ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်စီရင်လိုက်ပြီဟုအကြမ်းဖက် စစ်ကောင်စီထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ် ပြစ်ဒဏ် ချမှတ်ခံထားရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို ပြစ်ဒဏ် စီရင်လိုက်ပြီ ဖြစ်ကြောင်းယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတွင် ထုတ်ပြန် ဖော်ပြထားသည်။

အင်းစိန်ထောင်သတင်းရပ်ကွက်များကမူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို ရက်ပိုင်းအတွင်း သေဒဏ် စီရင်ပြီးနောက် အကျဉ်း ထောင်အတွင်း လုံခြုံရေး တင်းကျပ်ထားကြောင်း ပြောဆိုကြသည်။

“ဝန်ထမ်းတွေလည်း ၂ ရက်ရှိပြီအပြင်ပေးမထွက်။ အပြင်လူလည်းပေးမဝင်ဘူး။ သေဒဏ် စီရင်တာကို သိတာ ၅ယောက်ပဲ ရှိတာပြောတယ်။ ဟိုရက်က မိသားစုနဲ့ပေးတွေ့တာကလည်း နောက်ဆုံးအခွင့်ရေးပေးတာလို့ ပြောတယ်။သတင်းကအပြင်လုံးဝ ထွက်မလာလို့ပါ” ဟု အင်းစိန် ထောင်သတင်းရပ်ကွက်က ပြောသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s