စစ်ကောင်စီတပ်ကို အထိနာစေခဲ့သည့် ရိုးမဧရာဝတီ PDF အဖွဲ့အား YOMA AYEYARWADY GUARDIAN ARMY နှင့် YANGON GUARDIAN ARMY(YGA) အဖြစ် ပြောင်းလဲ ဖွဲ့စည်း

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် စပါးအိုးကျေးရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို အထိ နာစေခဲ့သည့် ရိုးမဧရာဝတီတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး YOMA AYEYARWADY GUARDIAN ARMY နှင့် YANGON GUARDIAN ARMY(YGA) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ဇူလိုင်လ ၁ ရက်နေ့က စပါးအိုးကျေးရွာအနီး ရိုးမတောအတွင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီနှင့် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၄ ဦးခန့်သေဆုံးခဲ့ပြီး ရိုးမဧရာဝတီတပ်ဖွဲ့မှ အခြေစိုက် စခန်း၊ လက်နက်နှင့် စားနပ်ရိက္ခာအချို့ကို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ပွဲအပြီးတွင် ရိုးမဧရာဝတီတပ်ဖွဲ့ကို ဖျက်သိမ်းကာ AYEYARWADY GUARDIAN ARMY နှင့် YANGON GUARDIAN ARMY(YGA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

“ကျွန်တော်တို့ စခန်းဝင်တိုက်ခံရတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ကိုယ့်လက်နက်ကိုယ်ယူပြီးတော့ ခုခံရင်းဆုတ်ခွာခဲ့ရတာ။ လက်နက်ထုတ်လုပ်ရေးတွေ အကုန်ဆုံးရှုံးသွားတယ်။ ကွန်ပျူတာတွေ အကုန် လုံးဆုံးရှုံးသွားတယ်။ အခု တကယ်တိုက်ပွဲဝင်ခဲ့သူတွေစုပေါင်းပြီး AYEYARWADY GUARDIAN ARMY နဲ့ YANGON GUARDIAN ARMY(YGA)ဆိုပြီး ပြန်လည်ဖွဲ့စည်းနေတာပါ၊ ကျွန်တော်တို့မှာ ဘာအကူညီမှ မရပါဘူး အကူညီတွေ အရမ်းလိုအပ်နေပါတယ်” ဟု AYEYARWADY GUARDIAN ARMY မှ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

ယင်းအပြင် တိုက်ပွဲနှင့်ပတ်သက်ပြီး သတင်းအမှားများလည်းထွက်ပေါ်ခဲ့ကြောင်းလည်း ၎င်းကဆက် လက်ပြောကြားသည်။

“သူတို့လာဝိုင်းတာက မနက်အစောပိုင်း ၂ နာရီလောက်မှာ ဝိုင်းတာ စစ်ကြောင်းထိုးတော့ မနက် ၇ နာရီ လောက်မှာ။ ကျွန်တော်တို့က ကင်းသမားကမြင်ပြီးစပစ်တော့ သူတို့ထိသွားတာကနေ မိုင်းကြောက်ပြီး ရှေ့ဆက်မတက်ရဲဘူး။ ၁၄ ယောက်လောက်သေတယ်ဆိုတာက မနေ့က သူတို့အလောင်းလာကောက်လို့ ကျွန်တော်တို့ သိရတာ။ တိုက်ပွဲက ၁၀ နာရီလောက်မှာ ပြီးသွားတယ်။ ကျွန်တော်တို့ ဘေးလွတ်ရာကို အဝတ်တစ်ထည် လက်နက်တစ်လက်နဲ့ ဆုတ်ခွာခဲ့ရတယ်၊ မဟာမိတ်တွေနဲ့စုဖွဲ့ပြီး ပြန်တိုက်ဖို့ပြင်နေ တယ်ဆိုတာ မဟုတ်ဘူး။ တိုက်ပွဲက အဲဒီတစ်ကြိမ်ပဲ ထပ်မဖြစ်ဘူး။ ကျွန်တော်တို့ အင်အားပြန်စုစည်း နေ တုန်းပဲ” ဟု AYEYARWADY GUARDIAN ARMY၏ ပြောရေးဆိုခွင့်ရှိသူက ပြော သည်။

AYEYARWADY GUARDIAN ARMY နှင့် YANGON GUARDIAN ARMY(YGA) တို့၏ သတင်းထုတ်ပြန်ရေး လူမှုကွန်ရက်စာမျက်နှာများကို မကြာခင်မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး တိုက်ပွဲအတွင်း ဆုံးရှုံးခဲ့ရမှုများ အတွက် အကူညီများလိုအပ်နေကြောင်းလည်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s