ချင်းပြည်နယ်တွင် Interim Daai/Dai Consultative Council ဖွဲ့စည်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ် ၊ ကန်ပက်လက် ၊ မတူပီနှင့် ပလက်ဝမြို့နယ်များတွင် အခြေချနေထိုင်သော ဒိုင်ရ်(ချင်း) မျိုးနွယ်စုများသည် Interim Daai/Dai Consultative Council (IDCC) ကို ဖွဲ့စည်းကြောင်း ဇွန်လ ၆ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

အဆိုပါ လေးမြို့နယ် ဒိုင်ရ်(ချင်း) ပူးပေါင်းရေး ဗဟိုကော်မတီ ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ ဒိုင်ရ်( CDF – Daai )၊ ဒိုင်ရ်နယ်ရှိ တော်လှန်ရေးအင် အားစုများနှင့် ပြည်တွင်းပြည်ပရှိ ဒိုင်ရ်(ချင်း) မျိုးနွယ်စု ခေါင်းဆောင်များ ပူးပေါင်းကာ မေလ ၂၃ရက်နေ့တွင် Interim Daai/Dai Consultative Council အားဖွဲ့စည်းခဲ့ကြောင်း ဆိုသည်။

မင်းအောင်လှိုင် ဦးစီးသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လက်နက်အားကိုး၍ နိုင်ငံတော်

အာဏာကို သိမ်းယူသည့် ဖေဖော်ဝါရီလ ၁ရက် နေ့မှစ၍ ဒိုင်ရ်(ချင်း) မျိုးနွယ်စုများသည် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သပိတ်လှုပ်ရှားမှုများ ၊ အကြမ်းမဖက်အာဏာ ဖီဆန်သည့် (CDM )လှုပ်ရှားမှုများအပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ယနေ့အထိ စွမ်း စွမ်းတမံ ပါဝင်တိုက်ပွဲဝင်နေကြောင်း ဖော်ပြထားသည်။

ဒိုင်ရ်(ချင်း) မျိုးနွယ်စုများအနေဖြင့် တော်လှန်ရေးတွင် ခိုင်မာစွာ ဆက်လက်တိုက်ပွဲဝင်နိုင်ရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးလုပ်ငန်းတွင် တက်ကြွစွာပါဝင်နိုင်ရေး အတွက် ဒိုင်ရ်(ချင်း)မျိုးနွယ်စုကို ကိုယ်စားပြုသည့် နိုင်ငံရေးဦးဆောင်အဖွဲ့ လိုအပ်လာသည်ဟု ခိုင်မာစွာ ယုံကြည်ကြောင်း ဆိုသည်။

Interim Daai/Dai Consultative Council (IDDC) သည် အမျိုးသားတန်းတူရေး ၊

ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး ၊ လူမျိုးကြီးဝါဒ ပပျောက်ရေးနှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတို့အတွက် သက်ဆိုင်ရာမြို့နယ် မျိုးနွယ်စုကို အခြေခံသည့် အုပ်ချုပ်ရေးအဖွဲ့နှင့် ကာကွယ်ရေးအဖွဲ့အစည်းများ ၊ တော်လှန်ရေးတွင်ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် (EAO)များအပြင် ရည်မှန်းချက်တူညီသည့် အဖွဲ့အစည်းများနှင့် လက်တွဲ၍ ရည်မှန်းချက်များအောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s