ကနီတွင် ကျေးရွာများကို မီးရှို့နေသည့် စစ် တပ်ကို ခုခံ တိုက်ခိုက်ခဲ့သည့် ပြည်သူ့ ကာ ကွယ်ရေး တပ်ဖွဲ့များကို ပြည်သူများက အောင်သပြေပန်းများဖြင့် ကြို ဆို

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ ငဖျက်နှင့် ပန်းဆိုင်း ရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ်အား ခုခံတိုက်ခိုက်ပြီး ပြန်လာသည့် MDF -Special Force နှင့် ဒေသခံ ပကဖ တပ်ဖွဲ့ ဝင်များကို ပြည်သူများက အောင် သပြေပန်းများဖြင့် ကြိုဆိုကြကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၂၃ ရက်နေ့တွင် အင်အား ၇၀ ခန့်ဖြင့် ကနီမြို့နယ် ငဖျက်နှင့် ပန်းဆိုင်းရွာကို ဝင်ရောက် မီး ရှို့‌ချိန်၌ MDF -Special Force နှင့် ဒေသခံ ပကဖ တပ်ဖွဲ့ များမှ ခုခံ တိုက်ထုတ်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ၁ နာရီခ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ကာ MDF- Special Force မှ စနိုက်ပါ၊ 40mm၊ ရှော့တိုက် Rocket များဖြင့် ပစ်ခတ်ခဲ့ပြီး စစ်သား ၅ ဦးခန့်ကို MDF – Special Force တပ်ဖွဲ့၏ စနိုက်ပါ သမားများ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို MDF- Special Force၊ MDF – အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ နှင့် ကနီမြို့နယ် ပကဖတပ်ဖွဲ့ များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s