ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် တော်လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ်ပေးမှု မင်းအောင်လှိုင်ကို တရားစီရန် နှင့် ပြေးစရာ မြေ တစ်လက်မမှ မရှိစေရဟု NUG ကာ ကွယ်ရေးဝန်ကြီး ဦးရည်မွန် ကြုံးဝါး

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစီရင်ရန်နှင့် ပြေးစရာ မြေ တစ်လက်မမှ မရှိစေရဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီး ဦးရည်မွန်က မှတ်ချက်ပြု ရေးသားလိုက်သည်။
“မင်းအောင်လှိုင်ကို တရားစီရင်လို့ မပြီးမချင်း ဒီတော်လှန်ရေး မပြီး။ ပြေးစရာမြေ တစ်လက်မမှ မရှိစေရ ကမ္ဘာဆုံးအောင် လိုက်မယ်” ဟု ယနေ့ လူမှုကွန်ရက်တွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရေးသားထားခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်လိုက်ကြောင်း တရား ဝင် သတင်းထုတ်ပြန်ပြီးနောက် မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ khit kthit