ကိုဗစ်ရန်ပုံငွေကို စီးပွားရေးလုပ်ငန်းများအား ထုတ်ချေးမည်ဟု စစ်ကောင်စီက ကြေညာချိန် ကိုဗစ်ပိုးတွေ့လူနာ ပြန်များလာ

ကိုဗစ်ရန်ပုံငွေကို စီးပွားရေးလုပ်ငန်းများအား ထုတ်ချေးမည်ဟု စစ်ကောင်စီက ကြေညာချိန် ကိုဗစ်ပိုးတွေ့လူနာ ပြန်လည်များပြားလာသည်ကိုတွေ့ရသည်။
ကိုဗစ်ရန်ပုံငွေလက်ကျန်မှာ ကျပ် ၄၉၁ ဒသမ ၉၇၈ ဘီလျံဖြစ်ပြီး ယင်းတို့အနက်မှ ကျပ် ၄၀၀ ဘီလျံကို စီးပွားရေးလုပ်ငန်းများအတွက် ထုတ်ချေးမည်ဖြစ်ကြောင်း၊ ကိုဗစ်ကူးစက်မှုမှာ လျော့ကျလာသဖြင့် ကိုဗစ်ရန်ပုံငွေမှ ထုတ်ချေးခြင်းဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်တွင် စစ်ကောင်စီကကြေညာသည်။
ထုတ်ချေးမည့်လုပ်ငန်းများမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့်လုပ်ငန်းများ၊ စက်မှုလက်မှုနှင့်ကုန်ထုတ်လုပ်ငန်းများဖြစ်သည်ဟု စစ်ကောင်စီကဆိုသည်။
ယင်းသို့ ကြေညာသည့်နေ့မှာပင် ကိုဗစ်ပိုးတွေ့လူနာများ ပြန်များလာသည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်ည ၈ နာရီတွင် ကြေညာသည်။
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့လူနာ ၄၃ ဦးရှိသည်။ ယင်းသို့ တွေ့ရှိမှုမှာ ဇူလိုင်လအတွင်း နေ့စဥ်ပိုးတွေ့ရှိမှု အရေအတွက်တွင် အများဆုံးလည်းဖြစ်သည်။ mizzima