နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ၃ လအ တွင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင် ၂၀၀ နီးပါး သုတ်သင် ပြီးစီး

နန်းထိုက်အောင်စစ်ဆင်ရေးအမည်ဖြင့် မြို့ပြပြောက်ကျားတိုက်ပွဲများဆင်နွဲလျှက်ရှိရာ၌ သုံးလအတွင်း စစ်ကောင်စီလက်အောက်ခံ အဖွဲ့ဝင် ၁၈၇ ဦးကို တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
မြို့ပြပြောက်ကျားစစ်ဆင်ရေးကို ၂၀၂၂ ခုနှစ် ဧပြီလတွင်စတင်ခဲ့ပြီး ဇွန်လကုန်အထိ စစ်ရေးပစ်မှတ် (၇၄) ခု၊ အုပ်ချုပ်ရေးပစ်မှတ်(၂၅)ခု၊ စီး ပွားရေးပစ်မှတ် ခုနစ်ခု၊ ရန်သူထိခိုက်ဒဏ်ရာရမှု(၈၉)ဦးနှင့် ရန်သူသေဆုံး မှု ၉၈ ဦးရှိခဲ့သည်။
အဆိုပါ စစ်ရေးအရပစ်မှတ်များအား ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ၂၀၂၁ ခုနှစ် စက်တင်ဘာလရ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၇ ရက်ရက်နေ့အထိ လုပ်ဆောင်ခဲ့သော ပျံလွှားအောင်မြို့ပြပြောက်ကျားစစ်ဆင်ရေးတွင်လည်း စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင် ၂၅၃ ဦး နီးပါး သေဆုံးခဲ့ပြီး၊ ရန်ကုန်တိုင်း ခရိုင်လေးခုအတွင်းရှိ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေးပစ်မှတ်ပေါင်း ၁၁၂၈ ခု တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့သည်။
ယခုအချိန်တွင် ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ဖမ်းဆီးစစ်ဆေးမှုများရှိနေ သည့်အပြင် သတင်းပေးဒလန်များကြောင့် တော်လှန်ရေးလုပ်ငန်းစဉ်အချို့ခေတ္တရပ်ဆိုင်းထားရသည်ဟု စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းတွင်ပါ၀င်သည့် အမည်မဖော်လိုသူသတင်းအရင်းအမြစ်က ဆိုသည်။
ထို့အပြင် မြို့ပြပြောက်ကျားစနစ်လုပ်ဆောင်ရခြင်းသည် ငွေကုန်ကြေးကျ များပြားခြင်း၊ အချိန်ယူ စောင့် ဆိုင်းလုပ်ဆောင်ရခြင်း၊ မြေပြင်အ ခြေအနေကို အကဲခတ်ခြင်း၊ လူထုကို စည်းရုံးရခြင်းတို့ကြောင့် နောက် ပိုင်းတွင် စစ်ဆင်ရေးဆောက်ရွက်မှုများ နှေးကွေးနေရသည်ဟု ဆို သည်။
ထို့ကြောင့် မြို့ပြပြောက်ကျားစစ်ဆင်ရေးများ ပြန်လည်အရှိန်မြှင့်တင်ရန်လိုအပ်ချက်များအတွက် ယခု ဇူလိုင်မှစတင်၍ နာမည်ကျော် Social Influencer ထောက်ပို့စစ်သည် မပန်ဆယ်လိုက PROJECT NAN HTIKE AUNG အမည်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ mizzima