Kaung For You နှင့် ချိတ်ဆက် အလုပ်လုပ်ပြီး ဖမ်းဆီးခံရမည့်အရေးမှ တိမ်း ရှောင်လိုသော CDM ဆရာ၊ ဆရာမများကို အကူအညီပေးမည်ဟု မြောင်ပညာ ရေး ကွန်ရက်က ကြေညာ၊ ရှောင်တိမ်းရန် လိုသူများ ဆက်သွယ်နိုင်

Kaung For You သင်တန်းကျောင်းနှင့် ချိတ်ဆက် အလုပ်လုပ်မှုကြောင့် စစ်တပ် ၏ ဖမ်းဆီးမည့်အရေးမှ တိမ်းရှောင် လိုသော CDM ဆရာ၊ ဆရာမများကို တိမ်းရှောင်နေထိုင်ရန် အကူအညီပေးမည်ဖြစ်ကြောင်း မြောင်ပညာရေးကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက တရားဝင် ကြေ ညာသည်။
“လတ်တလော အရမ်းခက်ခဲတဲ့အ နေအထားတွေရှိလာတာကို တွေ့ရတယ် ဘယ်မှာ သွားရမလဲ ဆိုတာ နေရာမရှိနေတဲ့သူတွေ အတွက် ကျွန် မတို့ အနေနဲ့ လုပ်ပေးနိုင်တာနဲ့ ကူညီဖို့ အတွက်ပါ။ ဆက်သွယ်ဖို့အတွက်ကတော့ ပေ့ချက်ဘောက် နှင့် တယ်လီဂရမ် မှ ဆက်သွယ်ပေးပါ။ လိုအပ်တာ စစ်ဆေးမေးမြန်းပြီး လက်ခံပါ့မယ်။ ပေ့ သို့မဟုတ် တယ်လီကို ဆက်သွယ်လာပြီဆိုရင်တော့ ဒီဘက်ရောက်တာနဲ့ ပညာရေးကိုလည်းဝိုင်းကူနိုင်တာတွေ အများကြီးရှိပါတယ်။ ဆရာဆရာမတို့ဘေးကင်းလုံခြုံဖို့စေဖို့တာဝန်ယူပါတယ်။ အခက်အခဲတွေဖြစ်တယ် လိုအပ်တာရှိပါက” ဟု မြောင်ပညာရေးကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။
Kaung For You ပညာရေးကျောင်းနှင့်ချိတ်မှုကြောင့် တိမ်းရှောင်လိုသူ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အနေဖြင့် မြောင်ပ ညာရေး ကွန်ရက်ကို အောက်ဖော်ပြပါ လိပ်စာများမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
ဆက်သွယ်ရန် Telegram link- https://t.me/myaungpdfcdsom နှင့် Myaung Education Network မြောင်ပညာရေးကွန်ရက်၏ ဖေ့ဘုတ်စ် လူမှုကွန်ရက် – https://www.facebook.com/photo/?fbid=147713441202980&set=a.118085770832414 နိုင်ကြောင်း သိရှိရသည်။ khit thit