ဟင်္သာတမြို့အဝင်အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်နှင့်ရဲများက ငွေကြေးမတရားတောင်းယူမှုများ ပြုလုပ်နေ

ဧရာဝတီတိုင်း ဟင်္သာတမြို့ရှိ မြို့အဝင်အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်များနှင့်ရဲများက အုပ်စုဖွဲ့ ကာ ငွေကြေးမတရားတောင်းယူမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဟင်္သာတမြို့ လယ်တော်စစ်ဆေးရေးဂိတ်နှင့် လယ်တီကွင်းစစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူ များထံမှ ငွေကြေးမတရားတောင်းယူမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

လယ်တော်ဘက်က ဇလွန်ဘက်ကိုထွက်တဲ့ဂိတ်ပါ လယ်တီကွင်းဘက်ကတော့ အင်္ဂပူဘက်ကိုထွက်တဲ့ ဂိတ် ၊ အဲ့ဒီဂိတ်နှစ်ဂိတ်မှာ စစ်သားနဲ့ရဲတွေက ဆိုင်ကယ်တွေနဲ့ ကားတွေကို တားပြီးဖုန်းတွေကိုစစ်တယ်။ တော်လှန်ရေးနဲ့ ပတ်သတ်တာတွေ၊ NLD၊ NUG နဲ့ပတ်သတ်တာတွေတွေ့ရင် တောင်းချင်သလောက်ကို တောင်းနေကြတယ်” ဟု ဒေသခံကပြောသည်။

၎င်းအပြင် ဆိုင်ကယ်လိုင်စင်၊ ဘက်မှန်၊ ယာဥ်မောင်းလိုင်စင်၊ဆိုင်ကယ်ဦးထုပ်နှင့် ဆိုင်ကယ်နံပါတ်ပြား မပါပါက ငွေကြေးအများအပြားတောင်း ယူပြီးမှသာ သွားခွင့်ပြုကြောင်း အဆိုပါဒေသခံက ဆက်လက် ပြောကြားသည်။

“ ဆိုင်ကယ်လိုင်စင်တို့ ဦးထုပ်တို့ ဘက်မှန်တို့မပါရင် နည်းမျိုးစုံရစ်ပြီး ပိုက်ဆံတောင်းတယ်။ အရင်တုန်း ကလို ဆိုင်ကယ်အဖမ်းခံရရင် တ ရားရုံးကိုသွားဖို့၊ ဒဏ်ငွေဆောင်ဖို့ ဖြတ်ပိုင်းလဲမပေးတော့ဘူး။ တောင်း ချင်သလိုတောင်းပြီး အကုန်အိတ်ထဲထည့်နေကြတာပါ” ဟု ၎င်းကဆိုသည်။

ထိုသို့ ငွေကြေးမတရားတောင်းယူနေမှုများကို ဟင်္သာမြို့နယ်စစ်ကောင်စီနှင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ပိုင်းတာဝန်ရှိသူများကသိရှိသော် လည်း အရေးယူခြင်းတစ်စုံတစ်ရာမရှိကြောင်း ဒေသခံများ၏ပြောကြား ချက်အရ သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s