မိုးဗြဲအခြေစိုက် ခမရ (၄၂၂) က ထွက်လာသော စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေ ဆုံးမှုရှိ

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၏ နယ်စပ်အနီး မိုးဗြဲအခြေစိုက် ခမရ (၄၂၂) က ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းကို ဒေသအခြေ စိုက် ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးအနည်းဆုံး သေဆုံးခဲ့ကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အား ၃၀ ခန့်ပါဝင်သော စစ်ကြောင်း နှစ်ကြောင်းဖြင့် မိုးဗြဲမြို့အတွင်းသို့ ဝင်ရောက်လာစဉ် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ ၊ Mobye PDF ၊ Pekhon PDF ၊ KNDF နှင့် URF ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

“သူတို့က လက်နက်ကြီးတွေနဲ့ ထုထုပြီးမှ တက်လာတာပါ။ အခုဘုရားကျောင်းထဲမှာတော့ သူတို့ (စစ်ကောင်စီတပ်ဖွဲ့) အခြေချနေတယ်” ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ဒေသကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် တစ်ဘက်နှင့်တစ်ဘက် မီတာ ၄၀၀ ဝန်းကျင်ခန့်အကွာတွင် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့တွင် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဖယ်ခုံမြို့ ၊ ခေါင်းအိကျေးရွာသို့ လက်နက်ကြီး ငါးချက် ကျရောက်ကာ လူနေအိမ် နှစ်လုံး ပျက်စီးသွားကြောင်းလည်း KNDF ဖယ်ခုံဇုန်က သတင်းထုတ်ပြန်ထား သည်။

လက်ရှိမှာ ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးဗြဲ၊ ပွဲကုန်း(၃) ရှိ “ဘုရား၏သန့်ရှင်းသောမယ်တော်” ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းတွင် တပ်စွဲနေရာယူထားကြောင်း သိရသည်။

မိုးဗြဲမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းရှိနေကာ စစ်ရေးတင်းမာဆဲဖြစ်သည့်အတွက် ဒေသခံများ သတိထားသွားလာကြရန် ဒေသကာကွယ်ရေး တပ်ဖွဲ့များက သတိပေး ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s