ဗန်းမောက်မြို့နယ်အတွင်းရှိ လမ်းများအား ညအချိန်အသုံးမပြုရန် မြို့နယ် (ပကဖ) ကြေ ညာ

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း၌ စစ်ရေးအခြေအနေများတင်းမာနေသောကြောင့် မြို့နယ်အတွင်းရှိလမ်းများအား ညပိုင်းအချိန်တွင်အသုံးမပြုရန် ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)က ကြေညာထားသည်။

ဗန်းမောက်-အင်းတော်လမ်းနှင့်ဗန်းမောက်မြို့နယ်အတွင်းမှ လမ်းများကို ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှ စ၍ ညပိုင်းအချိန်တွင် လုံး၀အသုံးမပြုရန် ကြေညာထားခြင်းဖြစ်ပြီး မည်သည့်ယာဥ်များမဆို ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း အသုံးမပြုရန်ဆိုထားသည်။

“ကုန်တင်ယာဉ်များ၊ ခရီးသွားယာဉ်များနှင့် မည်သည့်ယာဉ်များမဆို ရပ်ဝေး၊ ရပ်နီး ခရီးသွားလာပါက ကားမှန်တင်၍သော်လည်းကောင်း၊ မိုးကားများအုပ်၍သော်လည်းကောင်း မောင်းနှင်ဖြတ်သန်းခြင်း မပြု ရန်နှင့် လိုက်နာခြင်းမရှိသည့်ခရီးသွားယာဉ်များ ထိခိုက်ပျက်စီးမှုများရှိပါက တာဝန်ယူမည်မဟုတ် ကြောင်း” အသိပေးထားသည်။

အရေးပေါ် ကျန်းမာရေး အခြေအနေကြောင့် ကန့်သတ်ချိန်အတွင်း ဗန်းမောက် – အင်းတော်လမ်းပိုင်းနှင့် ဗန်းမောက်မြို့နယ်အတွင်းလမ်းများကို အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာနယ်မြေဒေသခံအဖွဲ့များသို့ ဆက်သွယ်ပြီး ထောက်ခံချက်ရမှသာ သွားလာကြရန် ဆိုထားသည်။

အဆိုပါထုတ်ပြန်ချက်အား ရက်အကန့်အသတ်မရှိလိုက်နာရန်ဗန်းမောက် (ပကဖ)က ထုတ်ပြန်ကြေညာ ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s