ဓာတ်အား စနစ် ချို့ယွင်းမှုဖြစ်ပေါ်၍ နိုင်ငံတစ်ဝန်း ပြည်နယ်/တိုင်း အားလုံးနီးပါးတွင် လျှပ်စစ်မီးများ ပြတ်တောက်
နိုင်ငံ၏ ဓာတ်အား စနစ် ချို့ယွင်းမှုဖြစ်ပေါ်၍ နိုင်ငံတစ်ဝန်း ပြည်နယ်/တိုင်း အားလုံးနီးပါးတွင် ယနေ့ည ၁၁ နာရီ ၂၁ မိနစ်အချိန်တွင် လျှပ်စစ်မီးများ ပြတ်တောက်သွားကြောင်း ပြည်သူများနှင့်လျှပ်စစ်ဌာနထံမှ သိရှိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကမူ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယ နေ့ဇူလိုင်လ ၂၄ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်အချိန် ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွင်း ယာယီ ဓာတ်အားပြတ်တောက်နေပါကြောင်းနှင့် ဓာတ် အားပြန်လည် ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု တရားဝင် အသိပေးချက်ထုတ်ပြန်သည်။
ရန်ကုန်တိုင်း၊ မြို့နယ်အများအပြားတွင် ယနေ့ ည ၁၁ နာရီ ၂၁ မိနစ်အချိန်တွင် မီးများ ပြတ်တောက်သွားကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်က လတ်တလောရရှိထားသော စာရင်းများအရ မီးပြတ်နေသော မြို့နယ်များမှာ ကမာရွတ်၊ လှိုင်၊ စမ်းချောင်း၊ သုံးခွ၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာပ ၊ ရွှေပြည်သာ၊ သန်လျင်၊ တောင်ဥက္ကလာပ ၊ မရမ်းကုန်း၊ အင်းစိန်၊ ရန်ကင်း အပါအဝင် မြို့နယ်အများစုပါဝင်နေကြောင်း သိရှိရသည်။
ကချင်ပြည်နယ်၊ ဧရာ၀တီတိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူး၊ မော်လမြိုင်၊ဘားအံ၊ ရေနံချောင်း၊ ချောက်၊ မုဒုံ၊ မကွေး၊ တောင်ကြီး၊ စစ်ကိုင်း၊ နေပြည် တော်နှင့် မန္တလေးတို့တွင်လည်း လက်ရှိတွင် မီးများပြတ်တောက်နေသည်ဟု ပြည်သူများက ပြောသည်။
လက်ရှိ မီးပြတ်သောနေရာအများစုမှာ တစ်နိုင်ငံလုံးနီးပါး ပြည်နယ်၊ တိုင်း အားလုံးနီးပါး ပါဝင်နေကြောင်း သိရှိရသည်။
ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၀၀ နာရီ ၁၀ မိနစ်အချိန် နေပြည်တော်နှင့် မန္တ လေး မြို့နယ်တချို့တွင်လည်းကောင်း၊ ရန်ကုန်တွင် နံနက် ၁ နာရီဝန်းကျင်အချိန်တွင် လည်းကောင်း လျှပ်စစ်မီးပြန်လည်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။ khit thit