ဖားကန့်မြို့အဝင် ပန်းပင်တံတားအနီးရှိ ရဲ ကင်း ပစ်ခတ်တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် ပန်းပင်တံတားအနီး အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီရဲကင်း ဇူလိုင်လ ၂၃ ရက် ညနေ ၅ နာရီကျော်ခန့်က ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီရဲကင်း အလစ်ငိုက်တိုက်ခိုက်ခံရပြီးနောက် သေနတ်သံခြောက်ချက်ထက်မနည်း ကြားရသည် ဟု ဒေသခံများက ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အများက လုံခြုံရေးရယူထားသည်ဟု မျက်မြင်တွေ့ ရှိသည့်ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

စစ်ကောင်စီရဲကင်း အလစ်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s