ကလေးမြို့ လူဝင်မူကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ၏ နေအိမ် လက်ပစ်ဗုံးပစ်သွင်းခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ညောင်ပင်သာရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်လူဝင်မူကြီးကြပ်ရေးဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦး၏နေအိမ်အတွင်းသို့ Kalay Underground (KUG) အဖွဲ့မှ ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၅ နာရီ အချိန်ခန့်က လက်ပစ်ဗုံး တစ် လုံး ပစ်သွင်းပြီး သတိပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သတိပေးရခြင်းမှာ အကြမ်းမဖက်အနုနည်းဖြင့် အာဏာဖီဆန်မှု (CDM)တွင် မပါဝင်ခြင်း၊ အများပြည်သူများ နိူင်ငံသားစိစစ်ရေးကဒ်ပြုလုပ်ရာတွင် လာဘ်ငွေတောင်းခံမှု ပြုလုပ်ခြင်းတို့ကြောင့် သတိပေးခြင်းအနေနှင့်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း KUG အဖွဲ့က အသိပေးထား သည်။
”ကလေးမြို့ လဝကရုံးက ငွေတောင်းတာ အရမ်းရက်စက်တယ်၊ အိမ်ထောင်စု စာရင်းလုပ်ရင် ၇၀,၀၀၀ လောက်တောင်းတယ်၊ မှတ်ပုံတင်တွေလည်း အဲ့လိုပဲ၊ ဒါ့ကြောင့် လဝကရုံးက တာဝန်ရှိသူတစ်ဦးရဲ့နေအိမ်ကို သတိပေးတဲ့အနေနဲ့ ဗုံးပစ်သွင်းလိုက်တာပါ၊ မြို့ထဲ ကင်းများတဲ့ ကြားထဲကနေ ဝင်လုပ်ရတာဆိုတော့ ပစ်ပီးတာနဲ့ တန်းသုတ်ရတာ။” ဟု KUG အဖွဲ့က ပြောသည်။
အဆိုပါ မြို့နယ်လူဝင်မူကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ၏နေအိမ်အတွင်းသို့ လက်ပစ်ဗုံးပစ်သွင်းမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးကြောင်း Kalay Underground (KUG) အဖွဲ့က ဆိုသည်။ mizzima