ကျဆုံးသွားသော ပုလော PDF တပ်ခွဲမှူး၏ ဖခင်ဖြစ်သူ ထားဝယ်တွင် ဖမ်းဆီးခံရ

ပုလော PDF မှ ကျဆုံးသွားသော တပ်ခွဲမှူး၏ဖခင်ဖြစ်သူ ဦးထွန်းမင်းလတ်အား စစ်ကောင်စီတပ်က တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက် နေ့က ဖမ်းဆီးလိုက်ကြောင်း နီးစပ်သူများ ထံမှ သိရသည်။

ထားဝယ်မြို့ ဝဲကျွန်း လေသာ(၄)လမ်းရှိနေအိမ်တွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခြင်းခံလိုက်ရသည့် ဦးထွန်းမင်းလတ်သည် ပုလောမြို့တွင်နေထိုင်သူဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထားဝယ်မြို့သို့ ယာယီပြောင်းရွှေ့နေထိုင်စဉ် ယခုကဲ့သို့ စစ်ကောင်စီတပ်ကလာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မိသား စုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းနဲ့ နီးစပ်သူတစ်ဦးက “သူ့သားက ပုလောမြို့ ပ၀ကုန်းရွာတိုက်ပွဲမှာ စစ်တပ်ကစနိုက်ပါနဲ့ပစ်လို့ ကျဆုံး သွားတာပါ။ ထားဝယ်မှာ သားအတွက် ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရည်စူးပြီး အလှူတန်းလုပ်တဲ့ ပုံတွေကို လူမှုကွန်ရက်ပေါ်မှာတင်ပြီးတဲ့နောက် အခုလို အဖမ်းခံလိုက်ရတယ်”ဟု ပြော သည်။

လက်ရှိ စစ်ကောင်စီ ဖမ်းဆီးလိုက်သည့် ပုလောဒေသခံ ဦးထွန်းမင်းလတ်သည် ယခင်က ပုလောမြို့တွင် ရှိနေစဉ် ပထမအကြိမ်ဖမ်းဆီးခြင်းခံရပြီးနောက် စစ်ကောင်စီကပြန်လွတ်ပေးခဲ့ကြောင်း သိရ သည်။

“PDF တပ်ခွဲမှူးစော်ဘွား ကျဆုံးတဲ့အချိန်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးက အလောင်းလာကောက်ဖို့ ဖခင် ဖြစ်သူကို ဖုန်းဆက်အကြောင်းကြားခဲ့သေးတယ်”လို့ မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s