သရက်ချောင်းမြို့နယ်တွင် ၂ လနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ် ရေးတပ်ဖွဲ့များကြား တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၅၀ ကျော်သေဆုံး၊ PDF ၇ ဦး ကျဆုံး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်များတွင် အကြမ်းဖက်စစ်တပ်၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ဇွန်နှင့် ဇူလိုင်လ ၂ လနီးပါးအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၂ ဦးထက်မနည်း သေဆုံးကာ အများအပြားဒဏ် ရာရပြီး PDF ၇ ဦးနှင့် ပြည်သူ ၁ ဦး ကျဆုံးခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေး (TYC-PDF) က သတင်းထုတ်ပြန်သည်။

ဇွန်လ ၃ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးကျေးရွာရှိ စစ်ကောင်စီစခန်းတခုကို ဒေါင်းမင်းစစ်ဆင်ရေး TYC-PDF နှင့် ကစယ်ဒိုကျား (KPDF) မဟာမိတ်တပ်ဖွဲ့များက ဇူလိုင်လ ၃ ရက် နေ့လယ် ၁၂ နာရီတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၂ ဦးကျဆုံး ၁၆ ဦး ဒဏ်ရာရခဲ့ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း၊ PDF ပူးပေါင်းအဖွဲ့မှ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သဲချောင်းကြီးစခန်းကို PDF များ ထိန်းသိမ်းနိုင်ခဲ့ပြီး ပျူစောထီးအဖွဲ့ဝင်အချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဇွန်လ ၂၅ ရက်နေ့တွင် စုံစင်ဖျားကျေးရွာ မီးသတ်ရုံးကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၆၀ မမ လက်နက်ကြီးကျည် ၃ လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဇွန်လ ၂၉ ရက်နေ့တွင် စုံစင်ဖျားကျေးရွာ တောင်ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သားထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ကြောင်း TYC-PDF က ဆိုသည်။

ဇူလိုင်လ ၂ ရက်နေ့တွင် စစ်တပ်၊ BGF ပူးပေါင်းအင်အား ၄၀၀ ခန့်သည် အလယ်စုကျေးရွာနှင့် ဗျက်ဝိသာကျေးရွာမှ စစ်ကြောင်း ၁ ကြောင်း၊ စုံစင်ဖျားကျေးရွာမှ ၁ ကြောင်း၊ ကျောက်မဲချောင်းတောင်ပေါ်မှ ၁ ကြောင်းဖြင့် တောင်ပျောက်တိုက်နယ်အတွင်းသို့ ထိုးစစ်ဆင်လာခဲ့ပြီး ညနေပိုင်းတွင် သဲချောင်းကြီးကျေးရွာ၌ ဒေါင်းမင်းစစ်ဆင်ရေး တပ်ခွဲ ၂၊ မဟာမိတ်အဖွဲ့များနှင့် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားကြောင်း PDF များ ကျွဲခြံကျေးရွာဘက်သို့ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျွဲခြံကျေးရွာဘက်သို့ စစ်ကောင်စီတပ်နှင့် BGF များ စစ်ကြောင်းထိုးလာခြင်းကြောင့် ကျွဲခြံတံတားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်း ၁၄ လုံးဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဒေါင်းမင်းစစ်ဆင်ရေးဘက်မှ တပ်စိတ်မှူး ၁ ဦး ကျဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ပြီး ထပ်မံဆုတ်ခွာပေးခဲ့ရကြောင်း TYC-PDF က ထုတ် ပြန်သည်။

ဇွန်လ ၆ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ သဗြုချောင်းဘက်မှ ဝင်လာသော စစ်ကောင်စီနှင့် BGF များသည် မိုင်း ၃ လုံး နင်းမိခဲ့ပြီး ၅ ဦးခန့် အ ပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း၊ ဇူလိုင်လ ၇ ရက် နံနက် ၁၀ နာရီခန့်တွင် အလယ်စုဘက်မှ ပြောက်ကျားဝင်ရောက်လာသော စစ်တပ်နှင့် BGF များသည် တောင်ပျောက်ကျေးရွာအရှေ့ဘက်သို့ စစ်ကြောင်းထိုးဝင်လာရာ ဖက်ဒရယ်စစ်ကြောင်း၊ ကစယ်ဒိုစစ်ကြောင်းများနှင့် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ပြည်သူ ၁ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၇ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျောက်လှေခါးဘက်မှ ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို DDF တပ်ဖွဲ့၊ တောင်ပိုင်းအင်အားစုတပ်ဖွဲ့၊ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့များက ခုခံတိုက်ခိုက်ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး စစ်ကောင်စီဘက်မှ ၉ ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇူလိုင်လ ၁၅ ရက်နေ့တွင် တောင်ပျောက်ကျေးရွာ၌ စစ်တပ်၊ BDF ပူးပေါင်းတပ်နှင့် ကစယ်ဒိုကျား (KPDF) ကြား တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်အချို့အပါအဝင် ခဲယမ်းများနှင့် BGF များ၏ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ကစယ်ဒိုကျားတပ်ဖွဲ့ထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s