထိအခိုက် အကျအဆုံးများရှိနေပြီး စစ်ကောင်စီတပ်ဖက်မှ တပ်ရင်းမှူးအပါအဝင်သေဆုံးခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှုအရေအတွက်မှာမူ အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

အပြီးသတ် စခန်းရှင်းလင်းရေးလုပ်ဆောင်မည့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လေ ကြောင်း ပစ်ကူပေးခဲ့သည့်အတွက် အပြီးသတ် ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း၊ ထိုသို့လေကြောင်းပစ်ကူပေးရာတွင်လည်း တိမ်းရှောင်ပြေးလွှားသည့် အရပ်သားများနေရာများအပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို့ ပစ်ခတ်မှုကြောင့် စောဘီးချယ်နှင့် မိသားစု စုစုပေါင်း ၄ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း KNU က ပြောသည်။

ထို့ပြင် ကျွန်းပင်ဆိတ်ကျေးရွာနေ စောဒိုးကရိုး (၇၀ နှစ်) မှာ လက်ဝဲရင်ဘတ် နှင့် ပေါင်တွင် ဒါဏ်ရာ ရရှိခဲ့ကြောင်း၊ ကျန်အထိအခိုက်များမှာမူ အတည်ပြုရန်ကြိုးစားလျက်ရှိကြောင်း၊ စခန်းသိမ်းတိုက်ပွဲများနှင့် နီးသည့် ကျေးရွာ အားလုံးနီးပါးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး တိမ်းရှောင်နေကြသည့် ကျေးရွာများကို အတည်ပြုနိုင်ရန်အတွက် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

ယခုအချိန်ထိ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရမ်းသမ်း ပစ်ခတ်သည့်အပြင် စစ်ကူများထပ်မံပို့ဆောင်လာသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန် လာမည့်အခြေအနေရှိကြောင်း၊ ထို့ပြင် မှန်ကန်သည့်သတင်းအချက်အလက်များကို စစ်ရေး လုံခြုံရေးအရ လိုအပ်သလိုထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည့်အတွက် ကေအဲန်ယူ – ကရင်အမျိုး သားအစည်းအရုံး၏ သတင်းဆိုင်ရာ ထုတ်ပြန်ချက်များကို လိုက်နာပေးရန် လေးနက်စွာ တိုက်တွန်းအပ်ကြောင်း KNU က ထုတ်ပြန်ထားသည်။ khit thit

ဧရာဝတီမြစ်ကြောင်းတလျှောက် ရေယာဉ်အသုံးပြုသွားလာနေသည့် စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရန် ရေမြုပ်မိုင်းထုတ်လုပ်မှု အောင် မြင်

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကြောင်းတလျောက် ရေယာဉ်များအသုံးပြုသွားလာ နေသည့် စစ်ကောင်စီတပ်ကိုတိုက် ခိုက်နိုင်ရန် ရေမြုပ်မိုင်းများ အောင်မြင်စွာစမ်းသပ်ထုတ်လုပ်နိုင်ခဲ့ ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မြင်းခြံခရိုင် အမှတ်(၅)တပ်ရင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ ထုတ်လုပ်အောင်မြင်ခဲ့သည့် ရေမြုပ်မိုင်း ငါးလုံး စမ်းသပ်ဖောက်ခွဲမှု ဗီဒီယိုဖိုင်ကိုလည်း ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

“ရေကြီးချိန်ရေတက်ချိန် ရောက်လာပြီမို့လို့ ရေမြုပ်မိုင်းကို တီထွင်ခဲ့ရခြင်း ဖြစ်ပါတယ်။ မနှစ်ကတည်းက စမ်းသပ်ခဲ့တာပါ။ အခုမှ ထိထိရောက်ရောက်အောင်မြင်စွာ တီထွင်နိုင်ခဲ့တာပါ။ ရိုးရိုးစလစ်မိုင်းတစ်လုံး ခွဲလိုက်ရင် ထန်းပင်အမြင့်ထိပေါက်ကွဲအားကောင်းပါတယ်။ ရေမိုင်းဖြစ်တာမို့ လှေတို့၊ စပိဘုတ်တို့ကို အဓိကဖောက်ခွဲဖို့ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု နှလုံးလှလူမိုက်ကြီးများအဖွဲ့ တာဝန်ရှိသူကပြော သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များသည် မောင်းပြန်သေနတ်ထက် မိုင်းကို ပိုမိုကြောက်ရွံ့သည့်အတွက် ရေယာဉ်များအသုံးပြုကာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ရေမြုပ်မိုင်းများဖြင့် အထိရောက် ဆုံးတိုက်ခိုက်နိုင်ရန်တွက်ချက်ပြီး တီထွင်ကြိုးစားထုတ်လုပ်ခဲ့ခြင်းဖြစ် ကြောင်းလည်း ၎င်းကဆိုသည်။

နှလုံးလှလူမိုက်ကြီးများအဖွဲ့က ရေမြုပ်မိုင်းများထုတ်လုပ်နိုင်ရန် ပြီးခဲ့သည့်နှစ်ကတည်းက စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် အောင်မြင်စွာစမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပြီဖြစ်ကာ ရေမြုပ်မိုင်းတလုံးလျှင် ငွေကျပ်တစ်သိန်းကျော် ကုန်ကျကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် ဧရာဝတီမြစ်ကြောင်းတလျှောက်သွားလာနေသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကို ပြည်တော်ပြန်စစ်ဆင်ရေးအဖြစ် နှလုံးလှလူမိုက်ကြီးများအဖွဲ့ကတိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိသည်။

မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျုစောထီးများသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် စက်လှေနှင့် စပိဘုတ်များအသုံးပြုကာ စစ်ကြောင်းထိုးပြီး ကမ်းနံဘေးရှိကျေးရွာများအတွင်း ဝင်ရောက် မွှေနှောက်ဖျက်ဆီးခြင်းနှင့် မြစ်အတွင်းသွားလာနေသည့် သင်္ဘောများထံမှ ဆက်ကြေးတောင်းယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ mizzima

နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ၃ လအ တွင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင် ၂၀၀ နီးပါး သုတ်သင် ပြီးစီး

နန်းထိုက်အောင်စစ်ဆင်ရေးအမည်ဖြင့် မြို့ပြပြောက်ကျားတိုက်ပွဲများဆင်နွဲလျှက်ရှိရာ၌ သုံးလအတွင်း စစ်ကောင်စီလက်အောက်ခံ အဖွဲ့ဝင် ၁၈၇ ဦးကို တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

မြို့ပြပြောက်ကျားစစ်ဆင်ရေးကို ၂၀၂၂ ခုနှစ် ဧပြီလတွင်စတင်ခဲ့ပြီး ဇွန်လကုန်အထိ စစ်ရေးပစ်မှတ် (၇၄) ခု၊ အုပ်ချုပ်ရေးပစ်မှတ်(၂၅)ခု၊ စီး ပွားရေးပစ်မှတ် ခုနစ်ခု၊ ရန်သူထိခိုက်ဒဏ်ရာရမှု(၈၉)ဦးနှင့် ရန်သူသေဆုံး မှု ၉၈ ဦးရှိခဲ့သည်။

အဆိုပါ စစ်ရေးအရပစ်မှတ်များအား ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ၂၀၂၁ ခုနှစ် စက်တင်ဘာလရ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၇ ရက်ရက်နေ့အထိ လုပ်ဆောင်ခဲ့သော ပျံလွှားအောင်မြို့ပြပြောက်ကျားစစ်ဆင်ရေးတွင်လည်း စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင် ၂၅၃ ဦး နီးပါး သေဆုံးခဲ့ပြီး၊ ရန်ကုန်တိုင်း ခရိုင်လေးခုအတွင်းရှိ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေးပစ်မှတ်ပေါင်း ၁၁၂၈ ခု တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့သည်။

ယခုအချိန်တွင် ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ဖမ်းဆီးစစ်ဆေးမှုများရှိနေ သည့်အပြင် သတင်းပေးဒလန်များကြောင့် တော်လှန်ရေးလုပ်ငန်းစဉ်အချို့ခေတ္တရပ်ဆိုင်းထားရသည်ဟု စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းတွင်ပါ၀င်သည့် အမည်မဖော်လိုသူသတင်းအရင်းအမြစ်က ဆိုသည်။

ထို့အပြင် မြို့ပြပြောက်ကျားစနစ်လုပ်ဆောင်ရခြင်းသည် ငွေကုန်ကြေးကျ များပြားခြင်း၊ အချိန်ယူ စောင့် ဆိုင်းလုပ်ဆောင်ရခြင်း၊ မြေပြင်အ ခြေအနေကို အကဲခတ်ခြင်း၊ လူထုကို စည်းရုံးရခြင်းတို့ကြောင့် နောက် ပိုင်းတွင် စစ်ဆင်ရေးဆောက်ရွက်မှုများ နှေးကွေးနေရသည်ဟု ဆို သည်။

ထို့ကြောင့် မြို့ပြပြောက်ကျားစစ်ဆင်ရေးများ ပြန်လည်အရှိန်မြှင့်တင်ရန်လိုအပ်ချက်များအတွက် ယခု ဇူလိုင်မှစတင်၍ နာမည်ကျော် Social Influencer ထောက်ပို့စစ်သည် မပန်ဆယ်လိုက PROJECT NAN HTIKE AUNG အမည်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ mizzima

ကျောက်ကြီးမြို့နယ်၊ မူပယ်ရွာသား ၄ ဦးကို စစ်တပ်က ပစ်သတ် နေအိမ်နှင့် ပစ္စည်းများကို မီးရှို့ဖျက်ဆီး၊ ဆိပ်ဖြူ၊ ရှားလှ ရွာသား ၁ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

ကရင်ပြည်နယ် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် လော်မူပယ် ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်အချိန်တွင် ဝင်ရောက်စီးနင်းပြီး ဒေသခံ ပြည်သူ ၄ ဦးကို ပစ်သတ်ခဲ့ကြောင်း KNU- ကရင်အမျိုးသား အစည်းအရုံးဗဟိုမှ ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လော်မူပယ်ကျေးရွာနောက်ဖက်သို့ဝင်ရောက်ပြီး မောင်နေလင်းထွန်း အသက် (၁၈)နှစ်၊ စောမာနေထူး အသက်(၂၄)နှစ် နှင့် အမည် မသိရှိရသေးသည့် ပြည်သူ (၂) ဦးတို့ကို ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ကိုရဲမင်းစိုး အသက် (၃၀) နှစ်သည်လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် လော်မူပယ်ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁၂ လုံး၊ ဆိုင်ကယ် ၁၃ စီး၊ ကား ၁ စီးနှင့် စက်ဘီးတချို့ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လော်မူပယ် ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဗိုလ်မှူးဇေယျာလင်းဦးဆောင်ပြီး ခမရ (၄၃၉)၊ ခလရ (၆၀) နှင့် ခမရ (၅၃၁) တို့ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ကြောင်း KNU- ကရင်အမျိုးသား အစည်းအရုံးဗဟိုမှ ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၂ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး စိတ် ရောဂါ ခံစားနေရသူ ဦးလှိုင်မြင့် ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” စစ်တပ်က ရွာထဲဝင်လာတော့ စိတ်ရောဂါ ခံစားနေရတဲ့ ဦးလှိုင်မြင့်ဆိုသူက မပြေးဘဲနဲ့ ရွာထဲမှာ ကျန်ခဲ့တာ အဲတာကို စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တာ ရုပ်အလောင်းပြန်တွေ့တော့ လက်ဖြတ်ထားတယ်။ ဦးခေါင်းလည်း ကြေမွနေတာပဲ ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြော ဆိုသည်။ khit thit

စစ်ကောင်စီတပ်ကို အထိနာစေခဲ့သည့် ရိုးမဧရာဝတီ PDF အဖွဲ့အား YOMA AYEYARWADY GUARDIAN ARMY နှင့် YANGON GUARDIAN ARMY(YGA) အဖြစ် ပြောင်းလဲ ဖွဲ့စည်း

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် စပါးအိုးကျေးရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို အထိ နာစေခဲ့သည့် ရိုးမဧရာဝတီတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး YOMA AYEYARWADY GUARDIAN ARMY နှင့် YANGON GUARDIAN ARMY(YGA) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ဇူလိုင်လ ၁ ရက်နေ့က စပါးအိုးကျေးရွာအနီး ရိုးမတောအတွင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီနှင့် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၄ ဦးခန့်သေဆုံးခဲ့ပြီး ရိုးမဧရာဝတီတပ်ဖွဲ့မှ အခြေစိုက် စခန်း၊ လက်နက်နှင့် စားနပ်ရိက္ခာအချို့ကို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ပွဲအပြီးတွင် ရိုးမဧရာဝတီတပ်ဖွဲ့ကို ဖျက်သိမ်းကာ AYEYARWADY GUARDIAN ARMY နှင့် YANGON GUARDIAN ARMY(YGA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

“ကျွန်တော်တို့ စခန်းဝင်တိုက်ခံရတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ကိုယ့်လက်နက်ကိုယ်ယူပြီးတော့ ခုခံရင်းဆုတ်ခွာခဲ့ရတာ။ လက်နက်ထုတ်လုပ်ရေးတွေ အကုန်ဆုံးရှုံးသွားတယ်။ ကွန်ပျူတာတွေ အကုန် လုံးဆုံးရှုံးသွားတယ်။ အခု တကယ်တိုက်ပွဲဝင်ခဲ့သူတွေစုပေါင်းပြီး AYEYARWADY GUARDIAN ARMY နဲ့ YANGON GUARDIAN ARMY(YGA)ဆိုပြီး ပြန်လည်ဖွဲ့စည်းနေတာပါ၊ ကျွန်တော်တို့မှာ ဘာအကူညီမှ မရပါဘူး အကူညီတွေ အရမ်းလိုအပ်နေပါတယ်” ဟု AYEYARWADY GUARDIAN ARMY မှ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

ယင်းအပြင် တိုက်ပွဲနှင့်ပတ်သက်ပြီး သတင်းအမှားများလည်းထွက်ပေါ်ခဲ့ကြောင်းလည်း ၎င်းကဆက် လက်ပြောကြားသည်။

“သူတို့လာဝိုင်းတာက မနက်အစောပိုင်း ၂ နာရီလောက်မှာ ဝိုင်းတာ စစ်ကြောင်းထိုးတော့ မနက် ၇ နာရီ လောက်မှာ။ ကျွန်တော်တို့က ကင်းသမားကမြင်ပြီးစပစ်တော့ သူတို့ထိသွားတာကနေ မိုင်းကြောက်ပြီး ရှေ့ဆက်မတက်ရဲဘူး။ ၁၄ ယောက်လောက်သေတယ်ဆိုတာက မနေ့က သူတို့အလောင်းလာကောက်လို့ ကျွန်တော်တို့ သိရတာ။ တိုက်ပွဲက ၁၀ နာရီလောက်မှာ ပြီးသွားတယ်။ ကျွန်တော်တို့ ဘေးလွတ်ရာကို အဝတ်တစ်ထည် လက်နက်တစ်လက်နဲ့ ဆုတ်ခွာခဲ့ရတယ်၊ မဟာမိတ်တွေနဲ့စုဖွဲ့ပြီး ပြန်တိုက်ဖို့ပြင်နေ တယ်ဆိုတာ မဟုတ်ဘူး။ တိုက်ပွဲက အဲဒီတစ်ကြိမ်ပဲ ထပ်မဖြစ်ဘူး။ ကျွန်တော်တို့ အင်အားပြန်စုစည်း နေ တုန်းပဲ” ဟု AYEYARWADY GUARDIAN ARMY၏ ပြောရေးဆိုခွင့်ရှိသူက ပြော သည်။

AYEYARWADY GUARDIAN ARMY နှင့် YANGON GUARDIAN ARMY(YGA) တို့၏ သတင်းထုတ်ပြန်ရေး လူမှုကွန်ရက်စာမျက်နှာများကို မကြာခင်မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး တိုက်ပွဲအတွင်း ဆုံးရှုံးခဲ့ရမှုများ အတွက် အကူညီများလိုအပ်နေကြောင်းလည်း သိရသည်။ mizzima

« Older Entries