Monthly Archives: Jul 2022

ဖားကန့်မြို့ မြို့နယ်စုပေါင်းရုံးတွင် ဗုံးပေါက် ကွဲ

ကချင်ပြည်နယ် ဖားကန့်မြို့ မြို့နယ်စုပေါင်းရုံးတွင် ဇူလိုင် ၂၄ ရက် ညနေ ၆ နာရီခန့်က ဗုံး တစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုသည် မြို့နယ်စုပေါင်းရုံး အတွင်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိမှုကို လတ်တလော မသိရှိရသေးဘဲ စစ်ကောင်စီဘက်မှလည်း သေနတ် နှစ်ချက် ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

ပေါက်ကွဲသံ အလွန်ကျယ်သောကြောင့် အနီးအနားရှိပြည်သူများ ထိတ်လန့်ကုန်ကြကာ အဆိုပါ မြို့နယ်စုပေါင်းရုံးမှာ ယခင်ကလည်း ပေါက် ကွဲမှု မကြာခဏ ဖြစ်ပွားနေကျ ဖြစ်သည်။

ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီခန့်ကလည်း ဖားကန့် မြိုနယ် စုပေါင်းရုံး မလှမ်းမကမ်းရှိ ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်ရှိ ရဲကင်း ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်ရှိနိုင်ကြောင်း သိရသည်။ mizzima

တာမွေ Ocean ကုန်တိုက်အနီးရှိ ယာဉ်ထိန်းရဲကင်းကို ဖောက်ခွဲတိုက်ခိုက်၊ မြောက်ဒဂုံတွင် လူငယ်များကို စစ်တပ်က ပစ်ခတ်မှု ၂ ဦးသေ ဆုံးပြီး ၂ ဦးအဖမ်းခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေ Ocean ကုန်တိုက်အနီး ယာဉ်ထိန်းရဲကင်းကို ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် Free Fighter Force က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

“တာမွေကုန်းတံတားအောက်က ဘဲဥရဲကင်းမှာ ဗုံးပေါက်တာ။ လူတော့မရှိဘူး။ အသံလည်းကျယ်တယ်။ ဗုံးပေါက်ပြီးတော့မှ စစ်ခွေးတွေရောက်လာတာပါ။ လူထိခိုက်မှုမရှိဘူး။ လမ်းသွားလမ်းလာ ကောင်လေး တစ်ဦးလားမသိဘူး အဖမ်းခံရတယ်”ဟု တာမွေဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် မြောက်ဒဂုံမြို့နယ်၊ ၃၀ ရပ်ကွက် မြသီရိ ၁ လမ်းရှိ နေအိမ်တစ်ခုကို ယနေ့ ညနေ ၃ နာရီခွဲအချိန်တွင် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်အတွင်းရှိ လူငယ်များကို ပစ်ခတ်ခဲ့ကြောင်း ၊ ပစ်ခတ်မှုကြောင့် လူငယ် ၂ ဦး သေဆုံးပြီး ၂ ဦး အဖမ်းခံရကြောင်း သိရှိရသည်။

“ပစ်ခတ်တာက အချက် ၄၀ ကျော်တယ်။ စစ်တပ်ဘက်ကချည်းပဲ ပစ်တာ။ အထဲက ပြန်မပစ်ဘူး။ လူငယ် ၂ ဦးသေပါတယ်။ အဲဒါ လူနာ တင်ကား ၂စီးနဲ့တင်သွားတယ်။ အခြားဘေးဘက်က မဆိုင်တဲ့ လူငယ် ၂ ဦးကိုလည်း ဖမ်းသွားတယ်။ ကျည်ထိထားတယ်လည်းပြောတယ်။ လမ်းကိုပိတ်ပြီး ပစ်တာ။ အခုတော့ မီးဖြတ်ထားတယ်” ဟု မြောက်ဒဂုံ ၃၀ ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောသည်။ khit thit

သရက်ချောင်း၌ ၁ လကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ခန့်နှင့် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင် ၈ ဦး ကျဆုံး

၁ လကျော်အတွင်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲမှာ ပြည်သူ့တော်လှန်ရေးတပ်တွေရဲ့ ခုခံတွန်းလှန်စစ်ကြောင့် စစ်ကောင်စီဘက်က အယောက် ၉၀ လောက် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ သရက်ချောင်း PDF ဒေါင်းမင်းစစ်ဆင်ရေးက ထုတ်ပြန်ပါတယ်။

ဇွန် ၃ ရက်ကနေ ဇူလိုင် ၁၀ ရက်နေ့အထိ ဒေါင်းမင်းစစ်ဆင်ရေး၊ ကယ်စဒိုကျား(KPDF)၊ တောင်ပိုင်းမဟာမိတ်ရဲဘော်တွေ၊ ပြည်သူ့ကာကွယ် ရေးဖက်ဒရယ်စစ်ကြောင်းတို့က မဟာမိတ်အနေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ၈ ယောက်ကျဆုံးပြီး ပြည်သူတယောက်လည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

ဇွန် ၃ ရက်နေ့က ဒေါင်းမင်းစစ်ဆင်ရေးနဲ့ ကယ်သဒိုကျား၊ တောင်ပိုင်းမဟာမိတ်ရဲဘော်တချို့တို့ ပူးပေါင်းပြီး သဲချောင်းကြီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတခုကို ဝင်ရောက်တိုက်ခိုင်ရာမှာ စစ်ကောင်စီဘက်က ၁၂ ယောက်သေဆုံး၊ ၁၆ ယောက် ဒဏ်ရာရပြီး စုံစင်ဖျားရွာကို ဆုတ် ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၂ ယောက် ဒဏ်ရာရပြီး သဲချောင်းကြီးမှာ စခန်းထိုင် နယ်မြေစိုးမိုးနိုင်ခဲ့သလို ပျူစောထီးအဖွဲ့ဝင်တွေကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်မှာ စုံစင်ဖျားမီးသတ်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ၂ ယောက်သေဆုံးပြီး လက်နက်ကြီးကျည် ၃ လုံးသိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဇွန် ၂၉ ရက်မှာ စုံစင်ဖျားတောင်ပေါ်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတဲ့အခြေ အနေကိုတော့ မသိရကြောင်း၊ အဲဒီနောက် စစ်ကောင်စီတပ်သား ၄၀၀ လောက်ဟာ စစ်ကြောင်း ၃ ကြောင်းနဲ့ တောင်ပျောက်တိုက်နယ်ထဲကိုဝင်လာခဲ့ပြီး သဲချောင်းကြီးကိုလည်း စစ်ကြောင်းတကြောင်း ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၃ ရက်မှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တို့ဟာ ရေလမ်း ကုန်းလမ်းကနေ လက်နက်ကြီးတွေပစ်ခတ်ပြီး ကျွဲခြံရွာဘက်ကို လာနေတုန်း ပဒေသာမိုင်းတွေ ဖောက်ခွဲတိုက်ခိုက်ခံရလို့ ၁၂ ယောက်သေဆုံး၊ အယောက် ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ ဒေါင်းမင်းစစ်ဆင်‌ရေးက တပ်စိတ်မှုး တယောက် ကျဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင် ၆ ရက်နေ့မှာလည်း သဗြုချောင်းဘက်ကနေ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်တို့ ခြေနင်းမိုင်းကြောင့် ၅ ယောက်လောက် ဒဏ်ရာရခဲ့ပြီး သေဆုံးတဲ့အခြေအနေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ဇူလိုင် ၇ ရက်နေ့က တောင်ပျောက်ရွာကိုဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်တို့နဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တို့ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်ဘက်က ၇ ယောက်သေဆုံးခဲ့သလို ဖက်ဒရယ်စစ်ကြောင်းက ရဲဘော် ၂ ယောက်ကျဆုံးပြီး ပြည်သူတယောက်လည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့မှာတော့ ကျောက်လှေကားကဝင်လာတဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်တို့နဲ့ တောင်ပိုင်းအင်အားစု၊ ဒေါင်းမင်းစစ် ဆင်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်ဘက်က ၉ ယောက်သေဆုံး၊ ၃ ယောက် ဒဏ်ရာရသလို ပြည်သူ့ကာ ကွယ် ရေး မဟာမိတ်ဘက်က ၅ ယောက် ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။ DVB

အင်းတော်မြို့နယ်တွင် ကင်းပတ်နေသည့် စစ်ကောင်စီကားနှင့် ခြေလျင်စစ်ကြောင်းအား တိုက်ခိုက် ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော်-ဗန်းမောက် ကားလမ်းပိုင်းတွင် ကင်းပတ်နေသည့် စစ်ကောင်စီကားနှင့် ခြေလျင်စစ်ကြောင်းအား ယနေ့ ဇူလိုင်လ၂၄ ရက် နံနက် ၉နာရီ၃၀မိနစ်တွင် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နှင့် ၁၀မိုင်ခန့်ကွာဝေးသည့် မော်တိတ်ဒေသအတွင်း ကင်းပတ်နေသေည့် စစ်ကောင်စီ၏ ဖိုးဝီးယာဉ်အား အရင်တိုက်ခိုက်ခဲ့ပြီး အင်အား ၇၀ ပါဝင်သည့် ခြေလျင်စစ်ကြောင်းကို အဆိုပါ နေရာအနီးတွင် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်တာကတော့ တစ်ချိန်ထဲပဲဗျ။ ဖိုးဝီးကားကိုတော့ အရင်တိုက်တာပါ။ ပြီးတော့ တစ်ဆက်ထဲမှာပဲ အင်အား ၇၀ ကျော်ပါတဲ့စစ်ကြောင်းကို တိုက်တာပါ။ ဖိုးဝီးကား ပေါ်မှာပါတဲ့ နှစ်ကောင် သေတာတော့ ကျွန်တော်တို့ သေသေချာချာ မြင်လိုက်တယ်ဗျ။ ကျန်ထိတဲ့ ကောင်တွေက တော့ သေလား မသေလား မသိရတော့ဘူး။ ခြေလျင် တက်လာတဲ့ စစ်ကြောင်းကတော့ လေးယောက်သေတာ မြင်လိုက်တယ်ဗျ”ဟု Indaw Revolution IR အဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ခန့်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဖိုးဝီးကားမှ နှစ်ဦးသေဆုံး၍ ခြေလျင်စစ်ကြောင်းမှ လေးဦးသေဆုံးကြောင်း သိရသည်။ အဆိုပါ လုပ်ဆောင်မှုကို KIA တပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။mizzima

တောင်ငူတွင် PDF များက စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးခန့် သေဆုံးနိုင်၊ အင်းတော်-ဗန်းမောက်ကားလမ်းတွင် ကင်းလှည့်စစ်တပ် တိုက်ခိုက်ခံရပြီး ၆ ဦးထက်မနည်းသေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မြပင်ကူးကျေးရွာနှင့် သရက်ပင်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁ က ယနေ့ဇူလိုင်လ ၂၄ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် တိုက်ခိုက်ရာ စစ်သား ၅ ဦးခန့်သေ ဆုံးနိုင်ပြီး ၄ ဦးခန့် ဒဏ်ရာရနိုင်ကြောင်း တောင်ငူခရိုင် PDF က သတင်းထုတ်ပြန်သည်။

အင်အား ၄၀ ခန့်ပါသော အကြမ်းဖက်စစ်တပ်ကို တောင်ငူခရိုင် PDF ကင်းပုန်းက လက်ဦးမှုရယူကာ ရှော့တိုက်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်တိတ်ဒေသ အင်းတော်-ဗန်းမောက် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ ကင်းလှည့်လာသော ကား ၁ စီးနှင့် စစ်ကြောင်းကို KIA၊ PDF ပူးပေါင်း တပ်ဖွဲ့က ဇူလိုင်လ ၂၄ ရက်နေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော Indaw Revolution-IR အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ကင်းလှည့်ကား ၁ စီးနှင့် စစ်ကြောင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် KIA ၊PDF ပူးပေါင်း တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ khit thit

ထားဝယ်မြို့မရဲစခန်းမှူးကို စစ်ကောင်စီ ဖမ်း ဆီး

တနင်္သာရီတိုင်း ထားဝယ်မြို့မရဲစခန်းမှူးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့  နီစပ်သူတွေတွေက ပြောပါတယ်။

အဖမ်းခံထားရတဲ့ စခန်းမှူးမှာ ဒုရဲမှူး စိုးနိုင်ဖြစ်ပြီး ဇူလိုင် ၁၆ ရက်ကတည်းက ဖမ်းခံထားရ တယ်လို့ သိရပါတယ်။

မြို့ခံတဦးက “သတင်းကြားနေတာကြာပြီ။ အတည်ပြုလို့ မရသေးတော့ မပြောရဲဘူးပေါ့။ အခုတော့ အဖမ်းခံထားရတာ သေချာသလောက်ဖြစ်နေပြီ။” လို့ ပြောပါတယ်။

PDF ကို ထောက်ပံ့တာကြောင့် အဖမ်းခံရတယ်လို့ သတင်းတွေထွက်ပေါ်နေသလို အဂတိလိုက်စားမှုကြောင့် အဖမ်းခံရတယ်၊ လူကုန်ကူးမှု (ထိုင်းနိုင်ငံကို တရားမဝင်လူပို့မှု)ကြောင့် အဖမ်းခံရတယ် စသဖြင့် သတင်းအမျိုးအမျိုး ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “သူက ဖရဲသီးဗျ။ သူ့လိုလူတွေလည်း သူတို့အထဲမှာ အများကြီး ရှိသေးတယ်။ PDF ကို ထောက်ပံ့ထားတာတွေ၊ CDM တွေကို ကူညီပေးတာတွေ ရှိတယ်လို့ ကြားတယ်။” လို့ ဆိုပါတယ်။

ဇူလိုင် ၁၇ ရက်ကလည်း မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအစပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ အချင်းချင်း ဝေစုမမျှလို့ ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားရာမှ ဒုရဲမှူးကျော်သူဝင်း သေဆုံးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

စခန်းမှူး ဒုရဲမှူး စိုးနိုင် ဘာကြောင့် အဖမ်းဆီးခံရတယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။ DVB

ဟင်္သာတမြို့အဝင်အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်နှင့်ရဲများက ငွေကြေးမတရားတောင်းယူမှုများ ပြုလုပ်နေ

ဧရာဝတီတိုင်း ဟင်္သာတမြို့ရှိ မြို့အဝင်အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်များနှင့်ရဲများက အုပ်စုဖွဲ့ ကာ ငွေကြေးမတရားတောင်းယူမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဟင်္သာတမြို့ လယ်တော်စစ်ဆေးရေးဂိတ်နှင့် လယ်တီကွင်းစစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူ များထံမှ ငွေကြေးမတရားတောင်းယူမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

လယ်တော်ဘက်က ဇလွန်ဘက်ကိုထွက်တဲ့ဂိတ်ပါ လယ်တီကွင်းဘက်ကတော့ အင်္ဂပူဘက်ကိုထွက်တဲ့ ဂိတ် ၊ အဲ့ဒီဂိတ်နှစ်ဂိတ်မှာ စစ်သားနဲ့ရဲတွေက ဆိုင်ကယ်တွေနဲ့ ကားတွေကို တားပြီးဖုန်းတွေကိုစစ်တယ်။ တော်လှန်ရေးနဲ့ ပတ်သတ်တာတွေ၊ NLD၊ NUG နဲ့ပတ်သတ်တာတွေတွေ့ရင် တောင်းချင်သလောက်ကို တောင်းနေကြတယ်” ဟု ဒေသခံကပြောသည်။

၎င်းအပြင် ဆိုင်ကယ်လိုင်စင်၊ ဘက်မှန်၊ ယာဥ်မောင်းလိုင်စင်၊ဆိုင်ကယ်ဦးထုပ်နှင့် ဆိုင်ကယ်နံပါတ်ပြား မပါပါက ငွေကြေးအများအပြားတောင်း ယူပြီးမှသာ သွားခွင့်ပြုကြောင်း အဆိုပါဒေသခံက ဆက်လက် ပြောကြားသည်။

“ ဆိုင်ကယ်လိုင်စင်တို့ ဦးထုပ်တို့ ဘက်မှန်တို့မပါရင် နည်းမျိုးစုံရစ်ပြီး ပိုက်ဆံတောင်းတယ်။ အရင်တုန်း ကလို ဆိုင်ကယ်အဖမ်းခံရရင် တ ရားရုံးကိုသွားဖို့၊ ဒဏ်ငွေဆောင်ဖို့ ဖြတ်ပိုင်းလဲမပေးတော့ဘူး။ တောင်း ချင်သလိုတောင်းပြီး အကုန်အိတ်ထဲထည့်နေကြတာပါ” ဟု ၎င်းကဆိုသည်။

ထိုသို့ ငွေကြေးမတရားတောင်းယူနေမှုများကို ဟင်္သာမြို့နယ်စစ်ကောင်စီနှင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ပိုင်းတာဝန်ရှိသူများကသိရှိသော် လည်း အရေးယူခြင်းတစ်စုံတစ်ရာမရှိကြောင်း ဒေသခံများ၏ပြောကြား ချက်အရ သိရသည်။mizzima

မန္တလေး၊ မောသစ်ရွှေဆိုင် ဓားပြတိုက်မှု စစ် တပ်ဘက်တော်သား ပျူစောထီးများ ဖြစ်နိုင်ဟု ဒေသခံများပြော၊ နွားထိုးကြီးတွင်လည်း ရွှေဆိုင်တစ်ခု ဓားပြတိုက်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)လုံးစျေး ၅၈ လမ်း၊ မောသစ်ရွှေဆိုင်တွင် ယနေ့ မွန်းလွဲ ၁ နာရီ ၁၄ မိနစ်အချိန် ဓားပြတိုက်မှုတစ်ရပ်ဖြစ်ပွားပြီး ငွေကျပ် သိန်း ၂၅၀၀ နီးပါး တန်ဖိုးရှိ ရွှေတပိဿာနှင့် ငွေကျပ် သိန်း ၆၀ ပါသွားကြောင်း ရဲသတင်းရင်းမြစ်နှင့်ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၁နာရီ မိနစ်၁၄ ခန့်အချိန် ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံမြို့သစ်၊ ၅၈ လမ်းx ၅၉ လမ်း၊ ၁၂၅ လမ်း ၊ (စ) လုံးစျေး မြောက်ဘက်ခြမ်းရှိ မောသစ်ရွှေဆိုင်ကို အမည်မသိ လက်နက်ကိုင်တချို့က လာရောက် ဓားပြတိုက်ပြီး ငွေကျပ် သိန်း ၂၅၀၀ ဝန်းကျင်တန်ဖိုးရှိ ရွှေတစ်ပိဿာနှင့် ငွေသား သိန်း ၆၀ ဝန်းကျင် ပါသွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ရွှေဆိုင်ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိကြောင်း၊ အဆိုပါ ဓားပြတိုက်မှုသည် စစ်တပ် ဘက်တော်သား ပျူစောထီးများဖြစ်နိုင်ပြီး မလှမ်းမကမ်းတွင် စစ်တပ်တပ်ဖွဲ့ဝင်တချို့က ဆိုင်ကယ်နှင့်ကားများကို စစ်ဆေးနေချိန်ဖြစ်ကြောင်း သိရှိရသည်။

“ဓားပြ တိုက်ပြီးပြီးချင်း စစ်ကားတွေ ရောက်လာတယ်။ မလှမ်းမကမ်းမှာလည်း စစ်တပ်က ယာဉ်စစ်ဆေးတာတွေ လုပ်နေတာ။ အဲဒါကို မဖမ်းမိဘူးဆိုတော့ သူတို့နားကပဲ ဖြတ်သွားတာ။ သေနတ်သံလည်း သူတို့ကြားတယ်။ ဒေသခံတွေကတော့ စစ်တပ်လူတွေပဲ၊ ပျူစောထီးတွေ ဓားပြတိုက်တာလို့ ထင်ကြတယ်။ ပြီးတော့ တိုက် သွားတာကလည်း အေးအေးဆေးဆေးကို တိုက်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွှေလွန်းနဒီ ရွှေဆိုင်ကို ယနေ့ နံနက် ၁၀ နာရီ ၅ မိနစ်အချိန် အမည်မသိ လူ ၂ ဦးက သေနတ်ဖောက် ဓားပြတိုက်သွားကြောင်း သိရှိရသည်။ khit thit

တမူးမြို့အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သားတဦးနှင့် အရပ်သားတဦး သေဆုံး

အိန္ဒိယ- မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့အနီး ၄ မိုင်နားမှာ ဇူလိုင် ၂၃ ရက် မနက် ၈ နာရီလောက်ကစပြီး တမူး PDF တပ်ရင်း ၄ နဲ့ စစ်ကောင်စီစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁ ဦး‌ သေဆုံးပြီး အများအပြားဒဏ် ရခဲ့တယ်လို့ PDF Tamu တပ်ရင်း ၄ က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက်မရှိဘဲ ညနေ ၃ နာရီမှာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မြို့ထဲမှာနေထိုင်သူတဦး သေဆုံး သွားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကလေး-တမူးလမ်းကြောင်းမှာ စစ်ရေး တင်းမာနေတာကြောင့် တမူး-ကလေးလမ်းပိုင်း ကို အသုံးမပြုဖို့ကို တမူး PDF က သတိ ပေးထားပါတယ်။ DVB

« Older Entries