Monthly Archives: Jul 2022

ဗန်းမော်မြို့တွင် ပျူစောထီးအဖွဲ့၀င်တဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်ရှိ စိန်ပန်းကုန်းအုပ်စု၊ ရွှေကျီးနားလမ်းဆုံမှာ ဇူလိုင် ၁၇ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင်တယောက် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါပစ်ခတ်လုပ်ကြံခံရသူဟာ ခမရ ၂၃၆ တပ်မှ အငြိမ်းစားယူထားတဲ့ ပျူစောထီးအဖွဲ့ဝင် ဦးတင်ဇော်ထွေး အသက်(၅၆)နှစ် ဖြစ်ပြီး ဇနီးဖြစ်သူ လမ်းဆုံမှာဖွင့်ထားတဲ့ ခေါက်ဆွဲဆိုင် ရောက်ရှိနေချိန် Mask အုပ်ထားတဲ့ လူ ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ ၂ ချက်ပစ် ခတ်ကာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

“မနက်က မိုးတွေရွာတော့ လမ်းမဘက်မှာ လူရှင်းတယ်လေ။ သူက ဆိုင်အနောက်ဘက် ရေမြောင်းဖောက်နေချိန်မှာ လူ ၂ ဦးကပစ္စတိုနဲ့ပစ်ခတ်သွားတ။” လို့ မြို့ခံတဦးက ပြောပါတယ်။

ဦးတင်ဇော်ထွေးဟာ သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် နေရာမှာတင် သေဆုံးသွားခဲ့ပြီး  စစ်ကောင်စီတပ်က လာရောက်သယ်ဆောင်သွားခဲ့ပြီး ဗန်းမော်ပြည်သူ့ဆေးရုံကြီး ပို့ဆောင်ခဲ့ ကြတယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

ပစ်ခတ်လုပ်ကြံသူ နှစ်ဦး ဘယ်သူတွေဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ DVB

ရန်ကုန်တွင် လွတ်လပ်ရေး အာဇာနည် ကိုးဦးနှင့် နွေဦးတော်လှန်ရေးတွင်ကျဆုံး ခဲ့သော အာ ဇာနည်များကို ချီတက်အလေးပြုပြီး စစ်အာ ဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

khit thit

“အာဇာနည်မျိုး ကိုးဦးမကတော့ပြီ” 

အာဇာနည်နေ့အကြိုအထိမ်းအမှတ်အဖြစ် သပိတ်လူငယ်တွေ ပေါင်းစုပြီး ရန်ကုန်မြို့ရဲ့တနေရာမှာ ဆန္ဒပြလှုပ်ရှားမှုတရပ် ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။ 

ခေတ်အဆက်ဆက် မြန်မာ့သမိုင်းမှာ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရတဲ့ အာဇာနည်များအတွက် ‘အာဇာနည်မျိုး ကိုးဦးမကတော့ပြီ’ စာတန်းပါ ဘန်နာနဲ့အတူ လွမ်းဆွတ်သူပန်းတွေနဲ့ ဂုဏ်ပြုချီတက်အလေးပြုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ကို ပြုလုပ်ခဲ့ပါတယ်။

လှုပ်ရှားမှုကို လူငယ်များသမဂ္ဂ-ဗဟို၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုတို့ ပူးပေါင်းဦးဆောင်ပြီး ရန်ကုန်စစ်အာဏာရှင်ဆန့် ကျင်ရေးအင်အားစု (AJAY)၊ Revolution Force (RF) ၊ Labour Alliance အဖွဲ့ဝင် CTUM အလုပ်သမားအဖွဲ့အစည်း၊ ရေဘဝဲ (ပြည်သူ့အ ကျိုး ပြု လူငယ်အဖွဲ့အစည်း)၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ LGBT Union Mandalay၊ Youths Association of Thingangyun (YAT)၊  ပညာနန်းတော်ကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂနဲ့  လှိုင်သာယာမြို့နယ် အခြေခံပညာကျောင်း သားများသမဂ္ဂတို့က ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ DVB

Kaung For you ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ ရှောင်တိမ်းရန် အရေးပေါ် သတိပေးချက်များ ထုတ်ပြန်၊ တိုင်းစစ်ဌာနချုပ်အလိုက် ဖမ်းဆီးမည့်သူ စာရင်းပြုစုထား

Kaung For you တွင် စာသင်ရန်နှင့် အလုပ်လျှောက်ထားခဲ့ကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အနေဖြင့် ရှောင်တိမ်းကြရန် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးနှင့် တက်ကြွလှုပ်ရှားသူများက အရေးပေါ် သတိပေးချက်များ ထုတ်ပြန်လိုက်ပြီဖြစ်သည်။

လက်ရှိတွင် စစ်တပ်က Kaung For You တည်ထောင်သူနှင့် ဆရာ ၂ ဦးကို ဖမ်းဆီးပြီးနောက် အချက်အလက်များအားလုံး ၎င်းတို့၏ လက်ထဲရောက်ရှိသွားပြီဖြစ်ပြီး တိုင်းစစ်ဌာနချုပ်အလိုက် ဖမ်းဆီးရမည့်စာရင်းများကို ပြုစုပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

“Kaung For Youရဲ့Founderဖြစ်တဲ့ ဆရာကောင်းသိုက်စိုးအဖမ်းခံရကြောင်း MRTVမှာကြေညာသွားပါတယ်။ အဲ့ဒီအတွက် ကျောင်းအပ်ထားတဲ့ကလေးမိဘတွေ၊ CDM တွေ၊ ကျောင်းသားတွေ အားလုံးဂရုစိုက်ပေးကြပါ။ ကျွန်တော်တို့အခြေခံပညာကျောင်းသားလူငယ်များအစည်းအ ရုံး(အကလ-ဗဟို)ကနေနှိုးဆော်ခဲ့တဲ့အတိုင်း Telegram/Viber GroupများထဲကနေLeaveလုပ်ထားကြပြီး User name တွေ၊ Profile Photo တွေကိုပြောင်းပေးထားကြပါ။ မိဘတွေအနေနဲ့K4Uကိုပေးထားတဲ့ဖုန်းနံပါတ်တွေကိုခဏစွန့်​ပစ်ပြီးတစ်ခြားဖုန်းနံပါတ်ကိုပြောင်းလဲအသုံးပြုပေးကြပါ။အတတ်နိုင်ဆုံးကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုထိန်းသိမ်းထားပါ။ ဖြစ်နိုင်ရင်နေရာပြောင်းရွှေ့ပြီးနေပေးကြပါ။ Kaung For Youကဆက်သွယ်ခဲ့သောPhoneများကိုရော၊ အယောင်ဆောင်ဖုန်းများအားလုံးကိုBlack list(သို့မဟုတ်)Blockထားကြပါ။ Kaung For Youနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုအတတ်နိုင်ဆုံးဆက်လက်ပြီးစောင့်ကြည့်ပေးကြဖို့ကျွန်တော်တို့အခြေ ခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)အနေနဲ့နှိုးဆော်ပါတယ်”ဟု အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)က အ ရေးပေါ် ကြေညာချက်ထုတ်ပြန်သည်။

CDM ဗိုလ်ကြီး Captain Zero ကလည်း “K4Uမှာစာသင်တဲ့ဆရာ ၊ ဆရာမတွေ ရှောင်ကြဖို့လိုပါပြီ ။ အခုပဲ ဆရာမတစ်ယောက်အိမ်ကိုလာရှာတာ ကံကောင်းလို့ အဲ့ဆရာမလွတ်သွားပါတယ် ။ Dataအစုံအလင် စကစလက်ထဲရောက်သွားပြီမို့ မပေါ့ကြပါနဲ့တော့ ။ မိသွားရင် ခေါင်းစဉ်မျိုးစုံတပ်ပြီး အမှုကြီးနဲ့အဖွင့်ခံရမှာပါ ။ ကျေးဇူးပြုပြီး K4Uနဲ့ပတ်သက်သူတွေ ကျွန်တော့်ဒီpostမှာ ဝင်မမန့်ပါနဲ့နော် ။ စာကိုမြင်တာနဲ့ တန်းရှောင်ပါ” ဟု သတိပေးချက်တစ်ရပ်ကို လူမှုကွန်ရက်တွင် ရေးသားထားသည်။ khit thit

ဖာပွန်ခရိုင်၌ ၁၅ ရက်အတွင်း တိုက်ပွဲ ၆၉ ကြိမ်ဖြစ်၊ စစ်ကောင်စီဒုဗိုလ်အပါအဝင်အယောက် ၃၀ သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ ဖာပွန် (မူတြော်) ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တွေနဲ့ KNLA တပ်ဖွဲ့တို့ ဇူလိုင်လ နှစ်ပတ်တာအတွင်း တိုက်ပွဲပေါင်း ၆၉ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီရဲ့ ဒုဗိုလ်အပါအဝင်အယောက် ၃၀ သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ဒီနေ့ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ ထောက်ပို့ယာဉ် ၁ စီးနဲ့ မြင်းလား ၁ ကောင်ကို သုတ်သင်ချေမှုန်းနိုင်ခဲ့သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဘက်က တပ်ဖွဲ့ဝင် ၆ ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်ခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ နှစ်ပတ်တာအတွင်း စစ်ကောင်စီက လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုနဲ့ ဘူးသိုမြို့နယ်၊ ပါဟိုက်ကျေးရွာအုပ်စုအတွင်းက ကျေး ရွာနှစ်ရွာအတွင်းကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒ့ါအပြင် မြေပြင်ကနေ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေအတွင်းနဲ့ လုပ်ငန်းခွင်တွေအတွင်းကို အမြောက်လက်နက်ကြီး ၁၇ လုံး ပစ်ခတ်ခဲ့ပါတယ်။

ဇူလိုင် ၁၄ ရက်က ဘူးသိုမြို့နယ်၊ မယ်ပြိ(မဲပလိ) ကျေးရွာအုပ်စုအတွင်း အမှတ် ၁၀၀၁၄ နယ်ခြားစောင့်တပ် (BGF) တပ်ရင်းမှူး ဗိုလ်မောင်ချစ်ရဲ့ ညွန်ကြားချက်နဲ့ BGF တပ်ဖွဲ့ဝင်တွေက ဒေသခံပြည်သူတွေဆီကနေ အတင်းအဓမ္မငွေကြေးကောက်ခံခဲ့ပါတယ်။

ဒါ့အပြင် ဘူးသိုမြို့နယ်၊ မယ်ပြိကျေးရွာအုပ်စု၊ ထီးလားဘက်ထာကျေးရွာကမ်းနားဂိတ်၊ ပွယ်လော်ကလိုး(ယွန်းစလင်းချောင်း)အတွင်း ကူးလူးသွားလာနေတဲ့ စက်‌လှေ ၁ စီးကို ၂၀၀၀၀ ကျပ်နဲ့ ဖောထီးခူကမ်းနားဂိတ်ကနေ ကူးလူးသွားလာနေတဲ့ စက်လှေ ၁ စီးကို ၅၀၀၀၀ ကျပ်စီ အ တင်း အဓမ္မ ဆက်ကြေး‌ကောက်ခံခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။ DVB

မန္တလေးတွင် ရွှေဆိုင်နှင့်ဘဏ်ဓားပြတိုက်မှုများ ထိန်းမနိုင်တော့၍ အကြမ်း ဖက် စစ်ကောင်စီက အစည်းအဝေးခေါ်ယူ၊ လုံခြုံရေး အစီအမံများ ရှင်းပြမည်ဟုဆို

မန္တလေးတွင် ရွှေဆိုင်နှင့် ဘဏ်ဓားပြတိုက်မှုများ ဖြစ်ပွားနေရာတွင် မည်သည့် ဘဏ်ဓားပြတိုက်မှုကိုမှ ဖိဖိစီးစီး ကိုင်တွယ်နိုင်ခြင်းမရှိတော့သဖြင့် အကြမ်း ဖက်စစ်ကောင်စီက ဘဏ်မန်နေဂျာများကို အစည်းအဝေး ဖိတ်ခေါ်လိုက်ကြောင်း သိရှိရသည်။

မန္တလေးမြို့၊ ချမ်းအေးသားစံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူးက ဇူလိုင် လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ အမှတ် ၁၄ အခြေခံပညာ အထက်တန်းကျောင်းတွင် လုံခြုံရေးဆိုင်ရာ အစည်းအဝေး ခေါ်ယူမည်ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးတွင် လုယက်မှုနှင့်ဓားပြ တိုက်မှုများကို အချိန်နှင့်တပြေးညီ တရားခံ ဖမ်းဆီးနိုင်ရေး လုံခြုံရေးအစီအမံများ ရှင်း လင်းပြောဆိုမည်ဖြစ် ကြောင်း သိရှိရသည်။

“သူတို့ကတော့ ကျနော်တို့ ကလေးတွေကို အကြမ်းဖက်ဆိုပြီး စွပ်စွဲတာပေါ့။ တကယ်လုပ်နေတာက သူတို့လူတွေဗျ။ ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

မန္တလေးတွင် စစ်တပ်က ပျူစောထီးများနှင့် ပြည်သူ့လုံခြုံရေး အဖွဲ့များ ဖွဲ့စည်းထားပြီး လက်နက် ထုတ်ပေးမှုများရှိနေကာ ယင်းအဖွဲ့များသည် ဘဏ်ဓားပြတိုက်မှုနှင့် လုယက်မှုများတွင် အဓိက ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။ khit thit

အုတ်ဖို့မြို့နယ်က နေအိမ် ၄ လုံးကို စစ်ကောင် စီ ချိပ်ပိတ်

ပဲခူးတိုင်း၊ အုတ်ဖို့မြို့နယ်မှာ ဇူလိုင် ၁၆ တရက်တည်း နေအိမ် ၄ လုံးကို စစ်ကောင်စီက အင်အားအလုံးအရင်း နဲ့ လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချိပ်ပိတ်ခံရတဲ့အိမ်တွေကတော့ အုတ်ဖို့မြို့၊ ရွာမရပ်ကွက်၊ ရွာမ ၄ လမ်းက တရားလွှတ်တော်ရှေ့နေ ကိုရဲ နေအိမ်၊ ကွင်းကျယ်ရွာက ကိုမောင်ဝင်း နေအိမ်၊ ကိုင်းကြီးရွာက ကိုအေးမင်း နေအိမ်၊ ကြို့ကြာကွင်းရွာက ကိုမင်းနေတို့ဖြစ်တယ်လို့ ဒေသခံတယောက် ပြောပကါတယ်။

“မနက်ခင်းဘက်မှာ လာလုပ်ကြတာ၊ ရှေ့နေကိုရဲတို့အိမ်ကို အရင်လာကြတာ၊ အိမ်ကိုသော့ဖျက်ပြီး၀င်တာ၊ အထဲက ပစ္စည်းတွေကို သူတို့နဲ့အ တူပါလာတဲ့ ဖောကားပေါ်ကို အကုန်တင်ပြီးမှ အိမ်ကို သော့နဲ့ပြန်ခတ်ပြီး စာကပ်သွားတာ။ စာက – ဤအဆောက်အဦးနဲ့မြေနေရာသည် အ ကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆပ်စက်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည်ဖြစ်သောကြောင့်၊ မကျူးကျော်ရ၊ ရောင်းချခြင်း၊ ရောင်းဝယ်ခြင် မပြုလုပ်ရဆိုတဲ့ အနီရောင်စာကြီးကို အိမ်တံခါး၀မှာလာကပ်သွားတာ၊ ပြီးတော့မှ ရွာဘက်တွေကိုထွက်သွားကြတာ။ တရားရုံးကလူတွေ၊ ရဲတွေ၊ စစ်သားတွေအများကြီးပဲ၊ ကားတွေလည်း အများကြီးပဲ လာကြတာ။” 

ရှေ့နေ ကိုရဲဟာ  စစ်ကောင်စီက  အရင်ကတည်းက လာရောက်ရှာဖွေဖမ်းဆီးတာကြောင့် မိသားစုနဲ့အတူ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။ 

နေအိမ်ချိပ်ပိတ်ခံရတာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေကိုရဲက “အိမ်က ကျနော်ပိုင်တာမဟုတ်ဘူး၊ စာရွက်စာတန်းလည်း အပြည့်အစုံရှိတယ်။ ကျနော့်အမေတို့ ညီအစ်မ ပိုင်တာ၊ သူတို့တောင် အမွေမခွဲရသေးဘူး၊ သူတို့လုပ်တာက တရားဥပဒေနဲ့လဲမညီဘူး” လို့ ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ကိုရဲ နေအိမ်ပြီးနေပြီးနောက် ကိုင်းကြီးရွာ၊ ကြို့ကြာကွင်းရွာ၊ ကွင်းကျယ်ရွာတွေမှာလဲ နေအိမ် ၃ လုံး ချိပ်ပိတ်သွားကြတာလို့ ဒေသခံတွေက ပြောပါတယ်။ DVB

နေဝင်ချိန် နီးလာသည်နှင့်အမျှ ပို၍ ရက်စက်ကြမ်းကြုတ်နေသည့် ရာဇဝတ်ဂိုဏ်း စစ်ကောင်စီကို ချေမှုန်းရန် အားလုံး စုစည်း တော်လှန်မည့် မဟာဗျူဟာအကောင်အထည်ဖော်နေဟု NUG ကာကွယ်ရေး ဝန်ကြီး ပြောဆို

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်သည် နေဝင်ချိန် နီးလာသည်နှင့်အမျှ ပိုမို ရက်စက်ကြမ်း ကြုတ် လာနေသော ရာဇ ဝတ်ဂိုဏ်းဖြစ်လာနေပြီး စစ်ကောင်စီကို ချေမှုန်းရန် အားလုံး စုစည်း တော်လှန်မည့် မဟာ ဗျူဟာကို အကောင်အထည်ဖော်နေကြောင်း အ မျိုးသားညီညွတ်ရေးအစိုးရ၊ NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်သည်။

ယနေ့ နံနက် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ မြန်မာများနှင့် အွန်လိုင်း တွေ့ဆုံပွဲတွင် ဦးရည်မွန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ် သည်။

လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ဒေသကြီး ၃ ခုကို တည်ဆောက်လျက်ရှိပြီး စစ်ဒေသကွပ်ကဲရေး အဖွဲ့များ ဖွဲ့စည်းလျက်ရှိကြောင်း၊ စစ်ဒေသကွပ်ကဲရေးအဖွဲ့များတွင် ခရိုင်၊ မြို့နယ် စစ်ဒေသကွပ်ကဲရေးမှူးနှင့် ကွပ်ကဲရေးအဖွဲ့များကို ဆင့်ကဲ ဖွဲ့စည်းလျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်းသည် စစ်ဒေသ ၁ ဖြစ်ပြီး ခရိုင်အားလုံး ကွပ်ကဲရေးအဖွဲ့နှင့် ကွပ်ကဲရေးမှူးများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ လက်ရှိတွင် အားလုံးစုစည်းပြီး တော်လှန်သည့် မဟာဗျူဟာကို အကောင်အထည်ဖော်နေကြောင်း ပြောဆိုသည်။

“စစ်ဒေသ ၃ ခု တည်ဆောက်ထားပါတယ်။ ခရိုင်ကွပ်ကဲမှူးတွေကို မဟာမိတ် ERO တွေက တာဝန်ယူတာများတယ်။ ခရိုင်ကွပ်ကဲရေးအဖွဲ့ လတ်တလောက အားစိုက်ပြီးလုပ်နေတာဖြစ်တယ်။ စစ်ဒေသ ၁ စစ်ကိုင်းတိုင်း ခရိုင်အားလုံးမှာဖွဲ့စည်းပြီးဖြစ်တယ်။ စစ်ဒေသကွပ်ကဲမှုရော ခရိုင်ကွပ်ကဲရေးမှူး အဖွဲ့ရောရှိတယ်။ ခရိုင်ကွပ်ကဲရေးအဖွဲ့မှာ တော်လှန်ရေးအားလုံး အင်အားစု အားလုံးပါဝင်နိုင်ရေး လမ်းဖွင့်ထားတယ်။ စစ်ဒေသတွေမှာ ခရိုင်အခြေပြု PDF တပ်ရင်းတွေ။ PDF အထူးတပ်ရင်း အထူးစစ်ကြောင်းဆိုတာရှိတယ်။ မြို့နယ်တွေကို အခြေခံ ဖွဲ့စည်းတဲ့ ပ က ဖ တွေကတော့ ဒေသတွင်း စစ်ရေးလှုပ်ရှားမှုမှာ PDF နဲ့ ပူးပေါင်းပြီး လှုပ်ရှားတယ်။ ပကဖတွေ လူထုထဲမှာနေပြီး နိုင်ငံရေးအရ လူထုစည်း ရုံးရေးအလုပ်ကို လုပ်ဆောင်ကြပါတယ်။ ကိုယ့်ဘက်က ပိုပြီးတော့ စိုးမိုးနိုင်စွမ်း ရှိတဲ့ဒေသတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအာဏာ တည်ဆောက်ဖို့ အလုပ်လုပ်တွေ လုပ်ကြတဲ့အခါမှာ ပကဖတွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ LDF တွေဆိုတာကဒေသအသီးသီးမှာ ဒေ သ ကာကွယ်ရေးအဖွဲ့တွေဖြစ်တယ်။ ကျနော်တို့အားလုံး စုစုစည်းစည်းနဲ့ တော်လှန်ရမှာဖြစ်ပါတယ်” ဟု ဦးရည်မွန်က ဆိုသည်။

လက်ရှိတော်လှန်ရေးတွင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စုပေါင်းနိုင်ရေးကိုလည်း ကြိုးစားလျက်ရှိသည်ဟု ၎င်းက ရှင်းပြသည်။

“တကွဲတပြားစီ အလုပ်လုပ်လို့ မရတော့ဘူး။ တော်လှန်ရေးအင်အားစု အားလုံးကို စုစည်းပြီးတော့ဒေသအလိုက် ကွပ်ကဲမှု တည်ဆောက်ကြရမယ်။ ကွပ်ကဲမှုအောက်မှာ အားလုံးပါဝင်ပြီး‌ဒေသအလိုက် ဗျူဟာတွေ တည်ဆောက်ပြီးတော့မှ တာဝန်ခွဲယူပြီးတော့ စုပေါင်း တော်လှန်မယ်။ ဒေသအလိုက် ခရိုင်အလိုက် စုစည်းမှုနဲ့ ကွပ်ကဲမှု ဒီစီမံချက်ကို အားလုံးပူးပေါင်း လက်တွဲ အကောင်အထည်ဖော်ဖို့ အကြမ်းဖက်စစ်ကြောင်း ချေမှုန်းပစ်နိုင်ရေးအထိ ရည်မှန်းပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ဦးရည်မွန်က ဆက်ပြောသည်။

လက်ရှိတွင် စစ်တပ်သည် နေဝင်ချိန်နီးလာ၍ ပိုမို ရက်စက်ကြမ်းကြုတ်လာကြောင်း၊ မင်းအောင်လှိုင်ဦးဆောင်သော ရာဇဝတ်ဂိုဏ်းတွင် အ ခြား လုပ်စရာမရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်တပ်က အကြမ်းဖက် ရာဇဝတ်ဂိုဏ်းအဖြစ် ပြောင်းလဲခဲ့ပြီ။ သူ့မှာ အခြားလုပ်စရာမရှိတော့ဘူး။ ဒါက သူ့နောက်ဆုံး နည်းလမ်း နောက်ဆုံးထွက်ပေါက်လို့ မို့လို့ လုပ်တာပါ။ သူ့မှာ နည်းလမ်းမရှိဘူး။ ဒီအတွက် ဒီလို လူမဆန်တဲ့နည်းလမ်းတွေကို ကျူးလွန်နေတာဖြစ်ပါတယ်။ အင်မ တန်ကို စက်ဆုပ်စရာ နေဝင်ချိန်နီးလာ၍ အင်မတန်ရက်စက်ကြမ်းကြုတ် လာတာဖြစ်တယ်” ဟု ဦးရည်မွန်က ပြောဆိုသည်။ khit thit

မတူပီမြို့တွင် ဗိုလ်မှူးတဦး အသတ်ရခံမှုနှင့်ပတ်သက်၍ ပြည်သူ ၆ ဦးကို စစ်တပ်က ဖမ်း ဆီး

ချင်းပြည်နယ် မတူပီမြို့မှာ ဗိုလ်မှူးသန်းနိုင်ဝင်းအသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဇူလိုင် ၁၆ ရက်နေ့မှာ အပြစ်မဲ့ပြည်သူ ၆ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့က မတရားဖမ်းဆီး စစ်ဆေးနေတယ်လို့ CDF-မတူပီက ပြောပါတယ်။

“ပြည်သူ ၆ ယောက်ကို မတူပီမြို့ပေါ်မှာ ဖမ်းသွားတယ်လို့ သိရတယ်ဗျ။ သူတို့ အမည်တွေကိုတော့ အတိကျမသိရသေးဘူး။ အဖမ်းခံရတဲ့ထဲက ၂ ယောက်တော့ ပြန်လွတ်ပြီလို့ သိရပြီး ၄ ယောက်ကျန်နေသေးတယ်။ အဖမ်းခံရတဲ့ ပြည်သူတွေဟာ CDF-မတူပီနဲ့ ဘာမှ မပတ်သက်ဘူး။ သူတို့ကို သိလည်းမသိဘူး။  ခလရ (၁၀၄) က ဗိုလ်မှူးသန်းနိုင်ဝင်းကိုတော့ ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ မတူပီမြို့နဲ့ ၃ မိုင်လောက်အကွာက ကျေးရွာတရွာမှာ ကျနော်တို့ CDF-မတူပီက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ ဆလိုင်းချင်းက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ လုံးဝမပတ်သက်ဘဲ ဝေးဝေးနေပေးပြီး စစ်ကောင်စီယန္တရား လည်ပတ်အောင် မလုပ်ဆောင်ကြဖို့ကိုလည်း သတိပေးထားပါတယ်။

ဗိုလ်မှူးသန်းနိုင်ဝင်းဟာ တပ်တွင်းက CDM ဝင်ချင်နေတဲ့ ရဲဘော်တွေကို လိုက်လံစုံစမ်း ဖမ်းဆီးကာ ရဲဘော် ၇ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ၄ ယောက်ကတော့ တပ်တွင်းအချုပ်ထဲမှာ ကျန်သေးတယ်လို့ သိရပါတယ်။ DVB

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာ၌ စစ်ကောင်စီ လေကြောင်းသုံး၍ အပြင်းအထန်ပစ်ခတ်

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာဘက်၌ အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက ယ နေ့နံနက် ၆နာရီမှစ၍ လေကြောင်းသုံးကာ အပြင်းအထန် ပစ်ခတ်နေကြောင်း ဒေသခံများထံက သိရသည်။

ကေအိုင်အေ တပ်ရင်း (၂၆) စစ်ရေးလှုပ်ရှားတဲ့ ဆယ်ဇင်းကျေးရွာဘက်ကို စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခ.လ.ရ (၄၂)နှင့် (၇၆) က ယမန်နေ့ကတည်းက ရုတ်တရက် စစ်ရေးလှုပ်ရှားလာခဲ့သည့်အတွက် ကေအိုင်အေတပ်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့တာဖြစ်ပြီး၊ ယနေ့ နံ နက် ၆နာရီကတည်းက KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ကေအိုင်အေတပ်ဖွဲ့(KIA)က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆို သည်။

“ခုထိ တောထဲမှာ ပစ်နေကြတယ်။ လေယာဥ်နဲ့ကလည်း မနက်ကတည်းကနေ ငါးခါလောက်လာပစ်ပြီးပြီ။ ခုထိ လက်နက်ကြီးသံတွေ ကြားနေရတုန်းပဲ။ စကစ(စစ်ကောင်စီ)တပ်တွေက တောထဲကယောက်ဖ(KIAတပ်ဖွဲ့ကိုရည်ညွှန်း) တွေရဲ့ ပိတ်တာခံလိုက်ရလို့ လေယာဥ်တွေ တအားသုံးနေတာလို့ ယောက်ဖတွေက ပြောတယ်” ဟု ကေအိုင်အေတပ်ဖွဲ့နဲ့ နီးစပ်သူ သတင်းရင်းမြစ်များက ဆိုသည်။

လက်ရှိအချိန်မှာ တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးထိခိုက်အခြေအနေကို မသိရှိရသေးဘဲ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သူကပြောသည်။

ပြီးခဲ့သည့် ဇွန်လလလယ်က ဥရုချောင်းရေကြီးမှုကြောင့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ လူနေအိမ် တစ်ရာကျော် ရေလွှမ်းခံနေရသည့်အ တွက် ကေအိုင်အေ စစ်သားများက ကျေးရွာများထိ အရောက်လာကာ ရေဘေးသင့်ကျေးရွာပြည်သူများကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးပြီး ရက်ပိုင်းအကြာမှာ ဆယ်ဇင်းကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ရုတ်တရက် စစ်ရေးလှုပ်ရှားလာခဲ့သည့် အတွက် တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ mizzima

« Older Entries Recent Entries »