ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာ စာသင် ကျောင်းရှေ့တွင် မိုင်းလာရှင်းသော စစ်ကောင် စီတပ်ဖွဲ့ ထပ်မံ မိုင်းခွဲခံရပြီး ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာ စာသင်ကျောင်းရှေ့တွင် မိုင်းခွဲခံရ၍ အများအပြားသေဆုံးခဲ့ခြင်းကြောင့် မိုင်းလာရှင်းသော စစ်ကောင်စီတပ်ဖွဲ့သည် ထပ်မံ မိုင်းခွဲခံရကာ စစ်သား ၆ ဦး ထပ်မံသေဆုံးကြောင်း Brothers Of Lands Defense Force – BLDF က သ တင်းထုတ်ပြန်သည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် မြင်းဒေါင်းကျေးရွာ စာသင်ကျောင်းရှေ့တွင် BLDF၊ BOB၊ Hero Army – Khin Oo အဖွဲ့များထောင်ထားသော မိုင်းများကို နင်းမိကာ အကြမ်းဖက်စစ်တပ်ဘက်မှ ၄၀ ကျော် သေဆုံးခဲ့ပြီး ညနေ ၅ နာရီခွဲခန့်တွင် SKAT အမျိုးအစား ကားကြီး ၄ စီးဖြင့် သေဆုံး ဒဏ်ရာရ စစ်သားများကို တင်ဆောင်သွားကြောင်း သိရှိရသည်။

မိုင်းခွဲခံရခြင်းကြောင့် ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် အဆိုပါနေရာ၌ မိုင်းလာရှင်းသော စစ်ကောင်စီတပ်ဖွဲ့ ထပ်မံ မိုင်းခွဲခံရပြီး ၆ ဦး ထပ်မံသေဆုံးခဲ့သည်ဟု BLDF က ထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s