သရက်ချောင်း၌ ၁ လကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ခန့်နှင့် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင် ၈ ဦး ကျဆုံး

၁ လကျော်အတွင်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲမှာ ပြည်သူ့တော်လှန်ရေးတပ်တွေရဲ့ ခုခံတွန်းလှန်စစ်ကြောင့် စစ်ကောင်စီဘက်က အယောက် ၉၀ လောက် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ သရက်ချောင်း PDF ဒေါင်းမင်းစစ်ဆင်ရေးက ထုတ်ပြန်ပါတယ်။

ဇွန် ၃ ရက်ကနေ ဇူလိုင် ၁၀ ရက်နေ့အထိ ဒေါင်းမင်းစစ်ဆင်ရေး၊ ကယ်စဒိုကျား(KPDF)၊ တောင်ပိုင်းမဟာမိတ်ရဲဘော်တွေ၊ ပြည်သူ့ကာကွယ် ရေးဖက်ဒရယ်စစ်ကြောင်းတို့က မဟာမိတ်အနေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ၈ ယောက်ကျဆုံးပြီး ပြည်သူတယောက်လည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

ဇွန် ၃ ရက်နေ့က ဒေါင်းမင်းစစ်ဆင်ရေးနဲ့ ကယ်သဒိုကျား၊ တောင်ပိုင်းမဟာမိတ်ရဲဘော်တချို့တို့ ပူးပေါင်းပြီး သဲချောင်းကြီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတခုကို ဝင်ရောက်တိုက်ခိုင်ရာမှာ စစ်ကောင်စီဘက်က ၁၂ ယောက်သေဆုံး၊ ၁၆ ယောက် ဒဏ်ရာရပြီး စုံစင်ဖျားရွာကို ဆုတ် ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၂ ယောက် ဒဏ်ရာရပြီး သဲချောင်းကြီးမှာ စခန်းထိုင် နယ်မြေစိုးမိုးနိုင်ခဲ့သလို ပျူစောထီးအဖွဲ့ဝင်တွေကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်မှာ စုံစင်ဖျားမီးသတ်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ၂ ယောက်သေဆုံးပြီး လက်နက်ကြီးကျည် ၃ လုံးသိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဇွန် ၂၉ ရက်မှာ စုံစင်ဖျားတောင်ပေါ်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတဲ့အခြေ အနေကိုတော့ မသိရကြောင်း၊ အဲဒီနောက် စစ်ကောင်စီတပ်သား ၄၀၀ လောက်ဟာ စစ်ကြောင်း ၃ ကြောင်းနဲ့ တောင်ပျောက်တိုက်နယ်ထဲကိုဝင်လာခဲ့ပြီး သဲချောင်းကြီးကိုလည်း စစ်ကြောင်းတကြောင်း ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၃ ရက်မှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တို့ဟာ ရေလမ်း ကုန်းလမ်းကနေ လက်နက်ကြီးတွေပစ်ခတ်ပြီး ကျွဲခြံရွာဘက်ကို လာနေတုန်း ပဒေသာမိုင်းတွေ ဖောက်ခွဲတိုက်ခိုက်ခံရလို့ ၁၂ ယောက်သေဆုံး၊ အယောက် ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ ဒေါင်းမင်းစစ်ဆင်‌ရေးက တပ်စိတ်မှုး တယောက် ကျဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင် ၆ ရက်နေ့မှာလည်း သဗြုချောင်းဘက်ကနေ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်တို့ ခြေနင်းမိုင်းကြောင့် ၅ ယောက်လောက် ဒဏ်ရာရခဲ့ပြီး သေဆုံးတဲ့အခြေအနေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ဇူလိုင် ၇ ရက်နေ့က တောင်ပျောက်ရွာကိုဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်တို့နဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တို့ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်ဘက်က ၇ ယောက်သေဆုံးခဲ့သလို ဖက်ဒရယ်စစ်ကြောင်းက ရဲဘော် ၂ ယောက်ကျဆုံးပြီး ပြည်သူတယောက်လည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့မှာတော့ ကျောက်လှေကားကဝင်လာတဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်တို့နဲ့ တောင်ပိုင်းအင်အားစု၊ ဒေါင်းမင်းစစ် ဆင်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်ဘက်က ၉ ယောက်သေဆုံး၊ ၃ ယောက် ဒဏ်ရာရသလို ပြည်သူ့ကာ ကွယ် ရေး မဟာမိတ်ဘက်က ၅ ယောက် ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s