မြန်မာနိုင်ငံ အကျဉ်းထောင်လက်စွဲပါ သေဒဏ်စီရင်မှုနှင့်ပတ်သက်၍ ညွှန်ကြားချက်

ခန္ဓာကိုယ်အား စစ်ဆေးခြင်းနှင့် စွန့်လွှတ်ပေးအပ်ခြင်းကဏ္ဍတွင်

” ခန္ဓာကိုယ်အား နာရီဝက်တွဲလောင်းရှိနေစေပြီးနောက် ဆရာဝန်ဖြင့် စစ်ဆေးကြည့်ရှုစေရမည်။ ဆရာဝန်မှ အသက်မရှိတော့ကြောင်းကို ကြေ ညာသည်အထိ ခန္ဓာကိုယ်အား ဖြုတ်ယူခြင်း မပြုရ၊ သေဒဏ်ကြိုးပေးခံရသော ရာဇဝတ်သား၏ ခန္ဓာကိုယ်အား ၎င်း၏ ဆွေမျိုးသားချင်းများ (သို့) မိတ်ဆွေများမှ တောင်းဆိုခြင်း မပြုမှသာ မြှုပ်နှံပစ်ရမည်။ ခန္ဓာကိုယ်အား ဆွေမျိုးများ (သို့) မိတ်ဆွေများမှ တောင်ဆိုလာလျှင် ငြင်းဆိုရန် အထူးအကြောင်းကိစ္စမရှိလျှင် (အပိုဒ် ၁၀.၁.၉ – ကြည့်) တံခါးကြီး၏ ပြင်ပသို့ သယ်ဆောင်သွားပြီးနောက် ထိုနေရာတွင် ၎င်းတို့အား ပေး အပ်လိုက်ရမည်။” ဟု ပါရှိသည်။

သို့သော် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်ပေးပြစ်ဒဏ်စီရင်ပြီးဖြစ်သည်ဟု စစ်ကောင်စီက ၄င်းထိန်းချုပ်ထားသော သတင်းစာများမှတဆင့်ထုတ်ပြန်သော်လည်း ကာယကံရှင်မိသားစုဝင်များ မသိရှိဘဲဖြစ်နေသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s