မုန်းမြို့နယ်အတွင်းရှိ စစ်တပ် စခန်း ၅ ခုကို တစ်ပြိုက်တည်း သိမ်းယူဟု KNU က ကြေ ညာ၊ စစ်တပ် တပ်ရင်းမှူး အပါအဝင် ၄ ဦးသေ ဆုံးပြီး အများအပြား ထွက်ပြေး၊ လေယာဉ်ဖြင့် ဗုံးကျဲ၍ ပြည်သူ ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်း ၅ ခုကို တစ်ပြိုက်နက်တည်းတိုက် ခိုက် သိမ်းယူဟု KNU က ကြေ ညာလိုက်ပြီး စစ်တပ် တပ်ရင်းမှူး အပါအဝင် ၄ ဦးသေဆုံးပြီး အများအပြား ထွက်ပြေးကြောင်း KNU က သတင်းထုတ်ပြန်သည်။

ကြောင်ပြာစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီ၏ ၈၁ မမ လက်နက်ကြီးအပါအဝင်၊ သေနတ်များနှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

ဇူလိုင်လ၂ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် ကေအဲန်ယူ-မုန်းမြို့နယ်အတွင်း ရှိ အကြမ်းစစ်ကောင်စီ၏ စခန်းများ ဖြစ် သော ကြောင်ပြာစခန်း၊ အောင်း လောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နှင့် ကျောင်းစုစခန်းတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ၊တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုစစ်တပ် စခန်းများသည် အများပြည်သူကို ဟန့်တားနှောင့်ယှက်စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ နယ်မြေစိုးမိုးနိုင်ရန် လုပ်ဆောင်နေသည့်နေရာများဖြစ်ကြောင်း၊ အောင်းလောင်းစိန်စခန်း၊ကျွန်းပင်ဆိပ်စခန်း၊ကော့ပြင်းစခန်းနှင့်ကျောင်းစုစခန်းသိမ်းတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီ၏အမြဲတမ်းပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်ပူးပေါင်းစခန်းချသည့်စခန်းများမှ ပြည်သူ့စစ် (၄)ဉီးသေဆုံးကြောင်း၊ ကျန်သူများမှာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြကြောင်း သိရှိရသည်။

စစ်တပ်စခန်းများကို အပြီးတိုင်ရှင်းလင်းနိုင်ခဲ့ကာ သေနတ် ၈ လက် (လက်နက်အမျိုးအစားစိစစ်ဆဲ) နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကြောင်ပြာစခန်းသိမ်းတိုက်ပွဲမှာမူ နှစ်ဖက်အထိအခိုက် အကျအဆုံးများရှိနေပြီး စစ်ကောင်စီတပ်ဖက်မှ တပ်ရင်းမှူးအပါအဝင်သေဆုံးခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှုအရေအတွက်မှာမူ အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

အပြီးသတ် စခန်းရှင်းလင်းရေးလုပ်ဆောင်မည့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လေ ကြောင်း ပစ်ကူပေးခဲ့သည့်အတွက် အပြီးသတ် ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း၊ ထိုသို့လေကြောင်းပစ်ကူပေးရာတွင်လည်း တိမ်းရှောင်ပြေးလွှားသည့် အရပ်သားများနေရာများအပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို့ ပစ်ခတ်မှုကြောင့် စောဘီးချယ်နှင့် မိသားစု စုစုပေါင်း ၄ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း KNU က ပြောသည်။

ထို့ပြင် ကျွန်းပင်ဆိတ်ကျေးရွာနေ စောဒိုးကရိုး (၇၀ နှစ်) မှာ လက်ဝဲရင်ဘတ် နှင့် ပေါင်တွင် ဒါဏ်ရာ ရရှိခဲ့ကြောင်း၊ ကျန်အထိအခိုက်များမှာမူ အတည်ပြုရန်ကြိုးစားလျက်ရှိကြောင်း၊ စခန်းသိမ်းတိုက်ပွဲများနှင့် နီးသည့် ကျေးရွာ အားလုံးနီးပါးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး တိမ်းရှောင်နေကြသည့် ကျေးရွာများကို အတည်ပြုနိုင်ရန်အတွက် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

ယခုအချိန်ထိ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရမ်းသမ်း ပစ်ခတ်သည့်အပြင် စစ်ကူများထပ်မံပို့ဆောင်လာသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန် လာမည့်အခြေအနေရှိကြောင်း၊ ထို့ပြင် မှန်ကန်သည့်သတင်းအချက်အလက်များကို စစ်ရေး လုံခြုံရေးအရ လိုအပ်သလိုထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည့်အတွက် ကေအဲန်ယူ – ကရင်အမျိုး သားအစည်းအရုံး၏ သတင်းဆိုင်ရာ ထုတ်ပြန်ချက်များကို လိုက်နာပေးရန် လေးနက်စွာ တိုက်တွန်းအပ်ကြောင်း KNU က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s