လှည်းတန်းစျေးအနီးတွင် လူ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရ ၊ ပစ်ခတ်ခံရသူများကို စစ်တပ်သတင်းပေးဟု စွပ်စွဲ သတ် မှတ်မှုများရှိနေ

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းစျေးအနီးတွင် ယနေ့ နံနက် ၉ နာရီ ဝန်းကျင်အချိန်တွင် လူ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိကြောင်း ၊ ပစ်ခတ်ခံရသူများကို စစ်တပ်သတင်းပေးဟု စွပ်စွဲ သတ်မှတ်မှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“လှည်းတန်း ၂လမ်း​မှာနေတဲ့ မိန်းက​လေး၂​ယောက် အပစ်ခံရတာ။ တ​ယောက် ပွဲချင်းပြီးတယ်။ တ​ယောက်​တော့ ​ခေါ်သွားပြီကြားတယ်။ အဲဒီ​ကောင်မ​လေး​တွေက စစ်တပ် သတင်း​ပေးနေကြတာလို့​ပြောတယ်။ အခုလှည်းတန်း​စျေးထဲမှာ ​စျေးသည်​တွေသိမ်း​နေကြတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ပစ်ခတ်ခံရသူ ၂ ဦးသည် စစ်ကောင်စီ၏ သတင်း ပေးများ ဟုတ်၊ မဟုတ်ကို အတည်ပြုနိုင်ခြင်း မရှိဘဲ စွပ်စွဲမှုများ မှန်ကန်မှု ရှိ၊ မရှိ အတည်ပြုနိုင်ခြင်းမရှိပေ။

လက်ရှိတွင် လှည်းတန်းစျေး ပေ ၅၀ လမ်းပေါ်နှင့် လှည်းတန်း ၂လမ်းထိပ်ကို စစ်တပ်နှင့်ရဲက ပိတ်ဆို့ထားကြောင်း၊ စျေးသည်များလည်း စျေးဆိုင်များ ပိတ်သိမ်းနေကြရကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s