မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြေပွဲစား ၂ ဦး သေနတ်ဖြင့် ပစ်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်မှာ ဇူလိုင် ၂၄ ရက် မနက် ၁၀ နာရီလောက်က မြေပွဲစား ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

မြေပွဲစား ဦးမင်းအောင်နဲ့ ဦးခင်မောင်တင့်တို့ဟာ လမ်း ၁၂၀ (မင်းကြီးရန်နောင်လမ်း) နဲ့ ၄၇ C လမ်းရှိ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် အ မည် မသိ အမျိုးသား ၂ ဦး က ဝင်လာပြီး သေနတ်နဲ့ ပစ်သွားတာလို့ သိရပါတယ်။

သေနတ်နဲ့ ပစ်ခံရတာကြောင့် ဦးမင်းအောင်မှာ ရင်ဘက်ကျည်ဖောက်ဝင်ဒဏ်ရာများ (စိုးရိမ်ရ) နဲ့ ဦးခင်မောင်တင့်မှာ ခြေသလုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ လက်ညှိုးနဲ့ လက်ခလယ်ဖြတ်မှန်ဒဏ်ရာ  ၁ ချက် (မစိုးရိမ်ရ) တို့ရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s