Monthly Archives: Jul 2022

Kaung For You နှင့်ပတ်သက်၍ စစ်တပ်၏ ဖမ်းဆီးမှု အန္တရာယ်ရှိနေသော CDM ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူများကို လက် ခံကြိုဆိုမည်ဟု KNU ကရင်အမျိုးသားအ စည်း အရုံးက တရားဝင်ပြော

Kaung For You နှင့်ပတ်သက်၍ စစ်တပ်၏ ဖမ်းဆီးမှု အန္တရာယ်ရှိနေသော CDM ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူများကို လက်ခံကြိုဆိုမည်ဟု KNU ကရင်အမျိုးသားအစည်းအရုံးမှ ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက တရားဝင် အသိပေးပြောဆိုလိုက်သည်။

CDM ဆရာ၊ ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူများကို စစ်တပ်က ဖမ်းဆီးရန် ကြိုးစားနေသည့်အတွက် KNU အနေဖြင့် တိမ်းရှောင်လာသူ များကို လက်ခံနိုင်၊ လက်မခံနိုင် ရန်ကုန်ခေတ်သစ်က မေးမြန်းရာ KNU ဗဟိုအလုပ်အမှု ဆောင် ပဒိုစောတောနီးက လက်ခံမည်ဖြစ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။

“မူဝါဒက အပြောင်းအလဲမရှိပါဘူး။ အရင်အတိုင်းပါပဲ။ ဒီအထိရောက်အောင် တိမ်းရှောင်လာဖို့လိုပါတယ်” ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောသည်။

KNU အနေဖြင့် CDM စစ်သားများ၊ ရဲများ၊ ကျောင်းဆရာ၊ ဆရာမများ၊‌ ကျောင်း သားကျောင်းသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အ ပါအဝင် စစ်တပ်၏ ဖမ်းဆီးမှုမှ တိမ်းရှောင်နေရသော ပြည်သူများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်မှစတင်၍ လက်ခံသော မူဝါဒရှိပြီး လက်ရှိတွင်လည်း အဆိုပါ မူဝါဒအတိုင်း ဆက်လက် လက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။ khit thit

“M4 လည်းလှူ Iphone လည်းယူ project” YDF ရွှေစင်ညို ပြုလုပ်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အခြေစိုက်၊ YDF ရွှေစင်ညိုတပ်ဖွဲ့က တတိယမြောက် project အနေနဲ့ “M4 လည်းလှူ I phone ယူ”   project ကို ဇူလိုင် ၁၇ ရက်နေ့မှာ စတင်လိုက်ပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာ ကျနော်တို့ တပ်ရင်း နဲ့ မဟာမိတ်ညီအကိုများပူပေါင်းပြီး တိုက်ပွဲများဆင်နွှဲကာ စစ်ကောင်စီတပ်သားအကျအဆုံးများလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် (-) မြန်မြန်မောင်းပြီး မုန့်ဟင်းခါးများများချက်နိုင်ဖို့အတွက် တုတ်ကောင်းကောင်းကလည်း လိုအပ်နေသေးတာကြောင့် ခရီးက ထင်သလောက် မရောက်နိုင်သေးပါဘူး ခင်ဗျာ။ ဒါကြောင့် ထောက်ပို့ပြည်သူများဆီကို M4 တလက်လောက် ပူဆာချင်ပါတယ်။ M4 တလက်ဟာ သိန်း ၁၂၀ တန်ပါတယ်ခင်ဗျာ။ လက်ရှိခက်ခဲနေကြတဲ့အချိန်မှာ သိန်း ၁၂၀ ဆိုတဲ့ ပမာဏဟာ များလွန်းတာကြောင့် နှမ်းတစေ့ဆီကနေ ဆီဖြစ်လာသလို ပြည်သူတယောက်ချင်း တယောက်ချင်းဆီကနေ စုပေါင်းပြီး‌ (-) မောင်းမယ့် တုတ်ကောင်းကောင်းတချောင်း ဖြစ်လာဖို့ ထောက်ပို့ပြည်သူများဆီကို “M4 လည်းလှူ  i phone ယူ” လက်မှတ်လေးတွေ ရောင်း‌ပေးချင်ပါတယ်” လို့ YDF ရွှေစင်ညိုရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

” M4 လည်းလှူ  i phone ယူ”  Project မှာတော့ သိန်း ၁၂၀ အတွက် တစောင်ကို မြန်မာငွေ ၁၀,၀၀၀ ကျပ်၊ 10 SGD၊ 10000 KRW လက် မှတ်စောင်ရေ ၁၂၀၀ ကို  ရောင်းချပေးသွားမှာဖြစ်ပြီး မေတ္တာလက်ဆောင်အနေ နဲ့ Iphone 11 pro တလုံး မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။

 Project ကာလကတော့ ဇူလိုင် ၁၇ ရက်မှ ၃၁ရက်‌နေ့ထိဖြစ်ပြီး ပြည်သူတယောက်ကို လက်မှတ်စောင်ရေ အကန့်အသတ်မရှိ ထောက်ပို့ပေးနိုင်ကြောင်း၊ လက်မှတ်ဝယ်ယူလိုသူ‌တွေအနေနဲ့ YDF ရွှေစင်ညိုရဲ့ တယ်လီဂရမ်နဲ့ Facebook စာမျက်နှာတဆင့် ဝယ်ယူအားပေးတော်လှန်‌နိုင်တယ်လို့ YDF ရွှေစင်ညိုက ဆိုပါတယ်။ DVB

Kaung For You နှင့် ချိတ်ဆက် အလုပ်လုပ်ပြီး ဖမ်းဆီးခံရမည့်အရေးမှ တိမ်း ရှောင်လိုသော CDM ဆရာ၊ ဆရာမများကို အကူအညီပေးမည်ဟု မြောင်ပညာ ရေး ကွန်ရက်က ကြေညာ၊ ရှောင်တိမ်းရန် လိုသူများ ဆက်သွယ်နိုင်

Kaung For You သင်တန်းကျောင်းနှင့် ချိတ်ဆက် အလုပ်လုပ်မှုကြောင့် စစ်တပ် ၏ ဖမ်းဆီးမည့်အရေးမှ တိမ်းရှောင် လိုသော CDM ဆရာ၊ ဆရာမများကို တိမ်းရှောင်နေထိုင်ရန် အကူအညီပေးမည်ဖြစ်ကြောင်း မြောင်ပညာရေးကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက တရားဝင် ကြေ ညာသည်။

“လတ်တလော အရမ်းခက်ခဲတဲ့အ နေအထားတွေရှိလာတာကို တွေ့ရတယ် ဘယ်မှာ သွားရမလဲ ဆိုတာ နေရာမရှိနေတဲ့သူတွေ အတွက် ကျွန် မတို့ အနေနဲ့ လုပ်ပေးနိုင်တာနဲ့ ကူညီဖို့ အတွက်ပါ။ ဆက်သွယ်ဖို့အတွက်ကတော့ ပေ့ချက်ဘောက် နှင့် တယ်လီဂရမ် မှ ဆက်သွယ်ပေးပါ။ လိုအပ်တာ စစ်ဆေးမေးမြန်းပြီး လက်ခံပါ့မယ်။ ပေ့ သို့မဟုတ် တယ်လီကို ဆက်သွယ်လာပြီဆိုရင်တော့ ဒီဘက်ရောက်တာနဲ့ ပညာရေးကိုလည်းဝိုင်းကူနိုင်တာတွေ အများကြီးရှိပါတယ်။ ဆရာဆရာမတို့ဘေးကင်းလုံခြုံဖို့စေဖို့တာဝန်ယူပါတယ်။ အခက်အခဲတွေဖြစ်တယ် လိုအပ်တာရှိပါက” ဟု မြောင်ပညာရေးကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။

Kaung For You ပညာရေးကျောင်းနှင့်ချိတ်မှုကြောင့် တိမ်းရှောင်လိုသူ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အနေဖြင့် မြောင်ပ ညာရေး ကွန်ရက်ကို အောက်ဖော်ပြပါ လိပ်စာများမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

ဆက်သွယ်ရန် Telegram link- https://t.me/myaungpdfcdsom နှင့် Myaung Education Network မြောင်ပညာရေးကွန်ရက်၏ ဖေ့ဘုတ်စ် လူမှုကွန်ရက် – https://www.facebook.com/photo/?fbid=147713441202980&set=a.118085770832414 နိုင်ကြောင်း သိရှိရသည်။ khit thit

စိတ်ကြွမူးယစ်ဆေးဝါးများကို တရားဝင်သုံးစွဲလာတဲ့ စစ်ကောင်စီတပ်

အာဏာသိမ်းစစ်ကောင်စီတပ်များသည် ရှေ့တန်းတွင် စိတ်ကြွမူးယစ်ဆေးဝါးများကို သုံးစွဲလျက်ရှိပြီး တရားဝင်သုံးစွဲခွင့်ပြုထားကြောင်း လူ ထုအာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်လာသည့် စစ်ကောင်စီ တပ်သားတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်ကောင်စီတပ်သားများသုံးစွဲကြသည့် မူးယစ်ဆေးအမျိုးအစားများ ကွဲပြားသလို အရေအတွက်နှင့်သုံးစွဲ သည့် အနည်းအများပမာဏလည်း ကွာခြားကြောင်းသိရသည်။

လောက်ကိုင်စစ်ပွဲနှင့် KNU ဒေသများရှိတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့ဖူးသည့် တပ်သားရဲရင့်သွေး ကတော့ WY ဆေးပြားလို့ခေါ်တဲ့ စိတ် ကြွမူးယစ်ဆေးဝါးကို သုံးစွဲခဲ့သူတစ်ဦးပါ။

ဒီလို မူးယစ်ဆေးဝါးတွေသုံးစွဲဖို့ကို ဘယ်လိုရာထူးအဆင့်ရှိသူတွေက ညွှန်ကြားလာတယ်ဆိုတာနဲ့ သူ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ရှေ့တန်းစခန်းတွေက မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ကြုံတွေလာတဲ့အဖြစ်အပျက် တွေကို မဇ္ဈိမမှတဆင့် ယခုကဲ့သို့ ဖွင့်ဟပြောဆိုလာပါတယ်။ mizzima

ရခိုင်တွင် အရပ်သား ၃၀ ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ အပါအဝင် ပုဒ်မအချို့ဖြင့် တရားစွဲထား

ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ ၁၆ ဦးကို ရက္ခိုင့်တပ်တော်(အေအေ)က ဖမ်းဆီးပြီးနောက် စစ်ကောင်စီက အရပ်သား ၁၀၀ နီးပါးကို ဖမ်းဆီးကာ အယောက် ၃၀ ကို နိုင်ငံတော်ဆူပူမှု ဥပဒေပုဒ်မ  ၅၀၅ အပါဝင် ပုဒ်မတချို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတယ်လို့ ရခိုင်နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုထားသူတွေထဲမှာ နိုင်ငံတော်ဆူပူမှု ဥပဒေပုဒ်မ ၅၀၅ နဲ့ စစ်တွေမြို့နယ်က ၉ ဦး၊ မြောက်ဦးမြို့နယ်က ၈ ဦး၊ ကျောက်တော်မြို့နယ်က ၃ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်က ၃ ဦး၊ ကျောက်ဖြူမြို့နယ်က ၂ ဦးတို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က နောက်ထပ် ၃ ဦးကို ဝတ္တရားနှောင့်ယှက်မှု၊ မသင်္ကာမှု ဥပဒေပုဒ်မ ၃၃၃/၁၄၄ တို့နဲ့  တရားစွဲဆိုထားတယ်လို့ နိုင်ငံရေး အကျဥ်းသားဟောင်း စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးကိုလည်း  ခြေချုပ်မှုနဲ့တရားစွဲဆိုထားတယ်လို့ မိသားစုဝင်တွေ ပြောပါတယ်။

စစ်ကောင်စီက လက်ရှိမှာ ငြိမ်ချမ်းရေးလို့ စကားတွေပြောနေရင် ငြိမ်ချမ်းရေးအလုပ်ကိုလည်း လုပ်သင့်ပြီး ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုးတွေလည်း မဖြစ်စေရဘူးလို့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

“ငြိမ်ချမ်းရေးလို့ စကားတွေပြောလာရင် ငြိမ်ချမ်းရေး အလုပ်ကို လုပ်ပြပေးဖို့လိုအပ်တယ်။ ပြည်သူကို ဝန်ထုတ်ဝန်ပိုးတွေ မဖြစ်စေရဘူး။ တော်လှန်ရေး လုပ်တာဖြစ်ဖြစ်၊ နိုင်ငံရေးလုပ်တာဖြစ်ဖြစ် ပြည်သူတွေကို ကောင်းစားစေချင်လို့ လုပ်ကြတာဖြစ်တယ်။ ပြည်သူကို ကောင်းစားစေချင်တဲ့ ဆန္ဒရှိရင် ပြည်သူကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေဖို့ လိုအပ်တယ်လို့ မြင်တယ်။”

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့သူတွေဟာ သာမန်အရပ်သားတွေသာဖြစ်ကြပြီး သူတို့မှာ ဘာအပြစ်မှ မရှိတာကြောင့် ပြန်လွှတ်ပေးစေချင်တယ်လို့ ပုဏ္ဏားကျွန်းမြို့က ဖမ်းဆီးခံထားရတဲ့ ကိုဘလှိုင်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“အခုတရားစွဲခံထားရသူတွေက သာမန်အရပ်သားတွေပါ။ သူတို့က ဘာလက်နက်ကိုင် ဘာနိုင်ငံရေးမှလည်း လုပ်နေကြတာမဟုတ်ဘူး။ အရပ်သားတွေကို အပြစ်မရှိ အပြစ်ရှာပြီး တရားစွဲဆိုထားတာက လုံးဝ မတရားဘူး။ သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။” 

အရပ်သားတွေကို အထောက်အထားမခိုင်လုံဘဲ ဖမ်းဆီးချုပ်နှောင်းပြီး တရားစွဲဆိုနေတာတွေက မတရားမှုတွေဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူအခွင့်ရေး ကြေညာစာတန်းတွေကိုလည်း ချိုးဖောက်နေတာလို့ ရခိုင်လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

“အရင်ကလည်း အရပ်သားပြည်သူတွေကို အထောက်အထားမခိုင်လုံဘဲ ဖမ်းဆီးပြီး နှစ်ရှည်ကြာ တရားစွဲခဲ့တာတွေရှိခဲ့တယ်။ အခုလည်း အထောက်အထားမခိုင်လုံဘဲ ဖမ်းဆီးပြီး တရားစွဲဆိုနေတာတွေက မတရားမှုတွေဖြစ်တယ်။ နောက်ပြီး အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေညာစာတန်းကိုလည်း ချိုးဖောက်နေတာဖြစ်တယ်။” 

ရခိုင်ပြည်နယ်က ဖမ်းဆီးတရားစွဲဆိုထားသူတွေကို သက်ဆိုင်တဲ့ မြို့နယ်အသီးသီးတွေမှာ ရုံးတင်ပြီး စစ်ဆေးဖို့ စစ်ကောင်စီက လုပ်ဆောင်နေတာတွေရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်တွေမြို့နယ်က အရပ်သား ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး မှောင်ရိပ်ခိုမှုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပါတယ်။ DVB

Kaung For You Education နှင့်ပတ် သက်၍ ခြိမ်းခြောက်ငွေညစ်မှုများ အရေးယူနိုင်ရန် NUG ဆောင်ရွက် မည်

Kaung For You Education ၏ အချက်အလက်ပေါက်ကြားမှုကြောင့် ဖြစ်ပေါ်လာသည့် ခြိမ်းခြောက်၍ ငွေညစ်တောင်းခံနေရမှုများကို အ ရေးယူနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ရန် (Complaint Mechanism) Hotline Channel များတည်ထောင် ပြီး အရေးယူနိုင်ရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း NUG ကဆိုသည်။

Kaung for You Education ကျောင်းတည်ထောင်သူ ဦးကောင်းသိုက်စိုးဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်းတွင် ၎င်းတို့ကျောင်းမှ ကျောင်းသားကျောင်းသူနှင့်ဆရာဆရာမ စုစုပေါင်း ၂၀ နီးပါးကို စစ်ကောင်စီကဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ဦးကောင်းသိုက်စိုးကို စစ်ကောင်စီက ဇူလိုင်လ ၁၆ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၌ ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းကို ပြည့်တန် ဆာအခန်းတစ်ခုတွင် CDM ဆရာနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ထုတ်ပြန်ခဲ့မှုအပေါ်တွင် ဆရာနောင်ချိုက “ဘယ်လိုမြင်လည်းဆိုတော့ ဒါသည်လုပ်ဇာတ်လို့ပဲ မြင်ပါ တယ်။ နောက်တစ်ခုက ပြည်သူပညာရေးကျောင်းတွေကိုတည်ထောင်နေတဲ့ ဆရာတွေက အလှူငွေတွေ နဲ့ ဒီလိုလုပ်နေတယ်ဆိုပြီး ပုံဖျက်ပြီး ဂုဏ်သိက္ခာချဖို့အတွက် လုပ်တယ်လို့ ယူဆပါတယ်” ဟုဆိုသည်။

စစ်ကောင်စီအနေဖြင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဖမ်းဆီးရမိသည့်အခါများတွင် လူ့ဂုဏ်သိက္ခာ ကို ကျဆင်းစေမည့် စကားလုံးများ၊ ဖြစ်ရပ်များဖြင့် ဖော်ပြလေ့ရှိသည်ကိုတွေ့ရသည်။

ယနေ့ ဇူလိုင်လ ၁၇ ရက်တွင်ပြုလုပ်သည့် ပြည်သူလူထုနှင့် NUG တို့တွေ့ဆုံပွဲတွင် NUG ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “Kaung For You နဲ့ ပတ်သက်ပြီး လောလောဆယ်ဖြစ်ပျက်နေတာကလည်း တကယ်တော့ Right to Education ကို ချိုးဖောက်နေခြင်း ဖြစ်ပါတယ်။ အမျိုးမျိုး ပုံဖျက်နေခြင်းပဲ ဖြစ်ပါတယ်” ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှစပြီး Kaung For You Education ကျောင်းတွင် ကျောင်းအပ်နှံရန် တောင်းခံထားသော ကျောင်းသားကျောင်းသူများနှင့် သင်ကြားပေးနေသော ဆရာဆရာမများ၊ သင်ကြား ရန် လျှောက်ထားသော ဆရာဆရာမများ၏ အချက်အလက်များပေါက်ကြားခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်ကို NUG ပညာရေးဝန်ကြီးဌာနက Kaung For You ကျောင်းတာဝန်ရှိသူများအား ခေါ်ယူဆွေးနွေးရုံဖြင့် မလုံ လောက်သည့်အတွက် ကျောင်းတာဝန်ရှိသူများကိုစစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေးအတွက် ကော် မရှင်တစ်ရပ်ကို ဇွန်လ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်ဟုဆိုသည်။

ကျောင်းသားကျောင်းသူများကို ပညာသင်ကြားပေးနေသော ဆရာဆရာမများအား မတရားဖမ်းဆီးခြင်း သည် ပညာသင်ယူခွင့်ဆုံးရှုံးနေသေ ာကလေးသူငယ်များ စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိစေရန် အတွက် ကြားကာလပညာရေးဖော်ဆောင်နေသော ကျောင်းများကို ဖျက်ဆီ းရန်ရည်ရွယ်ချက်ဖြင့် လုပ် ဆောင်နေခြင်းဖြစ်သလို “လူ့အခွင့်အရေးကြေညာချက်စာတမ်း” အပိုဒ် (၂၆) ကမ္ဘာ့ကလေးသူငယ် အခွင့် အရေးဆိုင်ရာသဘောတူစာချုပ် အပိုဒ် (၃၊ ၂၈)နှင့် ပြည်တွင်းဥပဒေဖြစ်သည့် ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ကျူးလွန်နေ ခြင်းဖြစ်သည်။

အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်စေရန်အတွက်လည်း လမ်းညွှန်အကြံပြုချက်များ၊ ပံ့ပိုးကူညီမှုများ နှင့်အတူ ပညာရေးလုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီး ဌာနက ဆိုထားသည်။

ဖြစ်ပွားလျက်ရှိနေသည့် ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး ပြည်သူများတိုင်ကြားနိုင်ရန် (Complaint Mechanism) Hotline channel များကို ဆောင်ရွက်အသိပေးသွားမည်ဖြစ်ပြီး ဆရာ၊ ဆရာမများ၊ မိဘ များနှင့် ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုအစီအစဉ်များကိုလည်း (Counseling Service) လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ mizzima

ရန်ကုန်တွင် လုယက်မှု များပြားလာသဖြင့် သတိပေးစာများ ချိတ်ဆွဲ

ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ ပါရမီလမ်းမပေါ်မှာ ဆိုင်ကယ်နဲ့ လုယက်တာတွေများပြားနေတဲ့အတွက် သတိထားသွားလာကြဖို့ လျှပ်စစ်ဓာတ်ကြိုးတွေမှာ သတိပေးဆိုင်းဘုတ်တွေ ချိတ်ဆွဲပြီး သတိပေး တာတွေကို ပြည်သူတွေက ပြုလုပ်နေကြပါတယ်။

စစ်ကောင်စီက အုပ်ချုပ်နေတဲ့ တနှစ်ကျော်ကာလအတွင်းမှာ တရားဥပဒေစိုးမိုးမှု လျော့ကျလာပြီးတော့ ကုန်းဈေးနှုန်းမြင့်တက်မှု၊ အလုပ်အ ကိုင်ရှားပါးလာမှုတွေကြောင့် ခိုးဆိုးလုနှိုက်တွေဟာ ပိုမိုများပြားလာတဲ့အတွက် ပြည်သူတွေဟာ စစ်ကောင်စီရဲ့ တရားစီရင်ရေးထက် အခုလို ပြည်သူအချင်းချင်း သတိပေးတာတွေပြုလုပ်လာရတာလို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

ရန်ကုန်မှာ ယခင်က မြို့စွန်တွေလောက်မှာပဲ လုယက်မှုတွေရှိနေပေမယ့် အခုအခါ လူသွား လူလာများပြားတဲ့ နေရာတွေမှာပါ အသက်အန္တ ရာယ်ထိခိုက်စေလောက်တဲ့ လုယက်မှုတွေကို ကျူးလွန်လာကြပေမယ့် စစ်ကောင်စီရဲ့ ရဲဌာနကတော့ ပြည်သူတွေ အားကိုးအားထား ထိုက်ပြုလောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။

လုယက်မှုတွေဟာ ရန်ကုန်မြို့ လှည်းတန်းလို လူစည်ကားတဲ့နေရာတွေမှာတောင် ဖုန်းလုယူ ထွက်ပြေးတဲ့ ဖြစ်စဥ်တွေ မကြာခဏဖြစ်ပေါ်နေပြီး လုယက်သူတွေကို ပြည်သူအချင်းချင်းကသာ ဝိုင်းဝန်းဖမ်းစီးပြီး ရဲစခန်းကို ပို့ဆောင်ပေမယ့် ရဲစခန်းကတော့ ငွေပေးနိုင်မှ အမှုဖွင့်ပေးမယ်ဆိုတဲ့ ဖြစ်စဥ်တွေကိုလည်း ကြုံတွေ့နေရတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ဆိုပါတယ်။ DVB

ကျဆုံးသွားသော ပုလော PDF တပ်ခွဲမှူး၏ ဖခင်ဖြစ်သူ ထားဝယ်တွင် ဖမ်းဆီးခံရ

ပုလော PDF မှ ကျဆုံးသွားသော တပ်ခွဲမှူး၏ဖခင်ဖြစ်သူ ဦးထွန်းမင်းလတ်အား စစ်ကောင်စီတပ်က တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက် နေ့က ဖမ်းဆီးလိုက်ကြောင်း နီးစပ်သူများ ထံမှ သိရသည်။

ထားဝယ်မြို့ ဝဲကျွန်း လေသာ(၄)လမ်းရှိနေအိမ်တွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခြင်းခံလိုက်ရသည့် ဦးထွန်းမင်းလတ်သည် ပုလောမြို့တွင်နေထိုင်သူဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထားဝယ်မြို့သို့ ယာယီပြောင်းရွှေ့နေထိုင်စဉ် ယခုကဲ့သို့ စစ်ကောင်စီတပ်ကလာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မိသား စုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းနဲ့ နီးစပ်သူတစ်ဦးက “သူ့သားက ပုလောမြို့ ပ၀ကုန်းရွာတိုက်ပွဲမှာ စစ်တပ်ကစနိုက်ပါနဲ့ပစ်လို့ ကျဆုံး သွားတာပါ။ ထားဝယ်မှာ သားအတွက် ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရည်စူးပြီး အလှူတန်းလုပ်တဲ့ ပုံတွေကို လူမှုကွန်ရက်ပေါ်မှာတင်ပြီးတဲ့နောက် အခုလို အဖမ်းခံလိုက်ရတယ်”ဟု ပြော သည်။

လက်ရှိ စစ်ကောင်စီ ဖမ်းဆီးလိုက်သည့် ပုလောဒေသခံ ဦးထွန်းမင်းလတ်သည် ယခင်က ပုလောမြို့တွင် ရှိနေစဉ် ပထမအကြိမ်ဖမ်းဆီးခြင်းခံရပြီးနောက် စစ်ကောင်စီကပြန်လွတ်ပေးခဲ့ကြောင်း သိရ သည်။

“PDF တပ်ခွဲမှူးစော်ဘွား ကျဆုံးတဲ့အချိန်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးက အလောင်းလာကောက်ဖို့ ဖခင် ဖြစ်သူကို ဖုန်းဆက်အကြောင်းကြားခဲ့သေးတယ်”လို့ မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။ mizzima

ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်ရှိ စစ်ထောက် လှမ်းရေးတပ် စစ်ဆေးရေး ဂိတ်ပေါက် ၂ ခုဖောက်ခွဲ တိုက်ခိုက်ခံရ၊ တောင်ဒဂုံမြို့နယ်၊ ကျည်စုရပ်ကွက်ရုံးလည်း ဖောက်ခွဲ တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ဝင်းရှေ့ရှိ စစ်ထောက်လှမ်းရေးတပ် စစ်ဆေးရေး ဂိတ်ပေါက် ၂ ခုကို ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် UG လူငယ်များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ထိခိုက်မှု အခြေအနေ မသိရသေးဘူး။ အဝေးပြေး ဝင်းရှေ့တည့်တည့်က ဂိတ်ပေါက်ရယ် ၃ လမ်းဆုံ ထိပ်က ဂိတ်ပေါက်ရယ် ၂ နေရာ စလုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဂိတ်ပေါက် ၂ ခုလုံးက စစ်ထောက် လှမ်းရေး ဂိတ်ပေါက်တွေပဲ” ဟု UG ရဲဘော် တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Silver Coin N/Oka အဖွဲ့နှင့် မြောက်ဥက္ကလာ သမိုင်း မရိုင်းစေချင် လူငယ်များ အဖွဲ့ က ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ACPLF Ranger အဖွဲ့က ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန် တောင်ဒဂုံမြို့နယ် ကျည်စု ရပ် ကွက်ရုံးကို ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ပြ ပြောက်ကျား တပ်ဖွဲ့များက ဖောက် ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက် ပျက်စီးမှုများ ရှိကြောင်း သိရသည်။

ထို့ပြင် တောင်ဒဂုံ လှော်ကားလမ်းမကြီးတွင် စစ်တပ် ယာဥ်တန်းကို ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်ထား သည်ကို အကြမ်းဖက် စစ်တပ်ကို သ တင်းပေးမှုများရှိခဲ့​ကြောင်း၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဗုံးတပ်ဆင်ထားသည်ကို တွေ့ရှိခဲ့ပြီး စစ်တပ်က သိမ်းဆည်းသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Yangon UG Association (YUA) ၏ မဟာမိတ် ညီနောင်များဖြစ်သော Secret Underground Force (SUF)၊ Special Nway Oo (SNO) နှင့် God’s Hand Forces (GHF) အဖွဲ့တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။khit thit

« Older Entries