ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ရွာကို အ ကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့၊ နေအိမ် ၃ လုံးနှင့် ဈေးဆိုင်များ မီး လောင်ပြာကျ

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်များက ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့က ဝင်ရောက်ကာ ပြည်သူ့နေအိမ် ၃ လုံးနှင့် ကုန်ခြောက်ဆိုင်၊ ဈေးဆိုင်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောကြားသည်။

“ည ၁၁ နာရီ လူတွေအိပ်ချိန်မှ ဝင်လာတယ်။ နေအိမ် ၃ လုံး၊ ကုန်ခြောက်ဆိုင်၊ ဈေးဆိုင် ပစ္စည်းတွေ မီးရှို့ပစ်ကုန်တယ်။ ဘာမှ မကျန်တော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ ရွာထဲမှ ပြန်ထွက်သွားသော်လည်း ရွာပြင်တွင် စစ်သားများ ရှိနေသေးကြောင်း၊ ရွာသားများမှာ ပြေးနေရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s