တောင်ငူတွင် PDF များက စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးခန့် သေဆုံးနိုင်၊ အင်းတော်-ဗန်းမောက်ကားလမ်းတွင် ကင်းလှည့်စစ်တပ် တိုက်ခိုက်ခံရပြီး ၆ ဦးထက်မနည်းသေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မြပင်ကူးကျေးရွာနှင့် သရက်ပင်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁ က ယနေ့ဇူလိုင်လ ၂၄ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် တိုက်ခိုက်ရာ စစ်သား ၅ ဦးခန့်သေ ဆုံးနိုင်ပြီး ၄ ဦးခန့် ဒဏ်ရာရနိုင်ကြောင်း တောင်ငူခရိုင် PDF က သတင်းထုတ်ပြန်သည်။

အင်အား ၄၀ ခန့်ပါသော အကြမ်းဖက်စစ်တပ်ကို တောင်ငူခရိုင် PDF ကင်းပုန်းက လက်ဦးမှုရယူကာ ရှော့တိုက်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်တိတ်ဒေသ အင်းတော်-ဗန်းမောက် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ ကင်းလှည့်လာသော ကား ၁ စီးနှင့် စစ်ကြောင်းကို KIA၊ PDF ပူးပေါင်း တပ်ဖွဲ့က ဇူလိုင်လ ၂၄ ရက်နေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော Indaw Revolution-IR အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ကင်းလှည့်ကား ၁ စီးနှင့် စစ်ကြောင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် KIA ၊PDF ပူးပေါင်း တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s