စနဲစခန်းမှူး ဖမ်းဆီးခံရမှုကြောင့် စနဲမြို့ဒေသခံ ၁၀ ဦးကို စစ်တပ်ဖမ်းဆီး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့စခန်းမှူးကို ရက္ခိုင့်တပ်တော် (အေအေ) က ဇူလိုင် ၂၄ ရက် မနက် ၇ နာရီခွဲက ဖမ်းဆီးသွားပြီးနောက် စနဲမြို့ခံ  ၁ဝ ဦးကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးနေတယ်လို့ စနဲမြို့ဒေသခံတွေက ပြောပါတယ်။

စနဲ့မြို့ဒေသခံတဦးက​ “စခန်းမှူးကို မနက် ၇ နာရီကျော်လောက်မှာ စျေးလာဝယ်တဲ့အချိန်မှာ အေအေက ဖမ်းသွားတာလို့ သိရတယ်။ ဒါကြောင့် စနဲ့မြို့က အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၆ ဦး ကို မသင်္ကာမူနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်” လို့ ပြောပါတယ်။

စနဲစခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းကို ဆိုင်ကယ်နဲ့ ဈေးဝယ်လာစဉ် အေအ‌ေဘက်က ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံ မျက်မြင်တွေက ပြောပါတယ်။

ဒေသခံတဦးက “စခန်းမှူးက ဆိုင်ကယ်နဲ့ ဈေးလာဝယ်တော့ အရပ်ဝတ်နဲ့ လူ သုံးဦးက ဖမ်းခေါ်သွားတာ မြင်လိုက်တယ်။ လူတွေပြောကြတာတော့ အေအေက ဖမ်းတာလို့ ပြောကြတယ်” လို့ ပြောပါတယ်။

စနဲစခန်းမှူး ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရှိသူ ဦးခိုင်သုခကို မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ ၂ လအတွင်း ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်နီမော်၊ မောင်တော နှင့် စနဲမြို့တွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ယောက် နဲ့ ရဲတပ်ဖွဲ့ဝင် ၂၂ ယောက်ကို ရက္ခိုင့်တပ်တော်  (အေအေ) က ဖမ်းဆီးထားတယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s